စားဝတ်နေရေးခက်ခဲသည့်ကြား စစ်ကောင်စီ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တောင်ကြီးမြို့ ရပ်ကွက် (၂၂) ရပ်ကွက်ကို ညမီးကြီး ၄လုံးနှင့် စိန်နပန်း ၄ လုံးကို မဖြစ်မနေ ပြုလုပ်ရန် စစ်ကောင်စီမှ ဖိအားပေးခိုင်းစေနေကြောင်း တောင်ကြီးဒေသခံများပြောပြချက်အရသိရသည်။

လက်ရှိကာလသည် အခြေခံစားသောက်ကုန်စျေးမြင့်တက်နေပြီး ငွေကြေးခက်ခဲနေသည့်ကြား ညမီးကြီး တစ်လုံးကို သိန်း ၇၀ ကုန်ကျမည်ဖြစ်ပြီး စိန်နပန်းမီးပုံးပျံ တစ်လုံးလျှင် သိန်း ၄၀ ကျော်ကုန်ကျကာ ပြုလုပ်ပေးရသည်။

“ ပွဲရက်ကလည်း နီးလာပြီ ပိုက်ဆံက ထည့်စရာမရှိသေးဘူး။ စားဖို့တောင် အနိုင်နိုင်နဲ့။ သူတို့က နေအိမ်တွေတော့ ဘယ်လောက်လို့ သတ်မှတ်ပြီး ငွေကောက်တာမရှိဘူး။ ဈေးဆိုင်တွေတော့ တစ်အိမ် သုံးသောင်းကျပ်ကောက်တယ်။ ညမီးကြီး တစ်လုံးကိုတောင် သိန်း ၇၀ လောက်ကုန်တာ။ ပိုက်ဆံလည်း ထည့်ဖို့မရှိ လုပ်စားရတာလဲ မလွယ်ဘူး။” ဟု တောင်ကြီး ရွှေတောင် ရပ်ကွက်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အရင်နှစ်တန်ဆောင်တိုင်ပွဲတော်

ယမန်နှစ် ၂၀၂၃ ခုနှစ်တွင် ပွဲမစည်သောကြောင့် နေ့စား သမားများကို တစ်နေ့ ၈ထောင်ဖြင့် ပွဲသွားခိုင်းခဲ့ပြီး ယခုနှစ်များတွင်လည်း နေ့စားသမားအတွက် ပွဲတော်အတွင်း ငှားရမ်းမှုများ ရှိလာနိုင်ကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

အဆိုပါ တန်ဆောင်တိုင်ပွဲကို တောင်ကြီးမြို့ ရပ်ကွက်ပေါင်းစုံနှင့် အေးသာယာ၊ ဟိုပုံး ဘက်ရှိ ဒေသခံများလည်း ပူးပေါင်း ပါဝင်မည်ဖြစ်ပြီး ရိုးရာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သျှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မြို့ပေါ်တွေ ကော ရပ်ကွက်တွေ၊ လုပ်ငန်းရှင်တွေကော ပါဝင်လုပ်ဆောင်တာ။ ဒါတွေအားလုံး ကိုယ့်ရိုးရာ မပျက်အောင် ထိန်းသိမ်းပြီးလုပ်တာ။ ပြီးခဲ့နှစ်က လပြည့်နဲ့ အဖိတ်မှာ စည်တယ်ပေါ့။ ဒီနှစ်တော့ ပိုပြီးတော့ စည်အုံးမှာပေါ့။ ကားတွေပိတ်ကျပ်နေမှာ သတင်းကျွတ်တောင် ကားပိတ်တာ။တန်ဆောင်တိုင်ဆိုရင်တော့ ပြည့်နေမှာ သေချာတယ်။” ဟု သျှမ်းပြည်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များ အသင်းမှ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

တန်ဆောင်တိုင်ပွဲတော်

တန်ဆောင်တိုင်ပွဲတွင် မီးပုံးပျံ ပါဝင် လုပ်ဆောင်သွားမည့်အဖွဲ့ကို ဖေ့ဘွတ် ပေ့ချ်မှာ ကြေညာပေးသွား ဖြစ်ကြောင်း ထပ်လောင်းပြောသည်။

ထိုနောက် တောင်ကြီးဒေသခံ တစ်ဦးမှလည်း တန်ဆောင်တိုင်ပွဲကို ဓားပြရန်နှင့် ခါးပိုက်နှိုက်ရန်ကို ကြောက် သဖြင့် ပါဝင်ဆင်နွုဲမည် မဟုတ်ကြောင်းနှင့် ယခုနှစ်များတွင် စစ်ရှောင်များ များပြားလာသဖြင့် ပွဲတော်ပို၍ စည်ကားလာနိုင်ကြောင်း ပြောသည်။

ယခုလက်ရှိတောင်ကြီးတွင် သျှမ်းမြောက်မှ စစ်ဘေးရှောင်နှင့် ကရင်နီဘက်မှ စစ်ရှောင်များ လာရောက်ခိုလုံနေကြကြောင်း သိရသည်။

စစ်ကောင်စီက ကျင်းပခိုင်းသည့် ဖောင်တော်ဦးဘုရားပွဲကို ရေကြီးရေလျှံမှုဖြစ်သောကြောင့် မကျင်းပဖြစ်ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...