Friday, December 2, 2022

တာချီလိတ်မြို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့

Must read

မြန်မာ – ထိုင်းနယ်စပ် ဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရပ်ကွက်တစ်ချို့ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် လက်ရှိတွင် ရေများ ပြန်လည်ကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၈) ရက် မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးမှုဖြစ်ပွားပြီးနောက် မနက် (၁၀) နာရီဝန်းကျင်အချိန်မှာ ရေများပြန်လည် ကျဆင်းသွားပြီဖြစ်ကြောင်း ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း က တာဝန်ရှိသူ တစ်ဦး ကပြောသည်။

တာချီလိတ်မြို့ ရေကြီးရေလျှံမှု ဖြစ်ပွား

“ခုတော့ ရေပြန်ကျသွားပါပြီ။ နေကလည်း ပူနေတာပဲ။ ရေဘေးဒုက္ခသည်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ရေတက်နေချိန် ထမင်း၊ ဟင်း ချက်ဖို့အချိန်မရှိတဲ့အတွက် အန်တီ တို့ လိုက်ပြီး ဝေပေးနေတာတော့ရှိတယ်” ဟု ဦးလှမိုး ပရဟိတ လူမှုကူညီရေးအသင်း တာဝန်ခံ တစ်ဦး ကပြောသည်။

တာချီလိတ်မြို့ အနိမ့်ပိုင်း ဖြစ်သည့် ဗိုလ်ချုပ်လမ်းမပေါ်၊ တာလော့ရပ်ကွက်၊ မကာဟိုခမ်း ရပ်ကွက် တို့သည် မယ်ဆိုင်ချောင်းရေ မြင့်တက်လာတိုင်း ရေကြီးရေလျှံမှု ဖြစ်ပွားကာ ဆိုင်များ၊ နေအိမ်များ ရေဝင်လေ့ရှိသည်။

“မိုးတအားကြီးလာရင် ညကတည်းက ကြိုတင်ပြင်ဆင်ထားတာတွေလုပ်တယ်။ ပစ္စည်းတွေ အပေါ်ရောက်အောင် ပြင်ဆင်ထားကြတယ်။ အပြင်ထုတ်တာတွေလည်းရှိတယ်” ဟု တာချီလိတ် ဒေသခံ တစ်ဦး ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ကျိုင်းတုံမြို့နယ် နှင့် မိုင်းဆတ်မြို့နယ်တို့တွင် ယခုနှစ်ရေကြီးမှုသည် ယခင်ကထက်ပိုမိုများလာကြောင်း သိရသည်။

သျှမ်းပြည်အရှေ့ ပိုင်း တာချီလိတ်မြို့နယ်အတွင်း သယံဇာတ ဓာတ်သတ္တုတူးဖော်မှုများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေကြသဖြင့် သဘာဝပတ်ဝန်းကျင်များသည် ယခင်ကထက် ပျက်စီးကာ မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပြီး၊ နွေရာသီတွင် ရေခန်းခြောက်မှုကို ပြည်သူများ ကြုံတွေ့လာရသည်။

Leave a Comments

- Advertisement -spot_img

Latest article