RCSS အပါအဝင် လက်နက်ကိုင်အများစု NCA(၆)နှစ်ပြည့် အခမ်းအနားတက်

စစ်ကောင်စီ ဦးဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် (၆) နှစ်မြောက် အခမ်းအနားကို RCSS/SSA အပါအဝင် လက်မှတ်ထိုးထားသည့် အဖွဲ့များ အများစု တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၁၅) ရက်မှာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ စစ်ကောင်စီ မှ ဦးဆောင်ကျင်းပသည့် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်ခဲ့သည်။

“နေပြည်တော်မှာ လုပ်တဲ့ NCA (၆) နှစ်ပြည့် အခမ်းအနားကို PPST အနေနဲ့ တက်ရောက်ခြင်း မရှိပါဘူး။ PPST ကိုယ်စားလှယ် စေလွတ်တာလဲ မရှိပါဘူး။ အခုကတော့ အဖွဲ့အစည်းအလိုက် မိမိတို့ရဲ့ တစ်ဖွဲ့ချင်းရဲ့ သဘောထားတွေအရ ဆုံးဖြတ်ချက်တွေအရပဲ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ စစ်ကောင်စီက PPST ကို ဖိတ်ကြားလာတာ မရှိပါဘူး။ တစ်ဖွဲ့ချင်းကို ဖိတ်ကြားတာဖြစ်ပါတယ်” ဟု PPST ၏ ပြောခွင့်ရ ခွန်မြင့်ထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီ အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့်လက်နက်ကိုင်တပ်ဖွဲ့များကို အခမ်းအနား ဖိတ်ကြားထားသည့် ပုံစံ မတူညီတော့ကြောင်း၊ ယခင်တွင် PPST ကို တိုက်ရိုက်ဖိတ်ကြားခဲ့ပြီး PPST ဆုံးဖြတ်ပြီးမှ သာ အခမ်းအနားကို သွားလေ့ရှိကြောင်း ခွန်မြင့်ထွန်း က ပြောသည်။

နေပြည်တော်မှာ ကျင်းပပြုလုပ်သည့် (၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ အနက် (၈) ဖွဲ့ တက်ရောက်မည်ဖြစ်ပြီး တစ်ချို့ အဖွဲ့အစည်းမှာ အွန်လိုင်းမှ တဆင့် တက်ရောက်သွားမည်ဖြစ်ကြောင်း RCSS ၏ သတင်း နှင့် ပြန်ကြားရေး (Tai Freedom – Burmese Version) မှာ ရေးသားထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) အနေဖြင့် ကိုယ်စားလှယ် (၄) ဦး နေပြည်တော်သို့ သွားတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ (၉ )ရက် စစ်ကောင်စီ လက်အောက်ခံ မြန်မာအလင်း သတင်းစာတွင် ဆောင်းပါးရှင် မင်းခန့်ရေးထားထားသည့် “အစွန်းရောက်အကြမ်းဖက်ဝါဒ မုချကျဆုံးစေရမည် ”ဆောင်းပါးတွင် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အပါအဝင် ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ နှင့် ချင်းအမျိုးသား တပ်ဦး (CNF)တို့ကို အကြမ်းဖက် မှုများ ပေါ်ပေါက်စေရန် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့ဟု ထည့်သွင်းရေးထားခဲ့သည်။

တောထဲတနေရာတွင် RCSS တပ်မဟာ (၇၀၇) ၏ အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းပေးနေသည် ဟု ထည့်သွင်းရေးသားထားသည်။

ယနေ့ ကျရောက်သည့် NCA (၆)နှစ်မြောက် နေ့မှာလည်း စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်း ထားသော နိုင်ငံရေး ပါတီများ အားလုံး ခြွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးပြီး နိုင်ငံရေး မတူညီမှုများ ဆွေးနွေး အဖြေရှာရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ယနေ့ကျရောက်သည့် NCA (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အနေဖြင့် ငြိမ်းချမ်းရေး ကို ရှေ့ရှုကာ တိုင်းရင်းသားနက်ကိုင် တပ်ဖွဲ့ အသီးသီးနှင့် ချိတ်ဆက် ဆက်စပ်သူ (၁၁၄)ဦးကို အမှုမှ ပိတ်သိမ်းပေးခဲ့ကြောင်း စစ်ကောင်စီမှ ယနေ့(အောက်တိုဘာ ၁၅)ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမှု ပိတ်သိမ်းခဲ့သူ (၁၁၄)ဦးတွင် RCSS/SSA မှ (၁၂)ဦး၊ SSPP/SSA မှ (၅)ဦး၊ KIA မှ (၂၃)ဦး ၊ KNU/KNLA (PC)မှ တဦး၊ MNDAA မှ (၁)ဦး၊ TNLA မှ(၁၁)ဦး နှင့် AA မှ (၂၃)ဦးတို့ပါဝင်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ၂၀၁၅ အောက်တိုဘာ (၁၅) ရက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့ နှင့်အတူ အစိုးရ၊ လွှတ်တော်၊ တပ်မတော် တို့ ပါဝင်လျက် နိုင်ငံတကာသံတမန်များရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

လက်မှတ်ရေးထိုးရာတွင် အသိသက်သေများအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စစ်အာဏာသိမ်းခဲ့ပြီး NLD အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသည့် လူငယ်များ ပြည်သူများလည်း စစ်ကောင်စီမှ သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းကို ယနေ့ထိတိုင်းပြုလုပ်ခဲ့သည်။

ထို့ကြောင့် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံရေး ရှုပ်ထွေးနေချိန် စစ်အာဏာရှင်ကို ဖြုတ်ချရန် ပြည်သူများကြိုးစားနေချိန် စစ်ကောင်စီ မှ ကျင်းပသည့် NCA (၆)နှစ်မြောက် အခမ်းအနား ကို NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တချို့တက်ရောက်နေသည့်အပေါ် ပြည်သူများက မေးခွန်းထုတ်လိုက်သည်။

“ စစ်ကောင်စီ ကို ပြည်သူတွေက ကန့်ကွက် ရှုံ့ချ နေတယ်။ စစ်ကောင်စီ က ပြည်သူတွေကို နှိပ်စက်မှုတွေ ပြုလုပ်နေတဲ့ကြား NCA အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်တွေ တက်တော့ ကျနော်တို့ ဘာပြောရမှန်းတောင်မသိတော့ဘူး” ဟု အမည်မဖော်လိုသည့် သျှမ်းလူငယ်တစ်ဦးက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...