ကိုဗစ် စည်းမျဉ်း၊စည်းကမ်း ချိုးဖောက်သည့် သိန္နီမြို့ အားကစားပွဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုဗစ် ၁၉ ကူးစက်မှုများရှိနေသည့် ကြားက ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပွဲကို အကြီးအကျယ် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ သီန္နီမြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ပြည်ထောင်စုနေ့ဖြစ်တဲ့ ၁၂ ရက်နေ့အထိ အားကစားပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “စလုပ်နေတာတော့ ၁...
စစ်ကောင်စီ ပြုလုပ်မည့် သျှမ်းပြည် အမျိုးသားနေ့ မပါဝင်ကြရန် TSU ပန်ကြား
SHAN -
စစ်ကောင်စီ ပြုလုပ်မည့် သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပူးပေါင်းပါ၀င်ခြင်း မပြုကြရန် သျှမ်းကျောင်းသားများသမဂ္ဂ တို့က ပန်ကြားချက် ထုတ်ဝေခဲ့ပါသည်။ လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို မူလအမည်နာမ သျှမ်းပြည်အမျိုးသားနေ့မှ စစ်အာဏာရှင်တို့က "သျှမ်းပြည်နယ်နေ့" အမည်ဖြင့် အခမ်းအနားတွေကို...
တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ဆေးဖမ်းဆီးမှုများရှိနေ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယမန်နေ့က စစ်တပ်ထောက်ခံပွဲပြုလုပ်နေစဉ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒေသခံများအား စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်) စစ်ကောင်စီအာဏာသိမ်း တစ်နှစ်ပြည့်သည့်နေ့တွင် တာချီလိတ်မြို့၌ စစ်တပ်ထောက်ခံပွဲ ပြုလုပ်နေစဉ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယမန်နေ့ ညပိုင်းနှင့်...
ကျောက်မဲတွင် နှစ်ပတ်ကျော် ကြာမှ ကိုဗစ်လူနာ ပြန်တွေ့
သျှမ်းမြောက် ကျောက်မဲမြို့တွင် ကိုဗစ်အတည်ပြုလူနာ မတွေ့ရှိတာ နှစ်ပတ်ခန့် ကြာပြီးနောက် ကိုဗစ်လူနာသစ် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သတင်းသိရသည်။ ကျောက်မဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်က ကိုဗစ်လူနာသစ် မတွေ့ရှိတော့တာဖြစ်ပြီး ယမန်နေ့တွင် သက်ကြီး အမျိုးသားတစ်ဦးထံမှ ကိုဗစ်ပိုး ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ “ကိုဗစ်လူနာ မတွေ့တာ ကြာလှပြီ၊ တော်တော်ကြာသွားပြီ၊...
ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူတစ်ဦးနှင့် နေအိမ် ကျည်ထိမှန်
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ယမန်နေ့ (ဖေဖော်ဝါရီ ၁ )ရက်တွင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လူတစ်ဦးနှင့် နေအိမ် (၃)လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ဗျူဟာတပ်က လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က...
စစ်အာဏာသိမ်း တနှစ်သာမှာ သျှမ်းပြည်သားတွေရဲ့ မျှော်လင့်ချက်
စစ်တပ် ကနေပြီး နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ တနှစ်တင်းတင်းပြည့် ခဲ့ပါပြီ။ စစ်အာဏာသိမ်းပြီး တနှစ်အတွင်းမှာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ များစွာရှိလာခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ အာဏာသိမ်း စစ်တပ်ကလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေပါတယ်။ ရွေးကောက်ပွဲ ရလဒ် မှန်ကန်မှု မရှိ ဟု...
နမ့်ခမ်း လူငယ် (၄)ဦး စစ်ကောင်စီက ဖမ်းဆီးသွား
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် သပိတ်ဦးဆောင်သူ လူငယ် (၄)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီ ၂၉ ရက်မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နမ့်ခမ်းမြို့နယ်အတွင်းနေထိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူငယ်များကို လိုက်လံဖမ်းဆီးစစ်ဆေးနေပြီး တချို့ လူငယ်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ “ဖမ်းသွားတုန်းကတော့ အများကြီးပဲ။...
တောင်ကြီးမြို့ ဗုံးဆက်တိုက်ပေါက်ကွဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း Mytel ရုံးရှေ့ တွင် ယနေ့ (ဖေဖော်ဝါရီ ၁)ရက် ညနေ ၆နာရီခွဲကျော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ ဖေဖော်ဝါရီ(၁) ရက် ည ၆ နာရီခွဲကျော်မှာ ဗုံး ၂ လုံးပေါက်ကွဲမှု ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိမသိရှိသေးကြောင်း တောင်ကြီးဒေသခံ...
ဟိုပုံးမြို့ အသံတိတ်သပိတ်ပြုလုပ်နေစဉ် စစ်ထောက်ခံပွဲ တန်ပြန်ပြုလုပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် တပ်မတော်က စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့သော်လည်း မြို့တွင်းမှာတော့ လူစည်ကားခြင်း မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စစ်အာဏာသိမ်း (၁)နှစ်ပြည့်သည့် အနေဖြင့် ပြည်သူများ အသံတိတ်သပိတ်ပြုလုပ်နေစဉ် စစ်ကောင်စီဘက်က စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “(စစ်ကောင်စီ)သူတို့ လူတွေ လာချသွားတယ်။ အယောက် (၅၀)လောက်...
ရွာငံမြို့နယ်ရှိ Mytel တာဝါတိုင် ပထဆုံးအကြိမ် ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပိန္နဲကုန်းကျေးရွာနှင့် ညောင်အိမ်ကြားရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း အချိန်တွင် ပိန္နဲကုန်းကျေးရွာရှိ Mytel တာဝါတိုင်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ “ဟုတ်တယ်။ အဲ့နားရှိတဲ့...






