နမ်ႉခမ်းမြို့နေ ပြည်သူများ အခွန်ပေးဆောင်မှုပျက်ကွက်ပါက အရေးယူမည်ဟု KIA ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရောက်ရှိ လှုပ်ရှားနယ်မြေအတွင်းနေ ဒေသခံ ပြည်သူများအနေဖြင့် အခွန်ဆက်ကြေး ပေးဆောင်မှု ပျက်ကွက်ပါက အရေးယူသွားမည်ဟု KIA ထုတ်ပြန် ထားသည်။

အဆိုပါ အခွန်ဆက်ကြေး ပေးဆောင်ရမည်မှာ KIA အမှတ် (၄) ၊ အမှတ် (၆) နှင့် အမှတ် (၁၀) တပ်မဟာ လှုပ်ရှားနယ်မြေအတွင်းရှိ ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များသည် ယခုလ အောက်တိုဘာလကုန်အထိ အခွန်များ ပေးဆောင်ရမည်ဟု အကြောင်းကြားစာ ထုတ်ပြန်လာကြောင်း နမ့်ခမ်းဒေသခံ တစ်ဦးက ပြောသည်။

“သူတို့ လှုပ်ရှားနယ်မြေ အတွင်းမှာရှိတဲ့ ပြည်သူတွေကို အခွန်ပေးဆောင်ဖို့ အကြောင်းကြားစာပေးလာတယ်။ သူတို့သတ်မှတ် တဲ့စည်းကမ်း နဲ့ အခွန်ငွေကို ပေးရမယ်လို့ အကြောင်းကြားလာတာ“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့

နမ့်ခမ်းမြို့နယ် လမ်းမဘေးရှိ အိမ်ဆိုင်၊ ကား ၊ ဆိုင်ကယ် ပြင်ဆိုင်များကိုလည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA/KIO) ထံ အခွန်ကောက်ခံနေရသည်ဟုလဲ ဒေသခံများက ပြောကြသည်။

“ဈေးထဲကို ကောက်တာတော့ မဟုတ်ဘူး။ အပြင်က အိမ်ဈေးဆိုင်ငယ်တွေပါ လာကောက်တာ။ တစ်ခါမှ မကြုံဖူးတဲ့ သူတောင် အခုမှ ကြုံရတာ။ ကား၊ ဆိုင်ကယ် ပြင်ဆိုင်ဖွင့်ထားသူလည်း သူတို့က လာကောက်တယ်။ ဆိုင် အမျိုးအစားပေါ်မူတည်ပြီးတော့ ၃ သိန်း ကနေ ၁၅ သိန်း အထိ ပေးဆောင်ရတာတွေရှိတယ်“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အခွန်ဆက်ကြေးကောက်ခံသည့် ကိစ္စ နှင့် ပတ်သက်ပြီး KIO တောင်ပိုင်းတိုင်း အခွန်ဌာနကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပေ။

နမ့်ခမ်းမြို့နယ်သည် တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA/KIO နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားသော နယ်မြေတစ်ခု ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပြည်သူများက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံ အခွန်များ၊ ဆက်ကြေးများ ဆောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...