Wednesday, January 28, 2026

ကိုဗစ် စည်းမျဉ်း၊စည်းကမ်း ချိုးဖောက်သည့် သိန္နီမြို့ အားကစားပွဲ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုဗစ် ၁၉ ကူးစက်မှုများရှိနေသည့် ကြားက ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေဖြင့် အားကစားပွဲကို အကြီးအကျယ် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

သီန္နီမြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ပြည်ထောင်စုနေ့ဖြစ်တဲ့ ၁၂ ရက်နေ့အထိ အားကစားပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“စလုပ်နေတာတော့ ၁ ရက်နေ့ ကတည်းကထင်တယ်။ ၁၂ ရက်နေ့ထိ လုပ်မယ်လို့တော့ ကြားတယ်။ ၁၂ ရက်နေ့ကျရင် သူတို့က ဆုပေးသွားမယ်လို့ပြောတယ်။ လူတော့ များတယ်။ တပ်ထဲက ဗိုလ်တွေလည်း ပါတယ်။ သူတို့လည်း အခမ်းအနားလာဖွင့်ပေးတာ။ ကိုဗစ်လည်း မပျောက်သေးဘူး” ဟု သိန္နီမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့တွင် ယနေ့ထိတိုင် ကိုဗစ် -၁၉ ပိုးတွေ့လူနာများရှိနေပြီး တချို့ပြည်သူများသည် နေအိမ်တွင် ကိုယ်တိုင် ကုသနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများအတွက်လည်း အောက်ဆီဂျင် သုံးစွဲနေရသေးကြောင်း သိန္နီမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကိုဗစ် ပိုးတွေ့လူနာတော့ ရှိနေသေးတယ်။ ဘယ်လောက်ရှိလည်းတော့ ကျနော်တို့လည်း အတိအကျ မသိရတော့ဘူး။ တချို့က နေအိမ်မှာပဲ ကိုယ်တိုင်ကုကြတယ်။ အောက်ဆီဂျင်လာယူပြီး သုံးနေတဲ့သူတော့ ရှိနေသေးတယ်” ဟု သိန္နီမြို့ ပရဟိတ အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ အားကစားပြုလုပ်နေသည့် အပေါ်တွင် ဒေသခံများတချို့က ကိုဗစ် – ၁၉ ပိုပြီး ပြန့်ပွားလာမှာကို စိုးရိမ်နေကြပြီး အိုးမီခရွမ်ရောဂါလည်း ပြန့်လာမှာကို စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“အခုက ရောဂါအသစ်လည်း ပေါ်လာနေပြီ။ သူတို့ ဒီလိုပွဲကျင်းပတော့ ရောဂါ ပိုပြီး ပြန့်လာမှာကို ကြောက်တာပေါ့။ ကျမတို့ ရပ်ကွက်ထဲဘဲ ကိုဗစ်လူနာ ၃ အိမ်လောက်ရှိနေပြီ။ သူတို့တွေ ပွဲကျင်းပတော့ ဘာမှ မဖြစ်ဘူး။ ပြည်သူတွေ လူစုဝေးရင်တော့ ဥပဒေအမျိုးမျိုးနဲ့ ဖမ်းနေကြတယ်” ဟု သိန္နီမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သိန္နီမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာကို နေ့စဉ် ၁ ဦးမှ ၂ ဦး အထိတွေ့ရှိနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...