Wednesday, January 28, 2026

နမ့်လန်မြို့နယ်အတွင်း နေအိမ်တစ်လုံးမီးလောင်

သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့နယ် အတွင်းရှိ ဝမ်မွမ်းကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၁၂ ရက်နေ့ ဝန်းကျင်တွင် နမ့်လန်မြို့နှင့် ၅ မိုင်ခန့်ကွာဝေး သည့် ဝမ်မွမ်းကျေးရွာတွင် နေအိမ်တစ်လုံးကို မီလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တစ်အိမ်လုံး မီးထဲ ပါသွားကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာကြောင့်မီးလောင်ရတာလဲတော့ မသိရသေးပါဘူး၊ တစ်အိမ်လုံးက မီးထဲ ပါသွားတယ်၊ ဘာပစ္စည်းမှ မရ လိုက်ဘူး၊ လူနဲ့ တိရိစ္ဆာန်ထိခိုက်မှုတော့ မရှိပါဘူး”ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နေအိမ်မီးလောင်မှုအကြောင်းရင်းကို စုံစမ်းနေလျက်ရှိပြီး မီးသတ်တပ်ဖွဲ့နှင့် အဖြူစင် နှလုံးသား လူမှုကူညီရေးအသင်းတို့က လာရောက်ပြီး ကူညီမီးငြိမ်းသတ်ခဲ့ကြောင်းလည်း သတင်းသိရသည်။

ဝမ်မွမ်းကျေးရွာသည် နမ့်လန်မြို့နှင့် ၅ မိုင်ခန့်ကွာဝေးပြီး လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာဖြစ်သည့် အတွက် လျှပ်စစ်ဝါယာကြိုးမှ တခြားသော နေရာ အိမ်များကို ကူးစက်ခြင်းမရှိသော်လည်း မီးလောင်ကျွမ်းသည့် နေအိမ်မှ ဆုံးရှုံးမှု ပမာဏများကိုလည်း မသိရသေးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ လေကြောင်းဗုံးကြောင့်မီးလောင်နေ၊ ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့ စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲခြင်းကြောင့် ဈေးအနီးရှိ ကုန်မာဆိုင်နှင့် နေအိမ်များ မီးလောင်နေပြီး ပိတ်မိပြည်သူ ထိခိုက်သေဆုံးမှုများကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၃ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲသို့...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...