ကိုဗစ်ကူးစက်ခံ မိုင်းကိုင် စစ်ရှောင်အမျိုးသမီး ကလေးမွေးဖွားပြီး ၂ နာရီအကြာ သေဆုံး

သျှမ်းတောင် မိုင်းကိုင်မြို့နယ် ကိုဗစ်-၁၉ ကူးစက်ခံရသည့် မွေးဖွားစ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ကလေးမွေးဖွားပြီး (၂)နာရီအကြာ သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင်မြို့နယ် ယနေ့ (အောက်တိုဘာ ၁၄)ရက် ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် မွေးဖွားစ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ကလေးမွေးဖွားပြီး (၂)နာရီအကြာ နေ့လည် ၁နာရီခွဲကျော်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ မွေးဖွားစ စစ်ရှောင်အမျိုးသမီးသည် အသက် (၂၉)နှစ်အရွယ်သာရှိပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာတွင်နေထိုင်သည့်သူဖြစ်ပြီး၊ သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့ ရပ်ကွက်(၅) ပန်ကတ်တွင် စစ်ဘေးရှောင် လာသည့် သူဖြစ်သည်။

“သူက (မွေးဖွားစ ကိုဗစ်-၁၉ အမျိုးသမီး) မနက် ၁၁နာရီခွဲမှာ ကလေးမွေးတယ်။ ကလေးကို ရိုးရိုးပဲ မွေးတာ။ နေ့လည် ၁နာရီခွဲမှာ မိခင်ဆုံးသွားတယ်”ဟု မိုင်းကိုင် ပရဟိတ လုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုမွေးဖွားစ အမျိုးသမီးသည် ကိုယ်ဝန်(၈)လရှိပြီး ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် သူဖြစ်ကာ ပန်ကတ်တွင် ဆေးကုသနေစဉ် မသက်သာသဖြင့် မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်လာခဲ့ရကြောင်း သိရသည်။

လက်ရှိမှာ မိခင်ဖြစ်သူဆုံးပါးသွားခဲ့ရပြီး ကလေးငယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိ၊ မရှိမသိရသေးကြောင်း၊ မွေးကင်းစ ကလေးငယ်သည် (၆)ပေါင်ရှိကြောင်း လည်း ပရဟိတ အမျိုးသား က ပြောသည်။

“ကလေးကတော့ ကိုဗစ်-၁၉ ကူးစက်၊ မကူးစက်တော့ မသိရသေးဘူး။ ကလေး ကတော့ (၆)ပေါင်ရှိတယ်လို့ ကြားတယ်”ဟု ၎င်း က ဆိုသည်။

ယနေ့ (အောက်တိုဘာ ၁၄)ရက် တွင် မိုင်းကိုင်မြို့နယ် အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာသစ် (၃)ဦး တွေ့ရှိပြီး သေဆုံးသူ တစ်ဦးရှိကြောင်းသိရသည်။

မိုင်းကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၁၅)ဦး၊ သေဆုံးသူ (၃)ဦး နှင့် ကုသနေသူ (၁၀)ဦးရှိကြောင်းသိရသည်။

ထိုမိုင်းကိုင်မြို့နယ် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင် ထောင်ချီ ရှိပြီး၊ ကိုယ်ဝန်ဆောင် မိခင်များ၊ လမ်းတွင် မီးဖွားစ မိခင်များလည်းရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...