မူဆယ်မြို့ (၁၀) နှစ်ကျော် လူငယ်နှစ်ဦး ပစ္စည်းဝင်ခိုး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဈေးရပ်ကွက်တွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် လူငယ် ၂ ဦး ဈေးဝယ်ယောင်ဆောင်ပြီး လက်ကိုင်ဖုန်း ဝင်ခိုးခဲ့ကြောင်း စုံစမ်းသိရှိရသည်။


ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၅ နာရီခွဲ ဝန်းကျင်တွင် အမျိုးသား လူငယ် (၂) ဦး လူသူ မရှိချိန် စျေးဝယ်ယောင်ဆောင်ပြီး ဖုန်းဝင်ခိုးခဲ့ရာ အိမ်ရှင်က ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်း သိရှိရသည်။


“မနက်အစောကြီး ခေါက်ဆွဲဝယ်မယ်ဆိုပြီး ဝင်လာတာ။ မရှိဘူးလို့ ပြောလိုက်တယ်။ အဲ့တာ နဲ့ သူက ကောင်တာနားက ဖုန်းကို လာဖြုတ်တာ။ ကျနော်တွေ့လိုက်တော့ တုတ် နဲ့ ဝင်ရိုက်လိုက်တယ်။ အသက်က ငယ်သေးတယ်။ ၁၈ နှစ် ၁၉ နှစ် လောက်ပဲရှိသေးတယ်” ဟု ဖောက်ခံရသည့် အိမ်ရှင်က ပြောသည်။

မူဆယ်မြို့


အဆိုပါ အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ဦးက ဆိုင်အပြင်ဘက်ရှိ ဆိုင်ကယ်ပေါ် ထိုင်စောင့် နေကြောင်း သိရသည်။

လူငယ်များ ယခုလို ခိုးယူလာမှုကြောင့် တစ်ချို့မိဘ က သား/သမီး ရှေ့ရေး အတွက် ရင်လေးမိကြောင်း အသက် ၅၀ အရွယ် အမျိုးသမီး ကပြောသည်။


“အခုက တော်တော်ဆိုးလာပြီ။ လူငယ်တွေလည်း ခိုးတက်လာတယ်။ ပိုပြီးတော့ ကြောက်ရတယ်။ ဒီနေ့ဆိုရင် လာခိုးတဲ့သူက ငယ်ငယ်လေးပဲရှိတယ်။ နောင်ကျရင် လူငယ်တွေ ပျက်စီးသွားမှာကို စိုးရိမ်မိတယ်။ လူငယ်တွေလည်း တဖြည်းဖြည်း နဲ့ ပျက်စီးလာပြီ” ဟု ၎င်းက ပြောသည်။


ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့တွင်လည်း မူဆယ်မြို့ရှိ အမျိုးသမီး ၂ ဦး လမ်းမကြီးပေါ် စကားပြောနေချိန်တွင် ဖုန်းလုယက် ခံခဲ့ရကြောင်း သိရသည်။


စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး နှင့် စီးပွားရေး ကျဆင်းလာမှုကြောင့် သျှမ်းပြည်အတွင်း သူခိုး၊ ဓားပြ ပေါများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူဆောင်ရွက်ပေးမှု မရှိပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...