စစ်အာဏာသိမ်း တနှစ်သာမှာ သျှမ်းပြည်သားတွေရဲ့ မျှော်လင့်ချက်

စစ်တပ် ကနေပြီး နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ တနှစ်တင်းတင်းပြည့် ခဲ့ပါပြီ။

စစ်အာဏာသိမ်းပြီး တနှစ်အတွင်းမှာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ များစွာရှိလာခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ အာဏာသိမ်း စစ်တပ်ကလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေပါတယ်။

ရွေးကောက်ပွဲ ရလဒ် မှန်ကန်မှု မရှိ ဟု စစ်တပ်က စွတ်စွဲပြောဆိုခဲ့ရာကနေ အာဏာသိမ်းယူမှုပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ လူ့အခွင့်အရေး အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာသမားများ ကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်း နဲ့ ညှင်းပန်းနှိပ်စက်ခြင်းတွေ ကို စစ်ကောင်စီ က ဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။

စစ်အာဏာရှင် တော်လှန်ရေး တနှစ်သာ ကာလမှာတော့ ကျဆုံးခဲ့သူပေါင်း (၁၅၀၃) ဦး၊ ဖမ်းဆီးခံရသူပေါင်း (၁၁၈၃၈) ဦးရှိပြီး၊ ဝရမ်းထုတ်ခံရသူ (၁၉၇၂)ဦးရှိကြောင်း AAPP ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

တစ်တိုင်းပြည်လုံး အတိုင်းအတာ ကျုးလွန်နေသည် သာမက အမျိုးသမီးများကိုပါ မုဒိမ်းမှုတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်တိုက် ကျုးလွန်နေတာကိုတွေ့မြင်ရပါတယ်။

တနှစ်တာ ကာလအတွင်းမှာတော့ သျှမ်းပြည်လူထုဟာ စစ်အာဏာရှင်ကို‌ကြောက်ရွံ့နေရတာကို မကဘူး တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုလည်း စိုးရိမ်ထိတ်လန့်နေရတဲ့အခြေအနေ ကို ရောက်ရှိနေပါတယ်။

သျှမ်းပြည်ရဲ့ တနှစ်တာမှာတော့ စစ်ကောင်စီ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်တဲ့ နေရာဒေသ ရှိပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်တဲ့ တိုက်ပွဲတွေကတော့ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များလည်း ထောင်ချီ ရှိနေပါသေးတယ်။

သျှမ်းပြည် တဝှမ်းမှာတော့ ယခင်ကတည်းက လက်နက်ကိုင်တပ်ဖွဲ့ အားကောင်းခဲ့တဲ့နေရာဖြစ်ခဲ့ပေမယ့် ၂၀၂၁ခုနစ် ကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အားမကောင်းခဲ့ပါဘူး။

သျှမ်းပြည်နယ်သည် ပထဝီ အနေအထားအရ ကြည့်မယ်ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံရှိပြီး တရုတ်နယ်နယ်စပ် နဲ့ ကုန်သွယ်ရေးလမ်းကြောင်း၊ သဘာဝသံယံဇာတ ပေါများတဲ့ဒေသတခုဖြစ်ပြီး လက်နက်ကိုင် အချင်းချင်း မြေယာလုပြႆနာကြောင့် တိုက်ပွဲ ထိတွေ့မှုတွေ ယနေ့ထိတိုင်ရှိနေကြဆဲပါ။

သျှမ်းပြည်လူထုဟာ (၂) နှစ်နီးပါး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေ ထိခိုက်နေချိန်မှာ စစ်ကောင်စီဘက်က အာဏာသိမ်းလာတဲ့အတွက် ပြည်သူများ တစ်ပူပေါ် နှစ်ပူဆင့် ထိခိုက်မှုဖြစ်နေပါတယ်။

နိုင်ငံရေး ပြောင်းလဲမှုအကြား တစ်နှစ်ပတ်လုံး သျှမ်းပြည်သူများ ဆင်းရဲဒုက္ခဒဏ်များစွာ ခံနေရချိန်မှာ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲများဖြစ်ပွားတဲ့အတွက် ဒေသခံများ စစ်ရှောင်နေရခြင်း၊ ရပ်ရွာအတွင်း မြေမြုပ်မိုင်း အန္တရာယ် စိုးရိမ်ရခြင်း၊ လက်နက်ကိုင် ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ရင်ဆိုင်နေရကြောင်း သျှမ်းလူထုတွေက ပြောဆိုလိုက်ပါတယ်။

“နဂိုကတည်းက ဗမာတပ်မတော်စစ်အာဏာသိမ်းလို့ ဒုက္ခရောက်နေချိန် သျှမ်းပြည်တွင်း လက်နက်ကိုင် အချင်းချင်း တိုက်တဲ့စစ်မီးလည်း တပြိုင်တည်းထတောက်လောင်တော့ အသက်ချောင်ချောင် လေးရှုရချိန်တောင်မရှိဖြစ်လာတယ်လို့ဆိုရပါမယ်။ ကိုယ့်ပြည်နယ်သား တပ်ဖွဲ့အချင်းချင်း ဖြစ်တော့ပိုဆိုးတာပေါ့” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စိုင်းလျန်း က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တွင်းသာမက မြန်မာနိုင်ငံမှာလည်း တရားဥပဒေ စိုးမိုးမရှိခြင်း၊ လုံခြုံမှု အတွက် အားကိုးအားထားရာမဲ့ဖြစ်နေပြီး ဆင်းရဲဒုက္ခများကို ထပ်ဆင့်ရင်ဆိုင်နေရလို့ ရှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN ) ကပြောရေးဆိုခွင့်ရှိသူ တစ်ဦး ကပြောပါတယ်။

“တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ပြည်သူများ တရားမမျှတမှု နှင့် လုံခြုံမှုအတွက် အားကိုး အားထား ရာမဲ့ဖြစ်နေပြီး ဆင်းရဲဒုက္ခ များကို ထပ်ဆင့်ရင်ဆိုင် နေကြရပါတယ်”လို့ SWAN က ပြောရေးဆိုခွင့်ရှိသူ တစ်ဦး ကပြောပါတယ်။

တစ်နှစ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူငယ်များကို ဖမ်းဆီးနှိပ်စက်ခြင်း၊စျေးဝယ်ရင်း ဖမ်းဆီးခံရခြင်း ၊ နေအိမ်ထိ လာရောက်ဖမ်းဆီးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ရှိပြီး အကြမ်းဖက်မှုများလည်း ခပ်စိပ်စိပ် ရှိလာနေတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စိုင်းလျန်း ပြောဆိုကြပါတယ်။

“အခုအခြေအနေမျိုးဆိုရင် ပြည်သူတွေကတော့ တနေ့ထက်တနေ့ စားဝတ်နေရေးအတွက်ခက်ခဲလာမယ်၊ လုံခြုံမှုတွေ လည်း မရှိဘူး။ အထူးသဖြင့် သတင်းရယူမှုတွေ ခရီးသွားလာမှုတွေ ဆက်သွယ်ရေးတွေမှာ ခြိမ်းခြောက်မှုဖြစ်လာပါတယ်။ ဒါကြောင့် ဒီအခြေအနေကို ဝိုင်းဝန်းကျော်လွှားဖို့ အဓိက ဦးစားပေးရမှာပါ” လို့ စိုင်းလျန်းက လက်ရှိအခြေအနေကို ပြောပြလာပါတယ်။

စစ်တပ် အာဏာသိမ်းပြီး တစ်နှစ်အတွင်းမှာ (PDF) တပ်ဖွဲ့ပေါင်း (၇၀၀) ကျော်ရှိပြီး နေ့စဉ်နှင့်အမျှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ချင်းပြည်နယ် စတဲ့ဒေသတွေမှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

“တစ်နှစ်အတွင်းမှာ လုံးလုံးကို တိုင်းပြည်က ပြည်ထောင်စု တစ်ခုလုံးခြုံပြောမယ်ဆိုရင် ပြာပုံထဲရောက်သွားသလို အစစ အရာရာ ချွတ်ခြုံကျသွားတယ်။ လူထုတွေက ယုံကြည်လိုလားတဲ့ ဒီမိုကရေစီအနှစ်သာရကို အာဏာသိမ်း လုပ်ရက်ကြောင့် ပျက်စီးသွားတယ်။ အနာဂတ်တွေ အဲ့လိုမျိုးဖြစ်နေတာကို နဂိုအခြေနေပြန်ရဖို့ဆိုတာ တော်တော်လေး ခဲယဉ်းတဲ့ ကိစ္စဖြစ်တယ်” စစ်ရှောင်များကို ကူညီပေးနေသူ စိုင်းခမ်း ကပြောပါတယ်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေး ယန္တရား ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အပြင် ပြည်သူဘက်တော်သားတွေကို ပါ ထိန်းချုပ်နေရတဲ့ အနေအထားဖြစ်နေတယ်လို့ ပြည်သူတွေက ပြောဆို သုံးသပ်ထားပါတယ်။

လက်နက်ကိုင်တွေရော စစ်အာဏာသိမ်းတပ်တွေ ပိုနေမြဲ၊ ကျားနေမြဲ ထပ်ရှိနေပြီး စစ်ဘောင်ကျယ်ပြီး နိုင်ငံရေး၊ လူမှုတရားမျှတရေးဘောင် တွေ ကျဥ်းနေသေးရင်တော့ ပူလောင်မှုတွေ မပျောက်ဘဲ ငြိမ်းချမ်းမှုတွေလည်း ဝေးနေဦးမှာပဲလို့ စိုင်းလျန်း ကထောက်ပြပြောဆိုလိုက်ပါတယ်။

“ပြည်သူတွေ လူမှုအဖွဲ့အစည်းတွေ ကြိုးစားပြောင်းလဲ သလောက် စစ်အာဏာရှင် နဲ့ စစ်လက်နက်ကိုင်တွေ ကတော့မပြောင်းတမ်း အာဏာရှင်တွေလဲ အာဏာရှင်အရ ရက်စက်ဖျက်ဆီးနေပြီး စစ်လက်နက် ကိုင်အချင်းချင်း လည်း ဆက်လက် တင်းမာနေတာကတော့ အင်မတန် ဝမ်းနည်း စရာပါပဲ” လို့ ၎င်းကထပ်လောင်း ပြောပါတယ်။

၂၀၂၁ ခုနစ်အတွင်း သျှမ်းပြည်လူထုတွေ ဟာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်နေတဲ့ တိုက်ပွဲကြောင့် အားရကျေနပ်မှုမရှိကြပေ။

သျှမ်းပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တွေ စုပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ဖြုတ်တိုက်ခိုက်ကာ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရန် သျှမ်းပြည်သားတွေက မျှော်လင့်တောင်းတနေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...