Wednesday, January 28, 2026

လားရှိုးမြို့နယ်တွင်း ကိုဗစ်- ၁၉ မစစ်ဆေးပါက ဒဏ်ငွေရိုက်မည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုပိတ်‌ကျေးရွာအုပ်စုထဲတွင် ကိုဗစ်-၁၉ ပိုးမစစ်ဆေးပါက ဒဏ်ငွေရိုက်မှု ပြုလုပ်ကြောင်း သတင်းရရှိသည်။

ဟိုပိတ်ကျေးရွာအုပ်စုထဲ ဥက္ကဌ နှင့် ရွာသူကြီးများက ပြည်သူများအားလုံးကို ကိုဗစ်-၁၉ စစ်ဆေးခိုင်းပြီး၊ မစစ်ဆေးပါက ဒဏ်ငွေ (သို့မဟုတ်) ရိုက်ဒဏ်ခံရမည်ဖြစ်သောကြောင့် ပြည်သူများက သွားရောက်စစ်ဆေးရကြောင်း သိရသည်။

“ ကိုဗစ် -၁၉ ပိုးရှိမရှိဆိုပြီး စစ်ဆေးခိုင်းတာတဲ့။ မစစ်တဲ့သူတွေကို ပိုက်ဆံကောက်တာ၊ ရိုက်တာတွေရှိတယ်။ တချို့က လယ်ထဲမှာဘဲ သွားနေတဲ့သူရှိတယ်။ သူတို့ကဘယ်မှာ မသွားတဲ့သူကိုလည်း မရ ရအောင်ခေါ်စစ်တယ်။ စစ်ပြီးတော့ ကိုဗစ်ပိုးရှိလာ၊ မရှိလားလည်း အဖြေမပေးကြည့်ဘူး” ဟု လားရှိုးမြို့နယ်အတွင်းနေထိုင်သူူတစ်ဦး က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ထိုသို့ ကိုဗစ် ၁၉ ပိုးစစ်ဆေးပြီးနောက်ပိုင်း Quarantine သွားရောက်ဝင်ရသူများရှိပြီး၊ တချို့တွင် တစ်မိသားစုလုံး သွားရကြောင်း၊ Quarantine ဝင်ချိန်တွင် နေအိမ်အတွက် ဥက္ကဌ ဘက်မှ တာဝန်မယူပေးနိုင်ကြောင်း ဒေသခံတဦးက ပြောသည်။

“ စစ်ပြီး အဖြေပေးမကြည့်တာကို လက်မခံနိုင်တာ။ ပိုးရှိပြီး သွားရရင်လည်း ကျမတို့ သွားမှာပါ။ အခုက ပိုးရှိလား ၊မရှိဘူးလား မသိရဘူး။ တချို့ဆို Quarantine တစ်အိမ်လုံးသွားဝင်ရတယ်။ သွားဝင်ရတော့ နေအိမ်မှာ ဘာဖြစ်မလဲ မသိရတော့ ဥက္ကဌတွေဘက်ကလည်း တာဝန်မယူပေးနိုင်ဘူးလို့ပြောတယ်။” ဟု ဟိုပိတ်ကျေးရွာ အုပ်စုထဲတွင် နေထိုင်သည့် သူက ပြောသည်။

ကိုဗစ် ၁၉ ပိုးစစ်ဆေးပြီးနောက်ပိုင်း Quarantine သွားရောက်သူ အများအပြာရှိနေပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...