TNLA နှင့် PDF တို့ ပူးပေါင်းပြီး မူဆယ် – မန္တလေး ကားလမ်းမပေါ် ပိုက်ဆံကောက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - မန္တလေး ကားလမ်းမပေါ်တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီး အရင်ထက် ပိုမို အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၈...
ထောင်ဝင်စာကို ရက်အကန့်အသတ်မရှိ စစ်ကောင်စီ ပိတ်ပင်ထား
သျှမ်းပြည်အတွင်းရှိ အကျဥ်းထောင်များသို့ ထောင်ဝင်စာတွေ့ခွင့်ကို စစ်ကောင်စီတပ်ဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ (၂၀) ရက်မှ စတင်ပြီး စစ်ကောင်စီက သျှမ်းပြည်တွင်း သာမက မြန်မာနိုင်ငံတွင်းရှိ အကျဥ်းထောင်များအားလုံးကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ထားကြောင်း စုံစမ်းသိရှိရသည်။ “လူတွေ့ ခွင့်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတွေက...
အင်းလေးမှာ စစ်ကောင်စီ မှ ပြည်သူ့စစ် ထဲဝင်ရန် လိုက်လံစည်းရုံးနေ
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်းရှိ ပြည်သူများထံ ပြည်သူ့စစ်ထဲဝင်ရန် စစ်ကောင်စီ လက်အောက်ခံများက လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရှိရသည်။ ယခု အောက်တိုဘာလ ပထမပတ် မှစတင်ပြီး အင်းလေးဒေသ အင်းပေါခုံကျေးရွာရှိ စစ်ကောင်စီသည် ပြည်သူများကို ပြည်သူ့စစ်ထဲ ဝင်ရန်အတွက် တစ်ယောက်လျှင် ကျပ်ငွေ တစ်သိန်းခွဲ နှင့် ဆန်တစ်အိတ်...
တန့်ယန်းမြို့ အမျိုးသမီးတစ်ဦး ဓားထိုးသတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ရှိ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး မြေး နှင့် နေအိမ်တွင်းရှိနေစဥ် အမျိုးသား တစ်ဦး ဝင်လာပြီး ဓား နှင့် အချက်ပေါင်းများစွာဖြင့် ထိုးသတ်ခံရကြောင်း သတင်း သိရသည်။ ယမန်နေ့ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂...
မူဆယ်မြို့ (၁၀) နှစ်ကျော် လူငယ်နှစ်ဦး ပစ္စည်းဝင်ခိုး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဈေးရပ်ကွက်တွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် လူငယ် ၂ ဦး ဈေးဝယ်ယောင်ဆောင်ပြီး လက်ကိုင်ဖုန်း ဝင်ခိုးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၅ နာရီခွဲ ဝန်းကျင်တွင် အမျိုးသား လူငယ် (၂) ဦး...
နမ်ႉခမ်းမြို့နေ ပြည်သူများ အခွန်ပေးဆောင်မှုပျက်ကွက်ပါက အရေးယူမည်ဟု KIA ထုတ်ပြန်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရောက်ရှိ လှုပ်ရှားနယ်မြေအတွင်းနေ ဒေသခံ ပြည်သူများအနေဖြင့် အခွန်ဆက်ကြေး ပေးဆောင်မှု ပျက်ကွက်ပါက အရေးယူသွားမည်ဟု KIA ထုတ်ပြန် ထားသည်။ အဆိုပါ အခွန်ဆက်ကြေး ပေးဆောင်ရမည်မှာ KIA အမှတ် (၄) ၊ အမှတ် (၆)...
မိုင်းပျဥ်းမြို့မဈေးအတွင်း မိုင်းပေါက်ကွဲ၊ ဈေးသည် တစ်ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းမြို့နယ် မြို့မဈေးအတွင်းတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ဈေးသည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ (၁၉) ရက် နံနက် (၆) နာရီကျော်ဝန်းကျင်တွင် ဈေးအတွင်း မိုင်းပေါက်ကွဲခြင်း ဖြစ်ပြီး ဟင်းသီးဟင်းရွက်ရောင်းရန်လာသည့် အမျိုးသမီးတစ်ဦးမှ...
ရပ်စောက်မြို့နယ် အတွင်း တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွား
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် လက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ရပ်စောက်မြို့နယ်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း တည်ရှိရာမြို့ဖြစ်ပြီး ခြေလျင် တိုက်ခိုက်ရေး တပ်များ၊ လက်ရုံး ဝန်ထမ်းတပ်များ အခြေစိုက်နေရာ ဖြစ်သည့်အပြင်...
မူဆယ်မြို့ စစ်ကောင်စီ အရာရှိ တစ်ဦး ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၄၂၁ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၈) ရက် နေလည်ပိုင်းတွင် မူဆယ်မြို့ ၁၀၅ မိုင်ရှိ ကားဝပ်ရှော့ဆိုင်တစ်ခုသို့ ကားလာပြင်သည့် တပ်ရင်းမှူး ဒု - ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ကို...
ဖယ်ခုံမြို့ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်၊ အင်းလှေဆိပ်ကို အကြောင်းမဲ့ ပိတ်
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် ယနေ့ အောက်တိုဘာ (၁၈) ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီဘက်မှ အကြောင်းမဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး အင်းလှေဆိပ်ကို စစ်ကောင်စီ က သွားလာခွင့် ပိတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။ “တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့ ဘက်က တစ်ဖက်သတ်ပစ်နေတာ။ ဆောင်ကန်းကျေးရွာက...





