သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပိန္နဲကုန်းကျေးရွာနှင့် ညောင်အိမ်ကြားရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း အချိန်တွင် ပိန္နဲကုန်းကျေးရွာရှိ Mytel တာဝါတိုင်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ဟုတ်တယ်။ အဲ့နားရှိတဲ့ တာဝါတိုင် တစ်ခု မီးရှို့ဖျက်ဆီးခံရတယ်လို့ ပြောတယ်။ အဲနေရာက မြို့နဲ့တော့ဝေးတယ်။ Mytel တာဝါတိုင်ပဲ ဖျက်ဆီးခံရတာ။ PDF လာဖျက်ဆီးသွားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့တော့ ဘယ်သူဖျက်ဆီးသွားလဲ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရွာငံမြို့နယ်အတွင်း ယခု ဖျက်ဆီးခံရသည့် Mytel တာဝါတိုင်သည် ပထမဆုံးအကြိမ် ဖျက်ဆီးခံရသည့် တာဝါတိုင်ဖြစ်ကြောင်း သိရသည်။











Leave a Comments