Tuesday, January 27, 2026

ကမ္ဘာဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် မြန်မာရပ်တည်နေဆဲ

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း တရားမဝင် ဘိန်းထုပ်လုပ်မှု တန်ချိန် ၁,၀၁၀ အထိရှိခဲ့ပြီး ဘိန်းစိုက်ပျိုးမှု ဆယ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး (UNODC) က ထုတ်ပြန်သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမြေသည် ပြီးခဲ့သော ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်း တိုးလာပြီး ၅၃,၁၀၀ ဟက်တာအထိရှိလာသည်ဟု ယနေ့ (ဒီဇင်ဘာလ ၃) ရက်တွင် ထုတ်ပြန်သော UNODC ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါဘိန်းစိုက်ပျိုးမှုများအနက် သျှမ်းပြည်က တစ်နိုင်ငံလုံး အတိုင်းအတာ၏ ၈၀ ရာခိုင်နှုန်းအထိရှိပြီး အဓိက ဘိန်းစိုက်ပျိုး နယ်မြေတစ်ခုဖြစ်နေကြောင်း UNODC ဆိုထားသည်။

သျှမ်းပြည်ထဲက ဘိန်းခင်း

ယမန်နှစ် ၂၀၂၄ ခုနှစ်တွင် သျှမ်းပြည်တွင် ဘိန်းစိုက်ပျိုးမြေ ၃၉,၇၀၀ ဟက်တာရှိပြီး ယခုနှစ် ၂၀၂၅ ခုနှစ်တွင် ၄၆,၇၀၀ ဟက်တာအထိ တိုးလာကြောင်း ဆိုသည်။ အဆိုပါ ဘိန်းစိုက်ပျိုးဒေသများမှာ အဓိကအားဖြင့် သျှမ်းပြည်အရှေ့ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်းတို့ ဖြစ်ကြသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး (UNODC) မှ ဖော်ပြသော အချက်အလက်များအရ မတည်မငြိမ်ဖြစ်မှုက လယ်သမားများကို ဘိန်းစိုက်ပျိုးခြင်းဆီသို့ တွန်းပို့နေသော်လည်း ပြင်းထန်လာသော ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ၎င်းတို့၏ စိုက်ခင်းများကို ဂရုစိုက်ရန် ပိုမိုခက်ခဲလာသည်ဟု ဖော်ပြထားသည်။

မြန်မာပြည်က မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုအခြေအေန

“မြန်မာက အရေးကြီးဆုံးအခြေအနေကို ရောက်နေပြီ။ ဘိန်းစိုက်ပျိုးမှု ကျယ်ပြန့်လာတာကို ကြည့်ရင် လွန်ခဲ့တဲ့နှစ်တွေကစပြီး ဘိန်းစီးပွားရေး ပြန်အစပြုနေပြီဆိုတာနဲ့ ရေရှည်မှာ ပိုပြီးကြီးထွားလာနိုင်တယ်လို့ ညွှန်ပြနေတယ်” ဟု UNODC အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ကိုယ်စားလှယ်ဒယ်ဖင်ရှန့်ဇ်က ပြောသည်။

ယခု၂၀၂၅ခုနစ် အတွင်း ဘိန်းစိုက်ပျိုးမြေက သျှမ်းပြည်ပြီးလျှင် ကချင်ပြည်တွင် ၄,၂၅၀ ဟက်တာ၊ ကယား (ကရင်နီ) ပြည်တွင် ၆၂၈ ဟက်တာနှင့် စစ်ကိုင်းတွင် ၅၅၂ ဟက်တာ ရှိသည်ဟု UNODC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သျှမ်းပြည် မူးယစ်ဆေး အခြေအနေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News