နေပူရှိန်ကို အံ့တုပြီး အလုပ်သမားကဒ်လုပ်သူများ
SHAN -
ကျစ်ကျစ်တောက်ပူနေတဲ့ နေအရှိန်အောက်မှာ စာရွက်စာတမ်းကိုယ်စီ ကိုင်ပြီး ထီးဆောင်းကာ တချို့က ထိုင်နေကြသလို တချို့ကလည်း မတ်တပ်ရပ်ကာ တန်းစီစောင့်ဆိုင်း နေကြပါတယ်။ အဲ့လူတွေဟာ ရာချီရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ အလုပ်ခွင့်ရဖို့အတွက် Work Permit ကို လာရောက် သက်တမ်းတိုးကြဖို့ အတွက် စောင့်ဆိုင်းနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပဲ...
တာချီလိတ်မြို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့
မြန်မာ - ထိုင်းနယ်စပ် ဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရပ်ကွက်တစ်ချို့ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် လက်ရှိတွင် ရေများ ပြန်လည်ကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၈) ရက် မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ရှိ...
သျှမ်းပြည် ပြောင်းဈေးကောင်းရ၊ တခြားကုန်ပစ္စည်း ဈေးနှုန်းမကျသေး /ပြည်သူများခက်ခဲနေဆဲ
သျှမ်းပြည်အတွင်း ပြောင်းဈေးနှုန်းများ မြင့်တက်လာပြီး ဈေးကောင်းရသော်လည်း တခြား ကုန်ပစ္စည်း ဈေးနှုန်းများက ကျဆင်းခြင်းမရှိသည့်အတွက် ပြည်သူများ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှ စတင်ပြီး ယနေ့အချိန်အထိ သျှမ်းပြည်အတွင်း ရပ်စောက်မြို့နယ်၊ နောင်ချို မြို့နယ်၊ သန္နီမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်တို့နှင့် တခြားမြို့နယ်တို့မှ ပြောင်းဖူးရောင်းဈေးတို့သည်...
စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ် ဖယ်ခုံ PDF (၂) ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် PDF မှ (၂) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( အောက်တိုဘာ ၆)ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ ၏ ဖယ်ခုံအမြောက်တပ် နှင့်လွိုင်ကော်အမြောက်တပ်တို့က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းဆောင်ကန်းရွာကို လက်နက်ကြီးပစ်ခတ်ခဲ့ကြောင်း သိရသည်။ “...
ဟိုပုံးမြို့မဈေးတွင် သက်ဆိုင်ရာဌာနက လိုင်စင်စစ်ဆေးပြီး ပိုက်ဆံကောက်ခံနေ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မြို့မဈေးတွင် ယနေ့(အောက်တိုဘာ ၇)ရက်တွင် သက်ဆိုင်ရာဌာများက လာရောက်စောင့်ဆိုင်းပြီး ဈေးဝယ်လာသော ပြည်သူများကို ဆိုင်ကယ်လိုင်စင်မေးမြန်းပြီး ပိုက်ဆံကောက်ခံမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်း ၈ နာရီတွင် စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာဌာနများက ဟိုပုံးမြို့မဈေးသို့ ဈေးလာသုံးသော ပြည်သူများကို...
စက်သုံးဆီဈေး မကျသေးသည့်အတွက် ကျိုင်းတောင်းပြည်သူများ အခက်အခဲကြုံတွေ့နေရ
သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်အတွင်းတွင် ၅ လ တာကာလအတွင်း စက်သုံးဆီဈေးနှုန်းများသည် တစ်လီတာ ၃၆၀၀ ကျပ်ဝန်းကျင်မှ ကျဆင်းခြင်း မရှိသည့်အတွက် ဒေသခံပြည်သူများက အခက်အခဲကြုံတွေ့နေ ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ လင်းခေးခရိုင် ကျိုင်းတောင်းမြို့နယ်အတွင်းမှ စက်သုံးဆီဈေးနှုန်းများသည် ဓါတ်ဆီ 92 တစ်လီတာလျှင် ၃၃၅၀ ကျပ်၊ ဒီဇယ်...
နမ့်စန်မြို့နယ်ရုံးမှာ မှတ်ပုံတင်လုပ်သူများကို ကျပ် (၂) သိန်းဆီတောင်းယူ
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့နယ်ဦးစီးမှူးရုံးတွင် ယခုလတွင်း မှတ်ပုံတင်သွားလုပ်ကြသူများကို ဦးစီးမှူးက တစ်ယောက်ကို ကျပ် (၂) သိန်းဆီတောင်းယူနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင် အသက် (၁၈) နှစ်အောက် ကလေးမှတ်ပုံတင်ကို မြို့နယ်ဦးစီးမှူးရုံးသို့ သွားလုပ်ရင်း ဦးစီးမှူးက မြန်မာကျပ်ငွေ (၂) သိန်းယူခဲ့ကြောင်း ပိုက်ဆံမပေးဆောင်လျှင် မှတ်ပုံတင်မလုပ် ပေးကြောင်း...
နမ့်စလပ်ကျေးရွာအတွင်း လက်နက်ကြီးကျ အရပ်သားတစ်ဦးသေဆုံး ထိခိုက်ဒဏ်ရာရသူများရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အတွင်း လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၆) ရက် ည ၆ နာရီဝန်းကျင်တွင် နမ့်စလပ်ကျေးရွာ အုပ်စုမှ နမ့်အွန်ရွာနှင့် တွန်မုံရွာကြားတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး...
အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ
SHAN -
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...
မူဆယ်မြို့နယ် တရားသူကြီး သေနတ်ပစ်သတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တရားသူကြီးတစ်ဦးသည် ယနေ့ (အောက်တိုဘာ ၆)ရက် ညနေ ၅နာရီဝန်းကျင်၌ သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၆)ရက် ညနေ ၅နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး သုဟန်ပန်းချီရှေ့မှာ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ မူဆယ်မြို့နယ် တရားသူကြီး ရာဇာမင်းစိုးကို ပစ်သတ်လိုက်ကြောင်း မူဆယ်ဒေသခံ...





