Wednesday, January 28, 2026

မိုင်းကိုင် စစ်ရှောင် (၃၀၀၀) ရေလုံပြုတ်စားသောက်နေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၃၀၀၀)ကျော် အခြေခံ မီးဖိုချောင်သုံးပစ္စည်းများ ပြတ်လပ်နေသဖြင့် ရေလုံပြုတ်စားသောက်နေရကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင်မြို့နယ်အတွင်းရှိ ပန်ကေတုကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၂၃၅၆)ဦးနှင့် ဟမ်းငိုင်း ကျေးရွာအုပ်စုမှာ (၁၀၀၀)ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ ပန်ကေတု ကျေးရွာအုပ်စုတွင် နေထိုင်သည့် စစ်ရှောင်များသည် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ပြတ်လပ်နေသဖြင့် ဟင်းများကို ရေလုံပြုတ် စားသောက်နေရကြောင်း ပန်ကေတု စစ်ရှောင်ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပန်ကေတုမှာတော့ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေပြတ်နေတာ ၃ ရက်ရှိပြီ၊ အခု ဟင်းရွက်တွေကို ရေလုံပြုတ်စားနေရတယ်။ နောက် ၂ ရက်ဆိုရင်လည်း ဆန်တွေပြတ်လပ်တော့မယ်” လို့ ၎င်းကပြောသည်။

လက်ရှိ ဟမ်းငိုင်းကျေးရွာရှိ စစ်ရှောင်စခန်းတွင် ဆန်အိတ်(၃၀)သာ ကျန်ရှိတော့သဖြင့် နောက် ၃ ရက်တွင် ဆန်များလည်း ပြတ်လပ်နိုင်ကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“စစ်ရှောင် (၃၀၀၀)ကျော်က နေရပ်မပြန်နိုင်သေးဘူး။ ဆန်တွေကလည်း ပြတ်တော့မယ်။ နောက် ၃ ရက်စာပဲ ကျန်တော့တယ်။ တခြားဟာတွေကတော့ ပြတ်နေပြီ” ဟု စစ်ရှောင်ကူညီသူ တစ်ဦးက ဆိုသည်။

မကြာခင် ဆောင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် စစ်ရှောင်များအတွက် စောင်အထူနှင့် ကိုဗစ်-၁၉ ထောက်ကူပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင်များ စက်တင်ဘာ (၁၄)ရက် ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တစ်လကျော် ရှိသော်လည်း နေရပ်သို့ မပြန်နိုင်သေးပေ။

တိုက်ပွဲတွင်း လက်နက်ကြီးထိမှန်ပြီး တစ်ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ခြင်း၊ မြေမြုပ်မိုင်း (၂)ဦး နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်း ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...