Wednesday, January 28, 2026

နမ့်ခမ်း လူငယ် (၄)ဦး စစ်ကောင်စီက ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် သပိတ်ဦးဆောင်သူ လူငယ် (၄)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့ အဝင်ဆိုင်းဘုတ်( ဓာတ်ပုံ ဒေသခံ)

ဇန်နဝါရီ ၂၉ ရက်မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နမ့်ခမ်းမြို့နယ်အတွင်းနေထိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူငယ်များကို လိုက်လံဖမ်းဆီးစစ်ဆေးနေပြီး တချို့ လူငယ်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ဖမ်းသွားတုန်းကတော့ အများကြီးပဲ။ နည်းနည်းပြန်လွတ်ပေးတာလည်းရှိတယ်လို့ ကြားတယ်။ ခုတော့ (၄)ယောက် ကျန်တယ်လို့ ပြောတယ်။ သူတို့က သပိတ်ဦးဆောင်တဲ့သူတွေလို့တော့ သတင်းထွက်တယ်။ သေချာတော့ မသိရဘူး” ဟု နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောသည်။

ထိုဖမ်းဆီးသွားသည့် လူငယ် (၄)ဦးကို နမ့်ခမ်းအချုပ်ခန်းတွင် ထားရှိကြောင်း၊ လက်တလော လူမှုကွန်ရက်ပေါ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုနှင့် စစ်တပ်ထုတ်ကုန် မသုံးစွဲရန် နှို့ဆော်သည့် စာများနှင့် သက်ဆိုင်မှုကြောင့် ဖမ်းဆီးသွားသည်ဟု နမ့်ခမ်းဒေသခံများ မှတ်ချက်ပြုကြသည်။

“သူတို့ (၄) ယောက်စလုံး နမ့်ခမ်းအချုပ်ခန်းမှာ ရှိထားတယ်လို့ကြားတယ်။ ဒီရက်ပိုင်း အွန်လိုင်းပေါ် ထုတ်ပြန်တဲ့စာတွေနဲ့လည်း သက်ဆိုင်တာပါမယ်။ မနေ့ မနက်ပိုင်းကလဲ လာဖမ်းသွားတာရှိတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့တွင်း စစ်ကောင်စီ ထုတ်ကုန်များကို အသုံးမပြုရန်အတွက် နမ့်ခမ်းပျောက်ကြား အဖွဲ့က ထုတ်ပြန်ထားသည့် စာစောင်သည် လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့နေကြောင်း သိရှိရသည်။

ထို ထုတ်ပြန်ချက်တွင် နမ့်ခမ်းမြို့ ပျောက်ကြားအဖွဲ့က ထုတ်ပြန်ထားသော်လည်း ဒေသခံ တချို့က နမ့်ခမ်းမြို့ပေါ် PDF ရှိ၊ မရှိ မသေချာကြောင်း ဒေသခံများက ပြောဆိုကြသည်။

နမ့်ခမ်းမြို့သည် စစ်ကောင်စီ တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ (၁)ရက်နေ့တွင် နမ့်ခမ်းမြို့ပေါ် လက်နက်ကြီးသံများ ကြားရသဖြင့် ဒေသခံပြည်သူများ စိုးရိမ် ထိတ်လန့်ပြီး စျေးဆိုင်များလည်း ပိတ်ထားကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...