Saturday, May 18, 2024

တောင်ကြီးမြို့ ဗုံးဆက်တိုက်ပေါက်ကွဲနေ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း Mytel ရုံးရှေ့ တွင် ယနေ့ (ဖေဖော်ဝါရီ ၁)ရက် ညနေ ၆နာရီခွဲကျော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ(၁) ရက် ည ၆ နာရီခွဲကျော်မှာ ဗုံး ၂ လုံးပေါက်ကွဲမှု ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိမသိရှိသေးကြောင်း တောင်ကြီးဒေသခံ များထံမှ သိရှိသည်။

” ထိခိုက်ဒဏ်ရာ ရတဲ့သူတွေရှိမရှိတော့မသိဘူး။ ရဲကားတွေ တနေကုန် ကင်းချထားတာတော့ တွေ့ရတယ်” ဟု ဈေးသည် အမျိုးသား တစ်ဦးကပြောသည်။

အလားတူ တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် နှင့် သစ်တော ရပ်ကွက် ဘက်မှာလည်း ဗုံး တစ်လုံးစီ ပေါက်ကွဲသွားကြောင်း သိရသည်။

” ခုပဲ အဲ့ရပ်ကွက် (၂) ခုမှာ တစ်လုံးစီ ထပ်ကွဲသွားတယ်” ဟု တောင်ကြီးဒေသခံ မှ သစ်တောရပ်ကွက်မှ နေထိုင်သူ တစ်ဦး ကပြောသည်။

ယနေ့ ဖေဖော်ဝါရီ (၁) ရက်သည် စစ်အာဏာသိမ်းတာ (၁) နှစ်ပြည့်နေ့တွင် တောင်ကြီးမြို့ ဒေသခံများလည်း အသံတိတ် သပိတ်မှာ ပါဝင်နေကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article