Wednesday, January 28, 2026

သျှမ်းပြည် ပြောင်းဈေးကောင်းရ၊ တခြားကုန်ပစ္စည်း ဈေးနှုန်းမကျသေး /ပြည်သူများခက်ခဲနေဆဲ

သျှမ်းပြည်အတွင်း ပြောင်းဈေးနှုန်းများ မြင့်တက်လာပြီး ဈေးကောင်းရသော်လည်း တခြား ကုန်ပစ္စည်း ဈေးနှုန်းများက ကျဆင်းခြင်းမရှိသည့်အတွက် ပြည်သူများ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သတင်းသိရသည်။

ပြောင်း

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှ စတင်ပြီး ယနေ့အချိန်အထိ သျှမ်းပြည်အတွင်း ရပ်စောက်မြို့နယ်၊ နောင်ချို မြို့နယ်၊ သန္နီမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်တို့နှင့် တခြားမြို့နယ်တို့မှ ပြောင်းဖူးရောင်းဈေးတို့သည် တစ်ပိဿာ ၆၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရောက်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိ ရက်ပေါင်း ၂၀ အတွင်း ပြောင်းဖူးဈေးကကောင်းနေတယ်၊ ကျနော်တို့မြို့ (ရပ်စောက်မြို့) မှာ တစ်ပိဿာ ၇၂၀ ကျပ်အထိ ဈေးရတယ်၊ အဲ့လိုပြောင်းဈေးက ကောင်းနေပေမဲ့ တခြား လူသုံးကုန်ပစ္စည်းတွေက မကျသေး တော့ ဘာမှတော့ ထူးပြီးမမြတ်ပါဘူး” ဟု ရပ်စောက်မြို့နယ်မှ ပြောင်းဖူးရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ထို့နည်းအတူပင် နောင်ချိုမြို့နယ်အတွင်းမှ ပြောင်းကုန်သည်များ ဝယ်ယူသည့် ပြောင်းဈေးနှုန်းများလည်း ကောင်းမွန်နေကြောင်း ဒေသခံများထံမှ သိရသည်။

“လက်ရှိပြောင်းဖူးဈေးက အခြောက်ဆိုရင် ၁၀၀၀ နီးနီးဈေးရတယ်၊ အစိုဆိုရင်တော့ ၆၀၀ ကျပ်ဝန်းကျင် လောက်ပေါ့၊ စစ်အာဏာမသိမ်းခင်တုန်းကဆိုရင် ပြောင်းအခြောက် တစ်ပိဿာကို ၁၅၀၀ အထိ ရဖူးတယ်၊ အခုလို ပြောင်းဖူးဈေးကောင်းရတဲ့အချိန် တခြာ ကုန်ဈေးနှုန်းလည်း ကျရင် ကောင်းမှာပဲ” ဟု နောင်ချိုမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှ စတင်ကာ သိန္နီမြို့နယ် အတွင်း ပြောင်းဖူး ပိဿာ ၃၀ တစ်အိတ်ကို ၂၈၀၀၀ ကျပ်ကနေ ၂၉၀၀၀ ကျပ်အထိ ဈေးကောင်းရနေကြောင်း သိန္နီဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကျိုင်းတောင်းမြို့နယ်အတွင်းတွင်လည်း ပြောင်းဖူးအခြောက် ၇၀၀ ကျပ် နှင့် တချို့သော ကုန်သည်ပြောင်းပွဲရုံများတွင်လည်း ၈၀၀ ကျပ်အထိ ဈေးကောင်းရကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချိုမြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်နေရသည့် ဒေသခံ အများစုသည် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ပထမ)ပတ်မှ စတင်၍ ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)အထိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်သဖြင့် တအာင်း(ပလောင်) အမျိုးသား...

စားဝတ်နေရေးခက်ခဲသည့်ကြား စစ်ကောင်စီ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တောင်ကြီးမြို့ ရပ်ကွက် (၂၂) ရပ်ကွက်ကို ညမီးကြီး ၄လုံးနှင့် စိန်နပန်း...

ဆီဆိုင်ဒေသခံများ စားဝတ်နေရေး အသက်လောင်းကြေးထပ်ပြီး စိုက်ပျိုးရေး ပြန်လုပ်နေရ

0
သျှမ်းတောင် ဆီဆိုင်ဒေသခံများသည် စားဝတ်နေရးအခက်ခဲကြောင့် အန္တရာယ်ကြားမှ အသက်လောင်းကြေးထပ်ကာ စိုက်ပျိုးရေး ပြန်လုပ်ကိုင်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သျှမ်းတောင်၊ဆီဆိုင်မြို့နှင့် ကျေးရွာများတွင် နေရပ်ပြန်လာသည့်စစ်ရှောင်များသည် စားဝတ်နေရေး အခက်ခဲကြောင့် မြေမြုပ်မိုင်းအန္တရာယ်၊ လက်နက်ကြီး အန္တရာယ်ကြားကနေ စိုက်ပျိုးရေးကို ပြန်လုပ်ကိုင်နေရပြီး အလှူရှင်များ နည်းပါးလာတာကြောင့် စားဝတ်နေရေးအတွက် စွန့်စားစိုက်ပျိုးနေကြရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မှုများရှိကြောင်း...

အင်းလေး စက်လှေလုပ်သားများ စားဝတ်နေရေးပိုကြပ်တည်းလာ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် စက်လှေမောင်းလုပ်ငန်း လုပ်ကိုင်နေသော ဒေသခံများ စားဝတ်နေရေး ပိုကြပ်တည်းလာပြီး ရရာအလုပ်များလုပ်ကိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှုများရှိခဲ့သော်လည်း လက်ရှိ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်တွင် ခရီးသွားများသည် ယခင်ကထက် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း လာရောက် လည်ပတ်သူများထဲသူ လူငယ်များမပါဝင်တော့ကြောင်း စက်လှေသမားများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့ကြောင့်...

သျှမ်းပြည်သို့ စစ်ဘေးရှောင်လာသူများ စားဝတ်နေရေး ခက်ခဲ၊ ကြုံရာကျပန်းလုပ်နေရ

0
သျှမ်း-ကရင်နီတကြော သျှမ်းပြည်သို့ အရေးပေါ် စစ်ဘေးရှောင်လာသောသူများသည် စားဝတ်နေရေး ခက်ခဲနေကြသဖြင့် ကြုံရာကျပန်းလုပ်ကိုင်ပြီး ဝမ်းရေးအတွက် ရှာဖွေနေကြရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီနယ်စပ် နှင့် ကရင်နီပြည် အတွင်း “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှစပြီး သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေး‌ နှင့်...