Wednesday, January 28, 2026

RCSS အပါအဝင် လက်နက်ကိုင်အများစု NCA(၆)နှစ်ပြည့် အခမ်းအနားတက်

စစ်ကောင်စီ ဦးဆောင်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် (၆) နှစ်မြောက် အခမ်းအနားကို RCSS/SSA အပါအဝင် လက်မှတ်ထိုးထားသည့် အဖွဲ့များ အများစု တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၁၅) ရက်မှာ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနမှာ စစ်ကောင်စီ မှ ဦးဆောင်ကျင်းပသည့် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်ခဲ့သည်။

“နေပြည်တော်မှာ လုပ်တဲ့ NCA (၆) နှစ်ပြည့် အခမ်းအနားကို PPST အနေနဲ့ တက်ရောက်ခြင်း မရှိပါဘူး။ PPST ကိုယ်စားလှယ် စေလွတ်တာလဲ မရှိပါဘူး။ အခုကတော့ အဖွဲ့အစည်းအလိုက် မိမိတို့ရဲ့ တစ်ဖွဲ့ချင်းရဲ့ သဘောထားတွေအရ ဆုံးဖြတ်ချက်တွေအရပဲ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ စစ်ကောင်စီက PPST ကို ဖိတ်ကြားလာတာ မရှိပါဘူး။ တစ်ဖွဲ့ချင်းကို ဖိတ်ကြားတာဖြစ်ပါတယ်” ဟု PPST ၏ ပြောခွင့်ရ ခွန်မြင့်ထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်ကောင်စီ အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့်လက်နက်ကိုင်တပ်ဖွဲ့များကို အခမ်းအနား ဖိတ်ကြားထားသည့် ပုံစံ မတူညီတော့ကြောင်း၊ ယခင်တွင် PPST ကို တိုက်ရိုက်ဖိတ်ကြားခဲ့ပြီး PPST ဆုံးဖြတ်ပြီးမှ သာ အခမ်းအနားကို သွားလေ့ရှိကြောင်း ခွန်မြင့်ထွန်း က ပြောသည်။

နေပြည်တော်မှာ ကျင်းပပြုလုပ်သည့် (၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ အနက် (၈) ဖွဲ့ တက်ရောက်မည်ဖြစ်ပြီး တစ်ချို့ အဖွဲ့အစည်းမှာ အွန်လိုင်းမှ တဆင့် တက်ရောက်သွားမည်ဖြစ်ကြောင်း RCSS ၏ သတင်း နှင့် ပြန်ကြားရေး (Tai Freedom – Burmese Version) မှာ ရေးသားထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) အနေဖြင့် ကိုယ်စားလှယ် (၄) ဦး နေပြည်တော်သို့ သွားတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လွန်ခဲ့သည့် အောက်တိုဘာ (၉ )ရက် စစ်ကောင်စီ လက်အောက်ခံ မြန်မာအလင်း သတင်းစာတွင် ဆောင်းပါးရှင် မင်းခန့်ရေးထားထားသည့် “အစွန်းရောက်အကြမ်းဖက်ဝါဒ မုချကျဆုံးစေရမည် ”ဆောင်းပါးတွင် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA အပါအဝင် ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ နှင့် ချင်းအမျိုးသား တပ်ဦး (CNF)တို့ကို အကြမ်းဖက် မှုများ ပေါ်ပေါက်စေရန် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့ဟု ထည့်သွင်းရေးထားခဲ့သည်။

တောထဲတနေရာတွင် RCSS တပ်မဟာ (၇၀၇) ၏ အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းပေးနေသည် ဟု ထည့်သွင်းရေးသားထားသည်။

ယနေ့ ကျရောက်သည့် NCA (၆)နှစ်မြောက် နေ့မှာလည်း စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်း ထားသော နိုင်ငံရေး ပါတီများ အားလုံး ခြွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးပြီး နိုင်ငံရေး မတူညီမှုများ ဆွေးနွေး အဖြေရှာရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် ယနေ့ကျရောက်သည့် NCA (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အနေဖြင့် ငြိမ်းချမ်းရေး ကို ရှေ့ရှုကာ တိုင်းရင်းသားနက်ကိုင် တပ်ဖွဲ့ အသီးသီးနှင့် ချိတ်ဆက် ဆက်စပ်သူ (၁၁၄)ဦးကို အမှုမှ ပိတ်သိမ်းပေးခဲ့ကြောင်း စစ်ကောင်စီမှ ယနေ့(အောက်တိုဘာ ၁၅)ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမှု ပိတ်သိမ်းခဲ့သူ (၁၁၄)ဦးတွင် RCSS/SSA မှ (၁၂)ဦး၊ SSPP/SSA မှ (၅)ဦး၊ KIA မှ (၂၃)ဦး ၊ KNU/KNLA (PC)မှ တဦး၊ MNDAA မှ (၁)ဦး၊ TNLA မှ(၁၁)ဦး နှင့် AA မှ (၂၃)ဦးတို့ပါဝင်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ၂၀၁၅ အောက်တိုဘာ (၁၅) ရက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၇) ဖွဲ့ နှင့်အတူ အစိုးရ၊ လွှတ်တော်၊ တပ်မတော် တို့ ပါဝင်လျက် နိုင်ငံတကာသံတမန်များရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

လက်မှတ်ရေးထိုးရာတွင် အသိသက်သေများအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စစ်အာဏာသိမ်းခဲ့ပြီး NLD အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသည့် လူငယ်များ ပြည်သူများလည်း စစ်ကောင်စီမှ သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်းကို ယနေ့ထိတိုင်းပြုလုပ်ခဲ့သည်။

ထို့ကြောင့် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံရေး ရှုပ်ထွေးနေချိန် စစ်အာဏာရှင်ကို ဖြုတ်ချရန် ပြည်သူများကြိုးစားနေချိန် စစ်ကောင်စီ မှ ကျင်းပသည့် NCA (၆)နှစ်မြောက် အခမ်းအနား ကို NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တချို့တက်ရောက်နေသည့်အပေါ် ပြည်သူများက မေးခွန်းထုတ်လိုက်သည်။

“ စစ်ကောင်စီ ကို ပြည်သူတွေက ကန့်ကွက် ရှုံ့ချ နေတယ်။ စစ်ကောင်စီ က ပြည်သူတွေကို နှိပ်စက်မှုတွေ ပြုလုပ်နေတဲ့ကြား NCA အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်တွေ တက်တော့ ကျနော်တို့ ဘာပြောရမှန်းတောင်မသိတော့ဘူး” ဟု အမည်မဖော်လိုသည့် သျှမ်းလူငယ်တစ်ဦးက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...