တန့်ယန်းမြို့ အမျိုးသမီးတစ်ဦး ဓားထိုးသတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ရှိ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး မြေး နှင့် နေအိမ်တွင်းရှိနေစဥ် အမျိုးသား တစ်ဦး ဝင်လာပြီး ဓား နှင့် အချက်ပေါင်းများစွာဖြင့် ထိုးသတ်ခံရကြောင်း သတင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တန့်ယန်းမြို့ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် နိုင်းလွတ် အမည်ရှိ အသက် ၆၀ ကျော် အမျိုးသမီး သည် မြေးဖြစ်သူကို ပုခက်ထဲ ချော့သိပ်နေစဥ် ဓားဖြင့် ထိုးသတ်ခြင်း ခံလိုက်ရကြောင်း သတင်းသိရသည်။

“အိမ်မှာက သူ (နိုင်းလွတ်) နဲ့ သူ့မြေးလေး နှစ်ယောက်တည်းရှိနေတာပါ၊ နေ့ခင်း ၂ နာရီလောက်မှာ သူ့မြေးလေး ကို ပုခက်ထဲ ထည့်သိပ်နေတဲ့အချိန်မှာ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ အမျိုးသား တစ်ယောက်က ဓား နဲ့ နိုင်းလွတ် ကို ထိုးသတ်သွားတာ၊ ခန္ဓာကိုယ်မှာ ဓါးအချက်ပေါင်း ၂၉ ချက် တွေ့ရတယ်” ဟု အိမ်နီးချင်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အခင်းဖြစ်ပွားသည့် အချိန်သည် နိုင်းလွတ်၏ သမီး နှင့် သားမက်တို့ တန့်ယန်းမြို့နယ် ကွန်လုံကျေးရွာသို့ စပါးရိတ်သိမ်းရန် ရောက်ရှိနေကြသဖြင့် အိမ်တွင် မြေးလေး နှင့် နိုင်းလွတ်တို့ နှစ်ဦးတည်းသာရှိနေသည့် အချိန် ဖြစ်ကြောင်း သိရသည်။

တန့်ယန်းမြို့

“မူးယစ်ဆေးကြောင်တဲ့ သူလည်းဖြစ်နိုင်တယ်။ နိုင်းလွတ်ကတော့ ဘယ်သူ့ကိုမှ ရန်ငြိုး ရန်စ မရှိဖူးဘူး။ ကလေး အော်ငိုလို့ အိမ်ဘေးက လူတွေ သွားကြည့်တာ။ သွားကြည့်တော့ အဲ့ဒီ အမျိုးသားက အိမ်နောက်ဖေးထဲ ပြေးသွားတာပဲ တွေ့လိုက်ရတယ်။ အဲ့ချိန် နိုင်းလွတ် က ဓားဒဏ်ရာ တွေနဲ့ သေဆုံးနေပြီ။ ကလေးတော့ ဘာမှ ထိခိုက်ဒဏ်ရာ မရရှိဘူး။ အိမ်ထဲက ပစ္စည်းတွေ ပျောက်တာတော့ မကြားရဘူး” ဟု အိမ်နီးချင်း အမျိုးသား တစ်ဦး ကပြောသည်။

နိုင်းလွတ်၏ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ရပ်ကွက်လူကြီးတို့မှ လာရောက်စစ်ဆေးပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“မနေ့က ဖြစ်ပြီးပြီးချင်း ရဲတွေ၊ ရပ်ကွက်လူကြီးတွေက လာစစ်ဆေးကြပါတယ်၊ အလောင်းကိုတော့ ဆေးရုံကို ပို့ထားလိုက်ပြီ၊ ဆေးစစ်ချက်က ဒီနေ့ရလာရင် ဒီနေ့ မွန်းလွဲပိုင်းမှာပဲ သင်္ဂြိုလ်မယ်လို့ ကြားမိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ယခုလို ဖြစ်စဥ်သည် တန့်ယန်းမြို့နယ်အတွင်း ပထမဆုံး ဖြစ်ရပ်ဖြစ်ပြီး ဒေသခံ ပြည်သူများ စိုးရိမ်ကြောက်လန့် နေကြသဖြင့် တရားခံကို ဖမ်းဆီး အပြစ်ပေးစေလိုကြောင်း ဒေသခံများက ပြောသည်။ လက်ရှိချိန်ထိ ထို အမျိုးသားကို ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးပေ။

စစ်ကောင်စီ မှ နိုင်ငံတော် အာဏာသိမ်းပြီး (၁) နှစ်ကျော် ကာလအတွင်း သျှမ်းပြည်တွင်း တရားဥပဒေ စိုးမိုးမှု ကင်းမဲ့လာပြီး သူခိုး ဓားပြ များပြားလာသည့်အတွက် ဒေသခံ ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...