Wednesday, May 22, 2024

ဖယ်ခုံမြို့ စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲ ဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကသဲကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၃၁)ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်၌ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇန်နဝါရီ ၃၁ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်ကစပြီး စစ်ကောင်စီနှင့် PDF တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

“ ၁၂ နာရီကျော်က ပစ်နေတာ။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်တဲ့။ သူတို့ (စစ်ကောင်စီ) ကား အများကြီးဆင်းလာတာ။ လမ်းရှင်းနေတာ။ ဘယ်ဘက်သွားမလဲတော့ မသိသေးဘူး။ တိုက်ပွဲတော့ ပြင်းထန်တယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်မှ ကား ထိုးဆင်းလာပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူတို့ ကား ထိုးဆင်းလာတာ။ တိုက်ပွဲတော့ အကြာကြီးမဖြစ်ဘူး။ ခဏလောက်ပဲ ဖြစ်တာ။ မိနစ် ၂၀ လောက်ပဲ တိုက်ပွဲဖြစ်တာ” ဟု ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇန်နဝါရီ (၂၉)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ဖယ်ခုံမြို့နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article