ဒီးမော့ဆို စစ်ရှောင်များနှင့် ဆေးအကူများ ကိုဗစ်-၁၉ ကူးစက်ခံနေရ

ကယားပြည်(ကရင်နီပြည်)အတွင်းရှိ ဒီးမော့ဆို စစ်ဘေးရှောင်စခန်းတစ်ခုတွင် စစ်ဘေးရှောင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးအကူစေတနာ့ဝန်ထမ်း ၂ ဦး ကိုဗစ် – ၁၉ ကူးစက်ခံနေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး စစ်ဘေးရှောင် (၁၀၀)ကျော်ရှိနေသည့် ဒီးမော့ဆိုမှ စစ်ဘေးရှောင် စခန်းတစ်ခုတွင် ကိုဗစ် – ၁၉ ကူးစက်ခံနေရသည့် စစ်ဘေးရှောင် ၂၀ ကျော်ရှိပြီး လက်ရှိတွင် ဖျားနာကာ အနံ့ ပျောက်နေသည့် လူများလည်း များပြားနေကြောင်း သတင်းသိရသည်။

“အရင်တုန်းကတော့ ဒီစခန်းမှာ စစ်ဘေးရှောင်နေတဲ့ သူတွေက ပိုများတယ်၊ တချို့က သူတို့ဘက် တိုက်ပွဲငြိမ်လို့ ပြန်သွားတာလည်းရှိနေတော့ အခုမှာ (၁၀၀)ကျော်ပဲ ရှိနေတယ်၊ အဲ့ (၁၀၀) ကျော်မှာ (၂၀)ကျော်က ကိုဗစ် – ၁၉ ဖြစ်နေတယ်၊ တချို့ကလည်း ဖျားနေတယ်၊ တချို့က အနံ့ပျောက်နေတယ်” ဟု အဆိုပါ စစ်ဘေးရှောင်စခန်းကို ကူညီချိတ်ဆက်ပေးနေသည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ မတိုင်ခင်တွင် အဆိုပါ စစ်ဘေးရှောင်စခန်းအတွင်း ကျန်းမာရေးစောင့် ရှောက်မှုများပေးနေသည့် ဆေးအကူဝန်ထမ်းများ ရှိနေသော်လည်း လက်ရှိတွင် အဆိုပါ ဆေးအကူဝန်ထမ်းများလည်း ကိုဗစ် – ၁၉ ကူးစက်ခံနေရသည့်အတွက် စစ်ဘေးရှောင်စခန်းအတွက် ကျန်းမာရေးလိုအပ်ချက်များ ရှိနေသည့်အပြင် စားရေးသောက်ရေးအတွက်လည်း ခက်ခဲနေကြောင်း သတင်းသိရသည်။

“စစ်ဘေးရှောင်စခန်းဆိုတော့ နေထိုင်စားသောက်ရေးတွေက အဓိက ခက်ခဲနေတယ်၊ ခုက ကိုဗစ် ဖြစ်နေတဲ့သူတွေလည်း ရှိလာတော့ ကျန်းမာရေးအတွက်ရော စားရေးသောက်ရေးရော ခက်ခဲလာတယ်၊ ထောက်ပံ့အလှူပစ္စည်းတွေ ပေးပို့ဖို့ဆိုတာလည်း မလွယ်ဘူး၊ လမ်းမှာ စစ်ကောင်စီက အစစ်ဆေးကြမ်းတယ်၊ ဖမ်းဆီးသတ်ဖြတ်နေတာတွေလည်း အားလုံးသိကြမှာပါ” ဟု တောင်ကြီးမြို့နေ ပရဟိတ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်စခန်းမှ နေရပ်မပြန်နိုင်သေးသည့် ပြည်သူများသည် တောထဲသို့ မြစ်သွားရှာပြီး စားသောက်ရေးကို ဖြေရှင်းနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...