တရုတ်ယွမ်ငွေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေသောကြောင့် ကုန်သည်များအခက်ကြုံ

မြန်မာ – တရုတ်နယ်စပ်ဒေသတွင် တရုတ်ယွမ်ငွေဈေးများ မြင့်တက်လာသဖြင့် နယ်စပ်ကုန်သည်များက ငွေလဲလှယ်မှု အခက်ခဲများ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် တရုတ်ယွမ် (၁၀၀) ကို မြန်မာကျပ်ငွေ (၄၀,၀၀၀) ကျပ်အထိ မြင့်တက် နေသဖြင့် ကုန်သည်များမှ ငွေလဲလှယ်မှု အခက်ခဲကြုံတွေ့နေရပြီး တချို့ကုန်သည်များမှာ တရုတ်ယွမ်များကို ပိုမိုအသုံးပြုလျက်ရှိနေကြောင်း မူဆယ်ကုန်သည် အမျိုးသားတစ်ဦး ထံမှ သိရသည်။

“ အရင်က တရုတ်ယွမ်ငွေ (၁၀၀) မှာ မြန်မာငွေ (၃၀,၀၀၀) ကျပ် ထိရှိတယ် ၊ အခုက (၄၀,၀၀၀) ကျပ် ထိ မြင့်တက်လာတယ်။ မြန်မာငွေဈေးနှုန်းက ဖောင်းပွတာရယ်၊ ကုန်ပစ္စည်းတွေက တရုတ်ပြည်ကို တင်ပို့လို့မရတာ၊ တရုတ်ငွေတွေက တက်ပြီးရင် ပြန်ကျဖို့တော့ ကြာတယ်။ ဘယ်တော့မှလည်း မကျဘူး “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး (၂) နှစ် နီးပါးအချိန်တွင် မြန်မာနိုင်ငံရှိ သစ်သီးကုန်သည်များမှာ (၉၅) ရာခိုင်နှုန်း အထိ ရပ်ဆိုင်းသွားခဲ့ရပြီး ကျန်ရှိသော (၅) ရာခိုင်နှုန်းမှာ တရုတ်ပြည်မှ ကုန်သည်များဖြစ်ကြသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

အလာတူး ဟိုပန်မြို့တွင် တရုတ်ယွမ်ငွေ မြင့်တက်နေခြင်းကြောင့် ကုန်သည်များမှာလည်း တရုတ်ယွမ်ငွေများကိုသာ ပိုမိုအသုံးပြုများလာကြောင်း ကုန်သည်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုတော့ တရုတ်ယွမ်ငွေကိုဘဲ အားကိုးရတယ်ပေါ့ဗျာ။ ယွမ်ငွေတွေ ကိုင်ထားရင် ပိုပြီးစိတ်အေးရတယ်။ တစ်ခါတစ်လေ မြန်မာကျပ်ငွေတွေက ရုတ်တရက်ကြီး ဈေးတွေတအားကျသွားရင် ကျနော်တို့မှာ ပိုပြီးနစ်နာတယ်၊ တရုတ်ယွမ်ငွေ ကိုင်ထားရင်တော့ အမြဲတမ်းစိတ်ချရတယ်“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကုန်ပစ္စည်းများမှာလည်း အဆမတန် မြင့်တက်နေသဖြင့် ဆိုင်တွင်းသို့ ကုန်ပစ္စည်းတင်သွင်းရန် တွက်ချေမကိုက်သောကြောင့် အရောင်းအဝယ်များ ရပ်ထားရသည်ဟု ဟိုပန်ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးကြီးကြီး နဲ့ ပေးဝယ်လာရတယ်၊ လယ်လုပ်တဲ့ သူတွေကို ပြန်ရောင်းပေးတယ်။ အခုက ဘာမှအရောင်းဝယ် မလုပ်တော့ဘူး၊ အရောင်းအဝယ် မလုပ်တော့လည်း အဆင်ပြေလားဆိုရင်လည်း မပြေဘူး။ အခုနေရာတိုင်းမှာ ကုန်ဈေးနှုန်းတွေက တအားတက်နေတယ်။ ရှေ့ဆက် အတွက်လည်း အခက်ခဲအများကြီး ရှိနေတယ်။ အခုကာလတွေမှာ ဒီလိုဘဲ အခက်ခဲတော့ ရှိနေတယ် “ ဟု ဈေးသည် အမျိုးသမီးက ပြောသည်။

အဆိုပါ စစ်အာဏာသိမ်းပြီး (၂) နှစ်နီးပါးတွင် စစ်အာဏာရှင်စနစ်၏ မှုဝါဒ ပြောင်းလဲမှုနှင့် မြန်မာပြည် ထွက်ကုန်ပစ္စည်းမရှိသည့်အတွက် အမေရိကန် ဒေါ်လာ ဈေးနှင့် အတူ တရုတ်ယွမ်ငွေ ၊ ထိုင်းဘတ်ငွေ များလည်း မြင့်တက်လာကာ ပြည်သူများ ပိုမိုကြပ်တည်းလာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...