မူဆယ်မြို့ စစ်ကောင်စီ အရာရှိ တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ၄၂၁ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၈) ရက် နေလည်ပိုင်းတွင် မူဆယ်မြို့ ၁၀၅ မိုင်ရှိ ကားဝပ်ရှော့ဆိုင်တစ်ခုသို့ ကားလာပြင်သည့် တပ်ရင်းမှူး ဒု – ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ကို အမည်မသိလက်နက်ကိုင် လူနှစ်ဦးက သေနတ်ဖြင့် ၈ ချက်ထက်မနည်း လာရောက်ပစ်သတ်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူက မူဆယ်မြို့ကနေ ထွက်လာပြီး ၁၀၅ မိုင် ကားဝပ်ရှော့ဆိုင်မှာ ကားလာပြင်တာ။ နေ့လည်ပိုင်း ၁ နာရီခွဲ လောက်က ပစ်ခတ်ခံရတယ်။ အရပ်ရှည်ရှည်နဲ့ ပိန်ပိန်ပါးပါး လူနှစ်ယောက်က လာပစ်သွားတယ်။ ပစ်တာတော့ ၈ ချက် ထက်မနည်းဘူး “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

မူဆယ် (၁၀၅) မိုင်

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လူအင်အားအများအပြား ရောက်ရှိလာပြီး ညနေပိုင်း ၄ နာရီခွဲအချိန်ထိ စစ်ဆေးရေးမှု တင်းကြပ်ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက မူဆယ်မြို့ နှင့် ၁၀၅ မိုင်မှာ စစ်ဆေးရေးများ တင်းကြပ် ပြုလုပ်နေပြီး မူဆယ်မြို့ရှိ စစ်ကောင်စီ တပ်ရင်းမှူးများကို အခြားဒေသသို့ ပြောင်းရွှေ့ပြုလုပ်နေကြောင်း ဒေသခံတစ်ဦး ကပြောသည်။

“ဒီနေ့ထိ ၁၀၅ မိုင် နဲ့ မူဆယ်မြို့မှာ စစ်ဆေးရေး တင်းကြပ်နေတယ်။ မူဆယ်မြို့မှာတော့ ပိုပြီးတင်းကြပ် ထားတယ်။ မူဆယ်မြို့ တပ်ရင်းမှူးတွေကို နမ့်ဖက်ကာဘက် ပြောင်းရွှေ့နေတယ်။ နမ့်ဖက်ကာဘက် တပ်ရင်းမှူးကို မူဆယ်ဘက်မှာ ပြောင်းရွှေ့လာတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး ၁ နှစ်ကျော် ကာလမှာ သျှမ်းပြည်နယ် ဒေသအသီးသီးရှိ စစ်ကောင်စီ၏ လက်အောက်ခံ အရာရှိများ မကြာခဏ ပစ်သတ်ခံနေရကြောင်း သိရသည်။

ထို့အပြင် မူဆယ်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အများအပြားရှိသည့် နယ်မြေဖြစ်ပြီး တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ လှုပ်ရှားသော နယ်မြေတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...