Tuesday, January 27, 2026

TNLA နှင့် PDF တို့ ပူးပေါင်းပြီး မူဆယ် – မန္တလေး ကားလမ်းမပေါ် ပိုက်ဆံကောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ် – မန္တလေး ကားလမ်းမပေါ်တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ပူးပေါင်းပြီး အရင်ထက် ပိုမို အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင် မူဆယ် – မန္တလေး ကားလမ်းမပေါ် ခရီးသွားပြည်သူများထံ ကုန်တင်ကား တစ်စီးလျှင် ကားဘီး အရေအတွက်ဖြင့် တစ်ဘီးကို ကျပ်ငွေ (တစ်သိန်း မှ နှစ်သိန်း) အထိ ကောက်ခံနေကြောင်း နောင်ချိုဒေသခံ ကားဆရာ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ TNLA နဲ့ PDF တို့ပေါင်းပြီး ကားတိုင်းပဲ သူတို့ စောင့်ပြီး ဆက်ကြေးကောက်တာ။ ကားအသေးတွေဆို ကုန်တင်ကားကြီးလို ဘီးတော့ မရေတွက်ဘူး။ အဲ့လို ၁ သိန်း ကနေ ၂ သိန်း ထိ ကောက်လိုက်တာ။ မနေ့က ကားဆရာတစ်ဦးက ၁ သိန်း ၂ သောင်းပေးလိုက်ရတယ်။ ဒါပေမယ့် ဖြတ်ပိုင်းထဲက ၁ သိန်းပဲ ရေးထားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

TNLA

အဆိုပါ တအာင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်းပြီး ဆက်ကြေး ကောက်နေစဉ်အတွင်း စစ်ကောင်စီဘက်က စစ်အင်အား (၄၀) ကျော်ခန့် စစ်အင်အား ဖြည့်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

“သီပေါမြို့နယ် နောင်ကောရွာဘက်က စစ်ကောင်စီ ခ.လ.ရ (၁၄၇) တပ်သားတွေပဲ။ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီးတော့ TNLA နဲ့ PDF ကနောက်ဆုတ်သွားတယ် “ ဟု မူဆယ် – မန္တလေး ကားလိုင်းမောင်းနေသည့် သူတစ်ဦးက ပြောသည်။

အလားတူ မူဆယ် (၁၀၅) မိုင်မှာလည်း အာဏာသိမ်း စစ်ကောင်စီတပ်က တရားဝင် ဂိတ်ထောင်ပြီး အခွန် အမည်ဖြင့် ပုံမှန် ပိုက်ဆံကောက်လျှက် ရှိပါသည်။

ထို့အပြင် မူဆယ် – မန္တလေး ကားလမ်းမပေါ်တလျောက် ခရီးသွား ပြည်သူများထံ ဆက်ကြေးကောက်ခံမှုများ ၁၀ ခုထက် မနည်း ရှိပြီး စစ်ကောင်စီ၊ တအာင်း (ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA/KIO) တပ်ဖွဲ့များဖြစ်ကြကြောင်း ဒေသခံများက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...