တာချီလိတ်မြို့ စစ်တပ်ထောက်ခံပွဲ ဗုံးခွဲတိုက်ခိုက်ခံရ စစ်သားများ ထိခိုက်ဒဏ်ရာရသူရှိ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁)ရက် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ရာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သားများ ရမ်းသမ်းပစ်ခတ်မှုကြောင့် တပ်သားဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အယောင်ပြထောက်ခံပွဲ ချီတက်ဆန္ဒပြမှုတွေ ပြုလုပ်နေစဥ် ဗုံးခွဲတိုက်ခိုက် ခံရတာဖြစ်ကြောင်း သတင်းသိရသည်။ “နေ့လည် ၁၂ ခွဲလောက်က...
ကျောက်မဲ စစ်ရှောင် (၁၀၀၀)ဝန်းကျင် စားနပ်ရိက္ခာ ပြတ်လပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ရှောင် (၁၀၀၀)ဝန်ကျင် အတွက် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းသိရသည်။ ကျောက်မဲတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ပြည်သူ (၁၀၀၀)ဝန်းကျင်ခန့် ကျန်ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာနှင့် ထင်းများ လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ “ခုက စားနပ်ရိက္ခာတွေ ကုန်နေပြီ၊ ထင်းတွေ၊ ဆီတွေလည်း ကုန်သလောက်ဖြစ်နေပြီ၊ စစ်ရှောင်တွေကလည်း...
မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ တရုတ်နှစ်သစ်ကူးကြိုသည့် အိမ်ဝန်းထဲ သေနတ်ကျည်ဆံကျ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာတွင် တရုတ်နှစ်သစ်ကူးကြိုဆိုပွဲ ပြုလုပ်နေသည့် အိမ်ဝန်းထဲသို့ သေနတ်ကျည်ဆံ ကျရောက်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၁)ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်အချိန် ပန်ခမ်းကျေးရွာ အိမ်တစ်အိမ်တွင် တရုတ် နှစ်သစ်ကူးကြိုဆိုပွဲ ဗြောက်အိုးများဖောက်ပြီးနောက်ပိုင်းတွင် မည်သည့်အရပ်မှ ပစ်လိုက်မှန်းမသိရသည့် ကျည်ဆံ အိမ်ဝန်းထဲသို့ ရောက်ရှိလာကြောင်း...
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ဆနင်းကျေးရွာအုပ်စုတွင် မြောက်ပိုင်းမဟာမိတ်များ ရောက်ရှိလာသည့် သတင်းကြောင့် ဒေသခံများထိတ်လန့်ပြီး ကျေးရွာမှ ထွက်ပြေးနေကြကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ နှောင်းပိုင်းတွင် မြောက်ပိုင်းမဟာမိတ်များသည် ပင်လုံမြို့ဘက်သို့ ရောက်ရှိနေသည်ဟု လူမှုကွန်ရက်ပေါ်တွင် သတင်းပျံ့နှံ့ခဲ့သဖြင့် ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးနေလျက်ရှိကြောင်း သိရသည်။ “မြောက်ပိုင်းကလာတယ်ဆိုတာက သတင်းအမှားဖြစ်တယ်။ သတင်းအတုဖြစ်တာ။ အခုက...
စစ်ကောင်စီ ခြိမ်းခြောက်မှုကြောင့် လက်နက်ကြီးသံကြား စျေးဆိုင်ဖွင့်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ တိုးဂိတ်အနီး လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသော်လည်း စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် ဆိုင်ခန်းများ ဖွင့်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး အသံတိတ် သပိတ်မပြုလုပ်ရန် စျေးသည်များကို စျေးဆိုင်ဖွင့်ရမည်ဟု ခံဝန်လက်မှတ်ထိုးခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ “၂ ဘက် တိုက်ပွဲဖြစ်နေတယ်။...
နမ့်ခမ်းမြို့ အာဏာသိမ်း (၁)နှစ်ပြည့်နေ့ လက်နက်ကြီးသံ ကြားရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ စခန်းသစ်အနီး ယနေ့ (ဖေဖော်ဝါရီ ၁)ရက် စစ်တပ်မှ အာဏာသိမ်း (၁)နှစ် ပြည့်သည့်နေ့တွင် လက်နက်ကြီးသံကြားရသဖြင့် ဒေသခံ စျေးသည်များ စျေးဆိုင်ပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မနက် (၈)နာရီဝန်းကျင်က နမ့်ခမ်း စခန်းသစ် ဘက်က လက်နက်ကြီးသံကြားရသဖြင့် ဒေသခံပြည်သူများလည်း စိုးရိမ်နေကြကြောင်း စျေးသည်ဆိုင်ရှင်...
သျှမ်းရှေ့ ပြည်သူများ စစ်တပ်ထောက်ခံပွဲ ပါဝင်ပေးရန် ဖိအားပေးခံရ
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဖြတ်နှင့် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်ထောက်ခံပွဲ၌ ပါဝင်ပေးရန် ဖိအားပေး စေခိုင်းခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၁)ရက်တွင် မိုင်းတုံမြို့မှ ပြည်သူများသည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် တပ်မတော်ထောက်ခံပွဲ ပါဝင်ရန် ဖိအားပေးစေခိုင်းခံရကြောင်း ဒေသခံ အမျိုးသားတစ်ဉီးက...
တောင်ကြီးမြို့ ဆိုင်တချို့ ကြိုတင်ပိတ်ထားကြ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၁)ရက် မတိုင်ခင်ကတည်းက စျေးသည်များမှအပ သွားလာသည့် ပြည်သူများ အနည်းအကျဉ်းသာ ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး တစ်နိုင်ငံလုံး အသံတိတ်သပိတ် ပြုလုပ်မည်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ “တောင်ကြီးမြို့တွင်း အခြေနေက...
ဖယ်ခုံမြို့ စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲ ဖြစ်
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကသဲကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၃၁)ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်၌ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ ၃၁ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်ကစပြီး...
မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်
သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ဖြစ်ပွားသည့် ကိုးကန့်တပ်မတော် (MNDAA) နှင့် တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်သည် မိုင်းယော်တိုက်နယ်ရှိ မဟာမိတ်တပ်ဖွဲ့ကို တိုက်လေယာဥ်ဖြင့် အကြမ်းဖက် ထိုးစစ်ဆင်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ မိုင်းယော်တိုက်နယ်နှင့် မိုင်းဟက်ကြား လုံမွန်းကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေသည့် မဟာမိတ်တပ်ဖွဲ့တို့၏ စခန်းနေရာများကို...






