CATEGORY

သတင်း

အေးသာယာမြို့ လူငယ်(၅) ဦးကို PDF ထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် အေးသာယာမြို့တွင် စစ်ကောင်စီ မှ လူငယ် (၅) ဦးကို (PDF) ထောက်ပံ့သည်ဟု စွပ်စွဲကာ သြဂုတ် ၆ ရက် ၊ ည (၁၂) ဝန်းကျင်တွင် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ သြဂုတ် ၆ ရက် ည...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်း ပြန်မရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတို့မှ သေနတ်ဖြင့် ပစ်သတ်ပြီး အလောင်းကိုလည်း မိသားစုဝင်ထံ ပြန်မပေးကြောင်း သတင်းသိရသည်။ ယမန်နေ့( သြဂုတ် ၉) ရက် ည ၈ နာရီတွင် မူဆယ်မြို့ တိန်းလုံကျေးရွာမှ ဒေသခံအမျိုးသား တစ်ဦး ဆိုင်ကယ်တစ်စီးဖြင့်...

နောင်ချိုမြို့ ဒေသခံ (၂) ဦးကို စစ်ကောင်စီက ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒေသခံ (၂) ဦးကို စစ်ကောင်စီက PDF ကိုထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ် (၇) ရက်နေ့တွင် စစ်ကောင်စီက စားသောက်ဆိုင်ပိုင်ရှင် (၂) ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။ “လွန်ခဲ့တဲ့ (၃) ရက်လောက်က စားသောက်ဆိုင် ပိုင်ရှင်...

သီပေါမြို့ ချောင်းဆုံတံတားပေါ်မှပြုတ်ကျ ရေနစ်သူ ရှာမတွေ့သေး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ချောင်းဆုံတံတားပေါ်မှ ပြုတ်ကျသွားပြီး ရေနစ်သေဆုံးသွားသော အသက် (၆၀) အရွယ်ရှိ အမျိုးသားတစ်ဦး ယနေ့အချိန်ထိ အလောင်းရှာမတွေ့သေးကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၇) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းချိန်တွင် ဦးဗျာလေးသည် ဆိုင်ကယ်ဖြင့် သီပေါမြို့မှ တာပုလဲရွာသို့ ပြန်သွားချိန် ညနေ (၃)နာရီ အချိန်တွင်...

ဟိုပုံးမြို့ရှိ CDM မှ Non – CDM ပြန်လည် ပြုလုပ်သည့် ဝန်ထမ်း များ (၈) လကြာ လစာမရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ရှိ Non CDM ပညာရေးဝန်ထမ်းများ နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများသည် (၈) လကြာ လစာမရသောကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ထမ်းများ နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများသည် ယခင်က (CDM) ပြုလုပ်ထားသော ဝန်ထမ်းများ ဖြစ်ခဲ့ကြပြီး...

မိုင်းဖုန်းဆရာတော် ကျန်းမာရေးအားနည်း ဆရာဝန်မှ အနီးကပ်ပြုစုပေးနေ

မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင် ညာဏသံဝရသည် မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာ ကျင့်ကြံမှုအောင်မြင်ပြီးနောက် ဂူမှထွက်လာကာ သျှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ မရပ်မနား သာသနာပြုခဲ့ရာ လက်ရှိအားနည်းပြီး မကျန်းမမာဖြစ်နေသဖြင့် ဆရာဝန်မှ...

သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်တွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်ပွား

ယခုနှစ် မိုးရာသီကာလတွင် ရာသီဥတုပြောင်းလဲမှု နှင့် သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်အတွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်လာကြောင်း သျှမ်းပြည်တွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များထံ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုတွင် ရေကြီးမှုဖြစ်ပြီး ပြည်သူများ သေဆုံးမှုထိရှိကြောင်း၊ ယခင်နှစ်က ရေမကြီးသည့် ဒေသတွင်လည်း ရေကြီးမှုဖြစ်လာကြောင်း...

တရုတ်ယွမ်ငွေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေသောကြောင့် ကုန်သည်များအခက်ကြုံ

မြန်မာ - တရုတ်နယ်စပ်ဒေသတွင် တရုတ်ယွမ်ငွေဈေးများ မြင့်တက်လာသဖြင့် နယ်စပ်ကုန်သည်များက ငွေလဲလှယ်မှု အခက်ခဲများ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်ယွမ် (၁၀၀) ကို မြန်မာကျပ်ငွေ (၄၀,၀၀၀) ကျပ်အထိ မြင့်တက် နေသဖြင့် ကုန်သည်များမှ ငွေလဲလှယ်မှု အခက်ခဲကြုံတွေ့နေရပြီး တချို့ကုန်သည်များမှာ...

ကွတ်ခိုင်မြို့နယ် အမျိုးသမီးများပါဝင်ပြီး မူးယစ်ဆေးဝါးများကို နှိမ်နင်းနေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းတွင် အမျိုးသမီးများကိုယ်တိုင် ဦးဆောင်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်း မူးယစ်ဆေးဝါး ယခင်ထက် ပိုမိုပေါများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူ နှိမ်နင်းခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများ စုပေါင်းကာ မူးယစ်ဆေးဝါးကို နှိမ်နင်းခြင်းဖြစ်ကြောင်း ပါဝင်လှုပ်ရှားသူ အမျိုးသမီးတစ်ဦးက...

မိုးရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် စစ်ရှောင် (၅၀၀) ကျော် အခက်အခဲကြုံတွေ့နေရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပန်လုံကျေးရွာသစ်မှ စစ်ရှောင်များ (၅၀၀) ကျော်သည် ယခုကာလတွင် မိုးရွာသွန်းမှုကြောင့် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ရှောင် (၅၀၀) ကျော်သည် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုမှ စစ်ရှောင်လာသည့်သူများဖြစ်ပြီး နေရပ်သို့ မပြန်နိုင်သေးသဖြင့် ယခု မိုးတွင်းကာလတွင်လည်း အလှူရှင်များနည်းပါးလာမှုကြောင့် အခက်အခဲ...

Latest news