Wednesday, January 28, 2026

ထောင်ဝင်စာကို ရက်အကန့်အသတ်မရှိ စစ်ကောင်စီ ပိတ်ပင်ထား

သျှမ်းပြည်အတွင်းရှိ အကျဥ်းထောင်များသို့ ထောင်ဝင်စာတွေ့ခွင့်ကို စစ်ကောင်စီတပ်ဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၂၀) ရက်မှ စတင်ပြီး စစ်ကောင်စီက သျှမ်းပြည်တွင်း သာမက မြန်မာနိုင်ငံတွင်းရှိ အကျဥ်းထောင်များအားလုံးကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ထားကြောင်း စုံစမ်းသိရှိရသည်။

“လူတွေ့ ခွင့်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတွေက ပိတ်ထားတယ်၊ ရှေ့နေ လောက် နဲ့ ပဲ တွေ့ခွင့်ရကြတာ၊ အခုတော့ ထောင်ဝင်စာတွေ့ခွင့် ပါ ပိတ်လိုက်တော့ လူတွေ့နိုင်ဖို့လည်း ဝေးတာပေ့ါ ၊ အကျဥ်းထောင်မှ မဟုတ်ဘူး၊ အချုပ်ခန်းတွေမှာလည်း ထောင်ဝင်စာပို့လို့ မရတော့ဘူး၊ အကျဥ်း ဦးစီးဌာနဘက်ကလည်း ပြောထားတယ်” ဟု တောင်ကြီးမြို့မှ ရှေ့နေတစ်ဦးက ပြောသည်။

တောင်လေးလုံး အကျဥ်းထောင်

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နိုင်ငံရေး အကျဉ်းကျ ခံနေရသူများ ရှိနေသည့် အကျဥ်းထောင်များတွင် ထောင်ဝင်စာ ပါဆယ်ပေး ပို့မှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ ထောင်ဝင်စာ ပိတ်ပင်တားဆီးခြင်းသည် အကျဥ်းကျ ခံနေရသူများ၏ အခြေအနေကို မသိရှိနိုင်သည့်အပြင် ၎င်းတို့အတွက် စိုးရိမ်ရကြောင်းလည်း သိရသည်။

“ထောင်ကကျွေးတဲ့ အစာအာဟာရတွေက လောက်ရဲ့ လားပေါ့၊ ပြီးတော့ အထဲရောက်နေတဲ့ ကိုယ့်လူတွေဆီကို စာလေး နဲ့ အဆက်အသွယ်ရခဲ့ရင် တမျိုးကောင်းသေးတယ်လေ၊ အခုတော့ ထောင်ဝင်စာလည်း ပို့လို့မရတော့၊ အထဲရောက်နေတဲ့ သူတို့ အခြေအနေကို စိတ်ပူတာတော့ ရှိပါတယ်” ဟု လားရှိုးမြို့နယ်မှ အမည်မဖော်လိုသူ အကျဥ်းသား တစ်ဦး၏ မိတ်ဆွေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း သျှမ်းပြည်အတွင်းမှ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်များ၊ အရပ်သားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများ နိုင်ငံရေး အကျဥ်းသား စုစုပေါင်း ခန့်မှန်းဦးရေ (၅၀၀) ကျော် ရှိနေကြောင်း အောက်တိုဘာ (၁၉) ရက်က AAPP ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...