လားရှိုး အကျဉ်းထောင်မှ ပြန်လွတ်လာသူများ ခံဝန်ကတိထိုးရ
SHAN -
စစ်ကောင်စီ မှ မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး ပြန်လွတ်မြောက်လာသည့်သူများကို နောက်နောင် အလားတူ မပြုလုပ်ရန် ခံဝန်ကတိထိုးခဲ့သဖြင့် အနေအထိုင် လွတ်လပ်မှုမရှိနိုင်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်)တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးချုပ်နှောင်ထားသည့် လားရှိုးအကျဥ်းထောင်မှ ပြည်သူ (၁၁)ဦးကို လွှတ်ပေးခဲ့ပြီး၊ ထိုသူများသည် ခံဝန်ကတိထိုးခိုင်းပြီး လွှတ်ပေးကြောင်းနှင့်...
နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၁၉) မနက် ၇ နာရီ ဝန်ကျင်းတွင် နေအိမ်တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။ “ အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။...
စစ်ကောင်စီမှ မတရားဖမ်းထားသူ လားရှိုးထောင်မှ ၁၁ ဦးပြန်လွှတ်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးအကျဥ်း ထောင်မှ စစ်ကောင်စီ မှ မတရားဖမ်းဆီးခြင်းခံထားရသူထဲမှ ( ၁၁) ဦး ပြန်လွှတ်လာကြောင်း သတင်းရရှိသည်။ ပြန်လွတ်လာသူများသည် မိုင်းရယ်မြို့ နှင့် တန့်ယန်းမြို့တို့မှ တစ်ဦးစီပါဝင်ပြီး လားရှိုးမြို့မှ ၉ ဦးပါဝင်ပြီး၊ထိုထဲတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ၎င်းတို့...
နမ့်ခမ်းမြို့နယ် တရုတ်ဘက်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးထပ်မံခတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာဘက်တွင် တရုတ်နိုင်ငံမှ ကိုဗစ် - ၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီး နယ်မြေကျော်ကာ ခြံစည်းရိုးထပ်မံလာခတ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ (အောက်တိုဘာ ၁၈) တရုတ်နိုင်ငံမှ တတိယအထပ် ခြံစည်းရိုးကို ထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။ “သူတို့ ခြံစည်းရိုးလာခတ်တာ (၃)ထပ်လောက်ရှိနေပြီ။ အလယ်တခုက...
ကျောက်မဲရောက် စစ်ရှောင်ကိုယ်ဝန်သည် မီးဖွားရန် အခက်ခဲကြုံ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် စစ်ရှောင်ရောက်ရှိနေသည့် ကိုယ်ဝန်သည်များ မီးဖွားရန် အခက်ခဲကြုံနေရသည့်အပြင် စောင်နှင့် အနွေးထည်များပါ လိုပ်နေတာဖြစ်ကြောင်း သိရသည်။ ကျောက်မဲ မိုင်းတင်းကျေးရွာအုပ်စုထဲရှိ မိုင်းတင်းနှင့် ဗြိန်းခါးစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည်နှစ်ဦး ရှိနေပြီး မီးဖွားရန် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။ “ဗြိန်းခါးက တစ်ယောက်က ကိုယ်ဝန် (၉)လရှိပြီ၊ မွေးဖို့ နီးနေပြီ၊...
သျှမ်းတောင် Non CDM ပညာရေးဝန်ထမ်း (၄၂)ဦးကို အထူးမွမ်းမံသင်တန်းတက်ရန် စစ်ကောင်စီ ညွှန်ကြား
SHAN -
သျှမ်းပြည် တောင်ပိုင်း မြို့ရွာများရှိ Non CDM ဆရာ၊ ဆရာမ (၄၂)ဦးကို ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် အခြေခံပညာ ဆရာ၊ ဆရာမ အထူးမွမ်းမံသင်တန်း တက်ရောက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်နယ် ပညာရေးဝန်ကြီးက ညွှန်ကြားလိုက်ကြောင်း သိရသည်။ လာမည့် အောက်တိုဘာလ (၂၁)ရက်နေ့တွင် သျှမ်းပြည်...
မိုင်းကိုင် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင်ထဲမှ ကားတစီး ကျည်ထိ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်စခန်းထဲရှိ ကားတစ်စီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၁၇)ရက် မနက် (၈)နာရီမှ (၁၀)နာရီကျော်ထိ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်း အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “စစ်ရှောင်တွေ နေတဲ့ နေရာနဲ့တော့ နီးတယ်။...
ကိုဗစ် -၁၉ မြင့်တက်နေသည့် ပင်လောင်းမြို့ ဈေးနေ့တွင် လူစည်ကားလျက်ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် ယနေ့ (အောက်တိုဘာ ၁၈ ရက်) ဈေးနေ့တွင် လူများစည်ကားနေကြောင်း စုံစမ်းသိရသည်။ “ အရမ်းများတယ်။ တိုးပြီးတောင်ဝင်ရတယ်။ ဒီနေ့ဈေးနေ့ဆိုတော့ ပိုများတယ်။ အထဲမှာဆိုပိုများတယ်။ တချို့က Mask မတပ်တဲ့သူတွေလည်း ပါတယ်” ဟု ပင်လောင်းမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ သို့သော်...
ပန်ဆိုင်းမြို့နယ် ကိုးကန့် နှင့် စစ်ကောင်စီ တိုက်ပွဲကြောင့် ဒေသခံ တစ်ဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မုံကိုးမြို့ တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ တို့ တိုက်ပွဲကြောင့် ပြည်သူတစ်ဦး ကျည်ထိသေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၁၇) နေ့လည် ၃ နာရီ ဝန်းကျင်က စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)...
ချင်းမိုင်မြို့ ကိုဗစ်မြင့်တက်လာ မြန်မာရွှေ့ပြောင်းလုပ်သားများ ဒုက္ခကြုံနေရ
SHAN -
ချင်းမိုင်မြို့ အထင်ကရ စျေးကြီးများဖြစ်သည့် ကတ်မိန်းမိုင်စျေးအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေပြီး စျေးယာယီပိတ်လိုက်ရသဖြင့် ထိုစျေးတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲ ကြုံနေရကြောင်း သတင်းသိရသည်။ ထို ကက်မိန်းမိုင် (စျေးကြီး)အတွင်းတွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားအများစု မှီတင်းလုပ်ကိုင် စားသောက်နေရသည့် နေရာဖြစ်ပြီး လက်ရှိ ထိုစျေးအတွင်း ကိုဗစ်-၁၉ မြင့်တက်မှုကြောင့် စျေးကို...






