ကျောက်မဲ စစ်ရှောင် (၁၀၀၀)ဝန်းကျင် စားနပ်ရိက္ခာ ပြတ်လပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိခိုလှုံနေသည့် စစ်ရှောင် (၁၀၀၀)ဝန်ကျင် အတွက် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းသိရသည်။

ကျောက်မဲတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ပြည်သူ (၁၀၀၀)ဝန်းကျင်ခန့် ကျန်ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာနှင့် ထင်းများ လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“ခုက စားနပ်ရိက္ခာတွေ ကုန်နေပြီ၊ ထင်းတွေ၊ ဆီတွေလည်း ကုန်သလောက်ဖြစ်နေပြီ၊ စစ်ရှောင်တွေကလည်း နေရပ်မပြန်နိုင်သေးဘူး၊ စစ်ရှောင်စခန်း တော်တော်များများ ခက်ခဲနေကြပြီ၊ အရင်ကတည်းက ရှိတဲ့ စစ်ရှောင်တွေရော၊ ဒီနောက်ပိုင်းမှ ရောက်လာတဲ့သူတွေရော ဟင်းတွေ ဆီတွေက မလုံလောက်တော့ဘူး” ဟု ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုံးလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲနှင့် သီပေါကြားတွင် ပြီးခဲသည့် ဇန်နဝါရီလက တိုင်းရင်းသားလက်နက်ကိုင်တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သီပေါ ဘော်ကြိုဘုန်းကြီးကျောင်းတွင်ရောက်ရှိခိုလှုံနေသော စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်သွားကြသော်လည်း ကျောက်မဲမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် စစ်ဘေးရှောင်များ ယနေ့ထိ နေရပ်မပြန်နိုင်သေးပေ။

“ဒီ တစ်ရက် နှစ်ရက်တော့ တိုက်ပွဲကြီးကြီး ဖြစ်တာ မကြားရတော့ဘူး၊ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားနေရသေးလို့ မပြန်ရဲသေးတာ၊ အရမ်းပြန်ချင်နေပြီ၊ လက်ထဲမှာလဲ ဘာမှ မရှိတော့ဘူး၊ အိမ်ငှားနေဖို့ ကလည်း ပိုက်ဆံမရှိဘူး၊ ဘုန်းကြီးကျောင်းမှာပဲ လာနေနေတာ” ဟု ကျွဲကုန်း ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသည့် စစ်ရှောင် သက်ကြီးအမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲသံ ငြိမ်နေသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူများသည် တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် စစ်ရှောင်ဘုန်းကြီးကျောင်းနှင့် မြို့တွင်း ဆွေမျိုးအိမ်များ၊ အိမ်ငှားများဖြင့် ဆက်လက်နေထိုက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဆွေမျိုးအိမ်များ၊ အိမ်ငှားများအပြင် သျှမ်းစာပေနှင့်ယဉ်ကျေးမှု စစ်ရှောင်စခန်း၊ မြို့တွင်း ရပ်ကွက် (၈) ဓမ္မာရုံ၊ နမ့်စစ်လင်း ဘုန်းကြီးကျောင်း၊ နားခေါ် ဘုန်းကြီးကျောင်း၊ ကျွဲကုန်း ဘုန်းကြီးကျောင်း၊ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် မိုင်းငေါ့မြို့တို့တွင် စစ်ဘေးရှောင်များ ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...