Monday, May 6, 2024

မူဆယ်မြို့နယ် တရားသူကြီး သေနတ်ပစ်သတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တရားသူကြီးတစ်ဦးသည် ယနေ့ (အောက်တိုဘာ ၆)ရက် ညနေ ၅နာရီဝန်းကျင်၌ သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

မူဆယ်တရားသူကြီးသေနတ်ပစ်ခံရ

ယနေ့ (အောက်တိုဘာ ၆)ရက် ညနေ ၅နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး သုဟန်ပန်းချီရှေ့မှာ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ မူဆယ်မြို့နယ် တရားသူကြီး ရာဇာမင်းစိုးကို ပစ်သတ်လိုက်ကြောင်း မူဆယ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

” ပြည်ထောင်စုလမ်းမပေါ်က သုဟန်ပန်းချီရှေ့မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၂ယောက်က ဆိုင်ကယ်နဲ့လာပြီး ပစ်တာ။ သေနတ် (၆)ချက်ပစ်လိုက်တယ်။ ပွဲချင်းပြီးသေဆုံးသွားတယ်” ဟု မူဆယ်မြို့ ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် တရားသူကြီးသည် အသက် ၃၇ နှစ် သာရှိပြီး၊ ထိုသူသည် နာမည်ပျက်ဖြင့် နာမည်ကြီးနေသည့်သူဖြစ်ပြီး၊ အဂတိလိုက်စားမှုများလည်းရှိခဲ့သည့် သူတစ်ဦးဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article