CATEGORY

သတင်း

ရွေးကောက်ပွဲကို အွန်လိုင်းပေါ်ဝေဖန်သည့် တောင်ကြီးရောက် လားရှိုးစစ်ရှောင် ထောင် ၇ နှစ်ချခံရ

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဥပဒေဖြင့် ထောင်ဒဏ်(၇)နှစ် ချမှတ်လိုက်ကြောင်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) တွင် စစ်ကော်မရှင်လက်အောက်ခံ တောင်ကြီးမြို့နယ် တရားရုံးက အေးသာယာမြို့တွင် ရပ်ကွက်(၁) တွင် နေထိုင်သည့် လားရှိုးစစ်ဘေးရှောင် ကိုနေသွေး အား ရွေးကောက်ပွဲများကို...

မြန်မာနိုင်ငံ ကလေး သန်းနှင့်ချီ ပညာရေးဆုံးရှုံးနေ

နှစ်စဉ် စက်တင်ဘာလ ၈ ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံအနှံ့တွင် လူတိုင်းပညာသင်ယူခွင့်ရရှိစေရန် အသိပေးနှိုးဆော်သည့်နေ့အဖြစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပလေ့ရှိသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ (၇) သန်းဝန်းကျင် ရှိနေသည်။ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၉ ဒသမ...

UWSA ထိန်းချုပ် ဟိုပန်မြို့နယ်ထဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပါက ထောင်ချမည်ဟုဆို

သျှမ်းပြည် ဟိုပန်မြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ အကြောင်းပြကာ မဲဆွယ်စည်းရုံးပါက ထောင်ဒဏ် (၁၀) နှစ်မှ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်မည်ဟု ‘ဝ’တပ်ဖွဲ့ UWSA တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၄) ရက်နေ့၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြုလုပ်ခဲ့သည့်...

သီပေါရောက်စစ်ဘေးရှောင် ရိက္ခာပြတ်လပ်လာနိုင်

သျှမ်းပြည် သီပေါမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် စားနိပ်ရိက္ခာ ပြတ်လပ်လာပြီး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ သီပေါမြို့တွင် ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေသည့် စစ်ဘေးရှောင် (၂) ထောင်ကျော်တွင် ထမင်းစားရန် တစ်မိသားစုလျှင် ဆန်နို့ဆီဗူး ၄/၅ ဗူးသာ ကျန်ရှိတော့ကြောင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကတော့...

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...

တောင်ကြီးမြို့ပေါ် PNO ပြည်သူ့စစ်အယောင်ဆောင် အုပ်စုဖွဲ့ပြီး အမျိုးသားတစ်ဦးကို ချောင်ပိတ်ရိုက်နှက်

သျှမ်းပြည် တောင်ကြီးမြို့တွင် လူတစ်စုက ရွှေဘုန်းပွင့်ဘုရားဖူးပြီး ပြန်လာသည့် ‌ကားရှေ့တွင် ပိတ်ရပ်ပြီး ယာဉ်မောင်းသူ အမျိုးသားကို ချောင်ပိတ် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ မြစိမ်းတောင်ပေါ်ရှိ ရွှေဘုန်းပွင့်ဘုရားသွားဖူးပြီး ပြန်လာသည့် မိသားစု၏ ကားတစ်စီး...

ကြက်မောက်ရည်ဗူးထဲ မူးယစ်ဆေးထည့် သယ်လာသည့် မြန်မာအမျိုးသမီး မယ်ဆိုင်မှာ ဖမ်းဆီးခံရ

တာချီလိတ်-မယ်ဆိုင် နယ်စပ်စစ်ဆေးရေးဂိတ်တွင် ကြက်မောက်ရည်ဗူးထဲ စိတ်ကြွဆေးပြား တစ်သိန်း ခန့် ဝှက်ပြီး သယ်ဆောင်လာသည့် မြန်မာအမျိုးသမီးတစ်ဦးကို မယ်ဆိုင်အကောက်ခွန်စစ်ဆေးရေးဌာနက ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါးသတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက် ညနေပိုင်းတွင် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် အသက် (၁၈) နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး၏...

စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်နယ်မြေထဲ လေကြောင်းဗုံးဆက်တိုက်ကြဲ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့သို့ လေကြောင်းဗုံးဖြင့် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် စစ်ကော်မရှင်တပ်သည် တအာင်း(ပလောင်)...

တောင်ကြီး သုဿာန်မြေ ၂ ခုကို ဈေးဝယ်စင်တာဆောက်ရန် သီဟကုမ္ပဏီမှ ဝယ်ယူ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ဘုရားဖြူရပ်ကွက် နယ်မြေ(၃) အတွင်းရှိ ပါမိုးနဲသုသာန်နှင့် ဩသချောင်း သုဿာန်နှစ်ခုကို ရပ်ကွက်နေပြည်သူ ဆန္ဒမပါဘဲ ပြောင်းရွှေ့ခိုင်းပြီး သီဟကုမ္ပဏီမှ စျေးဝယ်စင်တာ ဆောက်ရန်အတွက် ဝယ်ယူလိုက်ကြောင်း သတင်းရရှိသည်။​ ရပ်ကွက်နေ ပြည်သူ့ဆန္ဒမပါပဲ နေရာ ပြောင်းရွှေ့ခိုင်းနေကြောင်း သတင်းရရှိသည်။ အဆိုပါ သုသာန်နှစ်ခုကို ထီသိမ်သုဿာန်နှင့် ဘေးကပ်လျက် မြေနေရာတွင်...

နွားပွဲစားနှစ်ဦး စကားများရန်ဖြစ်ပြီး ကားဖြင့်တိုက်သတ်

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် အမျိုးသားနှစ်ဦး နွားပွဲစားအချင်းချင်း ရန်ဖြစ် စကားများရာမှ ကားဖြင့် တိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် ‌အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး နွားပွဲစား အချင်းချင်း ရန်ဖြစ် စကားများခဲ့ကြရာ...

Latest news