ထောင်ဝင်စာကို ရက်အကန့်အသတ်မရှိ စစ်ကောင်စီ ပိတ်ပင်ထား

သျှမ်းပြည်အတွင်းရှိ အကျဥ်းထောင်များသို့ ထောင်ဝင်စာတွေ့ခွင့်ကို စစ်ကောင်စီတပ်ဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၂၀) ရက်မှ စတင်ပြီး စစ်ကောင်စီက သျှမ်းပြည်တွင်း သာမက မြန်မာနိုင်ငံတွင်းရှိ အကျဥ်းထောင်များအားလုံးကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ထားကြောင်း စုံစမ်းသိရှိရသည်။

“လူတွေ့ ခွင့်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတွေက ပိတ်ထားတယ်၊ ရှေ့နေ လောက် နဲ့ ပဲ တွေ့ခွင့်ရကြတာ၊ အခုတော့ ထောင်ဝင်စာတွေ့ခွင့် ပါ ပိတ်လိုက်တော့ လူတွေ့နိုင်ဖို့လည်း ဝေးတာပေ့ါ ၊ အကျဥ်းထောင်မှ မဟုတ်ဘူး၊ အချုပ်ခန်းတွေမှာလည်း ထောင်ဝင်စာပို့လို့ မရတော့ဘူး၊ အကျဥ်း ဦးစီးဌာနဘက်ကလည်း ပြောထားတယ်” ဟု တောင်ကြီးမြို့မှ ရှေ့နေတစ်ဦးက ပြောသည်။

တောင်လေးလုံး အကျဥ်းထောင်

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေး အကျဉ်းကျ ခံနေရသူများ ရှိနေသည့် အကျဥ်းထောင်များတွင် ထောင်ဝင်စာ ပါဆယ်ပေး ပို့မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ ထောင်ဝင်စာ ပိတ်ပင်တားဆီးခြင်းသည် အကျဥ်းကျ ခံနေရသူများ၏ အခြေအနေကို မသိရှိနိုင်သည့်အပြင် ၎င်းတို့အတွက် စိုးရိမ်ရကြောင်းလည်း သိရသည်။

“ထောင်ကကျွေးတဲ့ အစာအာဟာရတွေက လောက်ရဲ့ လားပေါ့၊ ပြီးတော့ အထဲရောက်နေတဲ့ ကိုယ့်လူတွေဆီကို စာလေး နဲ့ အဆက်အသွယ်ရခဲ့ရင် တမျိုးကောင်းသေးတယ်လေ၊ အခုတော့ ထောင်ဝင်စာလည်း ပို့လို့မရတော့၊ အထဲရောက်နေတဲ့ သူတို့ အခြေအနေကို စိတ်ပူတာတော့ ရှိပါတယ်” ဟု လားရှိုးမြို့နယ်မှ အမည်မဖော်လိုသူ အကျဥ်းသား တစ်ဦး၏ မိတ်ဆွေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း သျှမ်းပြည်အတွင်းမှ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များ၊ အရပ်သားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများ နိုင်ငံရေး အကျဥ်းသား စုစုပေါင်း ခန့်မှန်းဦးရေ (၅၀၀) ကျော် ရှိနေကြောင်း အောက်တိုဘာ (၁၉) ရက်က AAPP ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...