Wednesday, January 28, 2026

မူဆယ်မြို့ စစ်ကောင်စီ အရာရှိ တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၄၂၁ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၈) ရက် နေလည်ပိုင်းတွင် မူဆယ်မြို့ ၁၀၅ မိုင်ရှိ ကားဝပ်ရှော့ဆိုင်တစ်ခုသို့ ကားလာပြင်သည့် တပ်ရင်းမှူး ဒု – ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ကို အမည်မသိလက်နက်ကိုင် လူနှစ်ဦးက သေနတ်ဖြင့် ၈ ချက်ထက်မနည်း လာရောက်ပစ်သတ်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူက မူဆယ်မြို့ကနေ ထွက်လာပြီး ၁၀၅ မိုင် ကားဝပ်ရှော့ဆိုင်မှာ ကားလာပြင်တာ။ နေ့လည်ပိုင်း ၁ နာရီခွဲ လောက်က ပစ်ခတ်ခံရတယ်။ အရပ်ရှည်ရှည်နဲ့ ပိန်ပိန်ပါးပါး လူနှစ်ယောက်က လာပစ်သွားတယ်။ ပစ်တာတော့ ၈ ချက် ထက်မနည်းဘူး “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

မူဆယ် (၁၀၅) မိုင်

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လူအင်အားအများအပြား ရောက်ရှိလာပြီး ညနေပိုင်း ၄ နာရီခွဲအချိန်ထိ စစ်ဆေးရေးမှု တင်းကြပ်ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက မူဆယ်မြို့ နှင့် ၁၀၅ မိုင်မှာ စစ်ဆေးရေးများ တင်းကြပ် ပြုလုပ်နေပြီး မူဆယ်မြို့ရှိ စစ်ကောင်စီ တပ်ရင်းမှူးများကို အခြားဒေသသို့ ပြောင်းရွှေ့ပြုလုပ်နေကြောင်း ဒေသခံတစ်ဦး ကပြောသည်။

“ဒီနေ့ထိ ၁၀၅ မိုင် နဲ့ မူဆယ်မြို့မှာ စစ်ဆေးရေး တင်းကြပ်နေတယ်။ မူဆယ်မြို့မှာတော့ ပိုပြီးတင်းကြပ် ထားတယ်။ မူဆယ်မြို့ တပ်ရင်းမှူးတွေကို နမ့်ဖက်ကာဘက် ပြောင်းရွှေ့နေတယ်။ နမ့်ဖက်ကာဘက် တပ်ရင်းမှူးကို မူဆယ်ဘက်မှာ ပြောင်းရွှေ့လာတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော် ကာလမှာ သျှမ်းပြည်နယ် ဒေသအသီးသီးရှိ စစ်ကောင်စီ၏ လက်အောက်ခံ အရာရှိများ မကြာခဏ ပစ်သတ်ခံနေရကြောင်း သိရသည်။

ထို့အပြင် မူဆယ်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အများအပြားရှိသည့် နယ်မြေဖြစ်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ လှုပ်ရှားသော နယ်မြေတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...