ကလော ရေကြီးမှု မှတဆင့် အင်းလေးကန်လည်း ရေကြီးလာနိုင်
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည် ကလောမြို့မှာ ရေကြီးမှုဖြစ်ပွားပြီး နေအိမ်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့ရှိ ကလောချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ချောင်းဘေးရှိ နေအိမ်များ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ကလောဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ မနက်ပိုင်းကတော့ ကလောချောင်းရေ တော်တော်တက်၊ နေအိမ်တွေ...
မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲသို့ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် ဒေသခံနှင့် နောင်ပိန်ရောက်စစ်ဘေးရှောင်းများ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၆ ရက်) နေ့လယ် ၁၂ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲသို့ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့်...
မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
မိုင်းဆတ်-မိုင်းတုံသို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်းဖမ်းမိ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ် မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ဒေသတန်ဖိုး ငွေကျပ်သိန်း ၈,၀၀၀)ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက် မနက် ၈ နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလုကျေးရွာအနီးတွင် ISUZU...
သျှမ်းပြည်နေရာအနှံ့တွင် ရေကြီး၊ နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီး
ဝီဖာမုန်တိုင်း၏ ရိုက်ခတ်မှု အရှိန်ကြောင့် သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂၃ ရက်) ညနေပိုင်းက လင်းခေးမြို့ရှိ နမ့်တိန်းချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရှိ လူနေအိမ်နှင့် ရပ်ကွက်များတွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ...
SHAN -
ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ရှိ အနည်းဆုံး (၆) နေရာတွင် နှစ်နိုင်ငံစစ်တပ်အကြား လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေပြီး နယ်စပ်ဂိတ်များကို ပိတ်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ (ဇူလိုင်လ ၂၄ ရက်) နံနက် ၇ နာရီကျော်တွင် နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှု ဖြစ်ပွားနေသည့် Ta...
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...
“UWSA” ထိန်းချုပ် မိုင်းပေါက်မြို့တွင် ရေကြီးမှုဖြစ်၊ ရဲအရာရှိ ၁ ဦးသေဆုံး
SHAN -
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ပြီး ရဲအရာရှိ တစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၂၂ ရက်) နံနက်အစောပိုင်းမှစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုင်းပေါက်မြို့တွင် ရေကြီးမှု ဖြစ်ပေါ်ခဲ့ကြောင်း Wa Nation society...
ပင်လောင်းမြို့နယ် ဆောင်းပြောင်းစစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်လာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၁၇)ရက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့ ဆောင်းပြောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထိုသို့ နေရပ်စွန့်ခွာ ပြည်သူများသည် ပင်လောင်းမြို့ပေါ်နှင့် တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့...





