Tuesday, January 27, 2026

နမ့်ခမ်းမြို့ အာဏာသိမ်း (၁)နှစ်ပြည့်နေ့ လက်နက်ကြီးသံ ကြားရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ စခန်းသစ်အနီး ယနေ့ (ဖေဖော်ဝါရီ ၁)ရက် စစ်တပ်မှ အာဏာသိမ်း (၁)နှစ် ပြည့်သည့်နေ့တွင် လက်နက်ကြီးသံကြားရသဖြင့် ဒေသခံ စျေးသည်များ စျေးဆိုင်ပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့ အဝင်ဆိုင်းဘုတ်( ဓာတ်ပုံ ဒေသခံ)

ယနေ့ မနက် (၈)နာရီဝန်းကျင်က နမ့်ခမ်း စခန်းသစ် ဘက်က လက်နက်ကြီးသံကြားရသဖြင့် ဒေသခံပြည်သူများလည်း‌ စိုးရိမ်နေကြကြောင်း စျေးသည်ဆိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“လက်နက်ကြီးသံ (၁၀)ချက်ထက်မနည်း ကြားရတယ်။ (၁၅) မိနစ်လောက်ပဲ ဖြစ်တယ်။ စျေးသည်တွေတော့ အသံကြားရတာနဲ့ ဆိုင်တွေအကုန်ပိတ်သိမ်းပြန်ကြတယ်” ဟု နမ့်ခမ်းဒေသခံ စျေးသည် အမျိုးသမီး တစ်ဦးက ပြောသည်။

ယနေ့ ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်အာဏာရှင်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်နေ့မှာ စျေးဆိုင်များ ပိတ်သိမ်းခြင်း၊ အပြင်မထွက်ခြင်းများ မပြုလုပ်ရန် စစ်အာဏာရှင်တွေက စျေးသည်များကို ကတိလက်မှတ်လိုက်ထိုးခိုင်းခဲ့သည်။

ထို့ကြောင့် စျေးသည်တချို့က စိုးရိမ်စိတ်ကြောင့် စျေးဆိုင်သွားရောက်ဖွင့်လှစ်ရကြောင်း သိရသည်။

“ဒီနေ့တော့ နမ့်ခမ်းမှာ စျေးသည်တွေ အများစု ဆိုင်မဖွင့်ကြဘူး။ တချို့လည်း စိုးရိမ်မှုကြောင့် ဖွင့်ရတာ။ အပြင်လည်း သိပ်မထွက်ကြတော့ဘူး။ စောစောစီးစီး လက်နက်ကြီးသံ ကြားနေရတာလည်း ပါမယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့သည် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိပြီး လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားရာနယ်မြေလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

0
ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့်...

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်ဟု စစ်လော်ဘီက ဝါဒဖြန့်

0
သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ်ဒေသ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူသေဆုံးတာမဟုတ်ဘဲ တော်လှန်ရေးတပ်ဖွဲ့သေဆုံးတယ်ဆိုပြီးတော့ ‌ရွှေဖီမြေသတင်းဌာနက ရေးသားတင်ထားတဲ့ သတင်းတွေကို စခရင်ရှော့ယူပြီး စစ်ကောင်စီလော်ဘီချန်နယ်က သတင်းအမှားဖြန့်နေတာကို တွေ့ရှိရပါတယ်။ မိုးဗြဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ပြည်သူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင် ဆိုတဲ့ သတင်းအမှားဟာ ပြီးခဲ့တဲ့ ဧပြီလ‌...

စစ်ကောင်စီပစ်ခတ်သည်ဟု ယူဆရသည့် လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင် မုန်လာခြံထဲကျရောက်

0
မြန်မာ-ထိုင်းနယ်စပ် ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်မှ ပစ်ခတ်သည်ဟု ယူဆရသည့် လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင်ရှိ မုန်လာခြံထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းသိရသည်။ စစ်ကောင်စီတပ် အသုံးပြုမှုများသည့် ၁၂၀ မမ လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် နားပါပျက်ကျေးရွာရှိ မုံလာခြံ အလယ်ထဲသို့ ၂...

မိုးဗြဲမြို့ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိန်းကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၁၆)နှစ်အရွယ် မိန်ကလေး ၁ ဦးသေဆုံးပြီး၊ ၄ ဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁ )ရက် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တောင်ယာတွင် အလုပ်လုပ်နေသည့် ဒေသခံ ၅...

သျှမ်း-ကရင်နီ တကြောကို စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ

0
သျှမ်း-ကရင်နီ တကြော လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ တို့ကို စစ်ကောင်စီက လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဖေဖော်ဝါရီလ၏ တတိယပတ် အတွင်းတွင် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ-၃၃၆ တပ်ရင်း က လက်နက်ကြီးဖြင့် မိုးဗြဲမြို့ထဲသို့ ပစ်ခတ်မှုများ...