Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ် တရုတ်ဘက်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးထပ်မံခတ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာဘက်တွင် တရုတ်နိုင်ငံမှ ကိုဗစ် – ၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီး နယ်မြေကျော်ကာ ခြံစည်းရိုးထပ်မံလာခတ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ (အောက်တိုဘာ ၁၈) တရုတ်နိုင်ငံမှ တတိယအထပ် ခြံစည်းရိုးကို ထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။

“သူတို့ ခြံစည်းရိုးလာခတ်တာ (၃)ထပ်လောက်ရှိနေပြီ။ အလယ်တခုက အရမ်းမြင့်တယ်။ ပေ ၂၀ လောက်ရှိတယ်။ အခုက တတိယ တခု ထပ်လာခတ်တာ။ အရင်ကတည်းက ခတ်နေတာပဲ” ဟု နောင်ခမ်းကျေးရွာ ဒေသခံတဦးက ပြောသည်။

တရုတ်က နိုင်ငံ ကျူး‌ကျော်ဝင်ရောက်မှာကို စိုးရိမ်နေကြောင်း၊ ကိုဗစ် – ၁၉ ရောဂါ ပြန့်ပွားမှုကို အကြောင်းပြပြီး လာရောက် ခြံစည်းရိုးခတ်နေတာဖြစ်ကြောင်း သိရသည်။

“သူတို့ ခြံစည်းရိုးလာလာခတ်နေတာက သူတို့ နိုင်ငံထဲ ကျူးကျော်ဝင်သွားမှာကို စိုးရိမ်လို့ထင်တယ်။ ကိုဗစ် ၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီးတော့ဘဲ လာလာခတ်နေတာ။ အခုက တတိယအကြိမ် ထပ်လာခတ်တာ” ဟု နောင်ခမ်းကျေးရွာ ဒေသခံတဦးက ပြောသည်။

ထိုသို့ ခြံစည်းရိုးလာရောက်ခတ်သောကြောင့် ပြည်သူများအတွက် လယ်ယာလုပ်ကိုင်ရာတွင် အခက်ခဲများစွာ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ခက်ခဲတာပေါ့။ ကျနော်တို့ လယ်ယာမှာ လာခတ်တာလေ။ စိုက်ပျိုးတဲ့အခါ ခက်ခဲတာပေါ့။ သွားလာလို့ မလွယ်တော့ဘူးလေ။ သူတို့ ဒီလို ဆက်လာလုပ်နေရင် ကျနော်တို့ စားဝတ်နေရေးအတွက်က ခက်ခဲမှု များစွာ ရှိလာနိုင်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၁၂)ရက်နေ့တွင်လည်း တရုတ်နိုင်ငံက စည်းကျော်လာပြီး ဒုတိယအထပ် ခြံစည်းရိုးကို လာခတ်ခဲ့သောကြောင့် နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာမှ ဒေသခံတို့ သွားရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်ဘက်က စက်သုံးဆီကန့်သတ်ခြင်းကြောင့် ဆီပြတ်၊ ဆီဆိုင်အချို့ တန်းစီဝယ်ယူနေရ

0
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ဘက်မှ စက်သုံးဆီတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်ကာ ဓာတ်ဆီဆိုင်အချို့တွင် ဆီဝယ်ရန် တန်းစီးနေရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၂ )ရက်နေ့မှ စတင်ပြီး တရုတ်အာဏာပိုင်များဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့်ကို ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်နေကြောင်း ဒေသခံများကပြောသည်။ ယနေ့ (နိုဝင်ဘာလ ၈...

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ်...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လှမ်းပစ်နေသည့်အသံ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနီး စစ်ကောင်စီ၏ စခန်းသစ်လက်မှ လက်နက်ကြီး လှမ်းပစ်သည့်အသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၂)ရက် နေ့လည် (၁)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “စခန်းသစ်ကနေပြီး ပစ်သွားတာ ကြားရတယ်။ နမ့်ခမ်းကနေတော့ အသံသိပ်မကြားရဘူး။...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

0
“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...