CATEGORY

သတင်း

နမ့်ဆန်မြို့ရောက် စစ်ဘေးရှောင်များ အဝတ်ထည်နှင့် ရေ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အဝတ်အထည် နှင့် ရေများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် ပြည်သူ (၁,၀၀၀) ကျော် နမ့်ဆန်မြို့ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်း သိရသည်။ စစ်ဘေးရှောင် များပြားသောကြောင့် နေထိုင်ရာအတွက် ရေများခက်ခဲနေပြီး...

ပုံးအင်းတောင်သူများကို ထောက်ပံ့ကြေးငွေပေးမည်ဟုဆိုပြီး အတိုးနှုန်းဖြင့် ပြန်ဆပ်ရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသက တောင်သူများကို ထောက်ပံ့ကြေးပေးမည်ဟုဆိုပြီး စိုက်ပျိုးရေးဦးစီးဌာနက အတိုးနှုန်းဖြင့် ပြန်ဆပ်နေရမည်ဟု ပြောဆိုခဲ့ကြောင်း တောင်သူများထံမှ သိရသည်။ ပြီးခဲ့သည့် သြဂုတ်လပိုင်းက ပုံးအင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးများ ဧက ၂၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး တောင်သူအရှုံးပေါ်ခဲ့ရသည်။ ထို့ကြောင့် စိုက်ပျိုးရေး ဦးစီးဌာနက လယ်တစ်ဧကကို မြန်မာကျပ်ငွေ...

EAOs အဖွဲ့ (၇) ဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအတွက် အဆင်သင့်မဖြစ်ကြောင်း စစ်ကောင်စီ အကြောင်းပြန်

NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ EAOs (၇) ဖွဲ့မှ ကမ်းလှမ်းသည့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုအတွက် စစ်ကောင်စီဘက်မှ အဆင်သင့် မဖြစ်သေးဘူးဟု အကြောင်းပြန်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု...

စစ်ကောင်စီက ဘာကြောင့် TNLA ကို အပြင်းအထန်တိုက်ခိုက်နေလဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီးရှိ TNLA တပ်စခန်းကို ဒီဇင်ဘာ (၇) ရက်က စပြီး စစ်ကောင်စီက လေကြောင်း နဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ တွေကြောင့် စစ်ရှောင် (၁,၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ တိုက်ပွဲ အခြေနေနဲ့ ပတ်သက်ပြီး တအာင်း...

ရိုးရာဓလေ့ကို ဖျက်ဆီးတဲ့ ငွေရှာနည်း

တန်ဆောင်မုန်းလကွယ်ည သန်းခေါင်ယံချိန် နတ်တော်လဆန်း အကူးကာလချိန်မှာတော့ သျှမ်းဘာသာနဲ့ “ မိုင်ဆုန် ပီမိုင်ခ” မြန်မာလို” မင်္ဂလာနှစ်သစ်” ဆိုတဲ့ နှုတ်ဆက်မှုတွေ ပြုလုပ်ကြပါတယ်။ သျှမ်းလူမျိုးတွေဟာ သျှမ်းသက္ကရာဇ်အကူးအပြောင်း ညအချိန်မှာတော့ မိတ်ဆွေ၊ မိသားစုတွေ စုပြီး ပျော်ရွှင်စွာ စုပေါင်းစားသောက်ပြီး ကြိုဆိုလေ့ရှိကြပါတယ်။ ဒါ့အပြင် နှစ်တနှစ်သာ လုပ်အားကြောင့် ထွက်ရှိလာတဲ့...

စစ်ကောင်စီ နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ယနေ့ထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ စစ်အင်အား ဆက်လက်ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၇) ရက်မှ ယနေ့ ဒီဇင်ဘာ (၁၂) ရက်ထိ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီး စစ်ကောင်စီ...

နမ့်ဆန်မြို့နယ် စစ်ကောင်စီက ပြည်သူနေအိမ်များကို မီးရှို့

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာထဲ နေအိမ် ၅ လုံး နှင့် ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင် တစ်ဆောင် စစ်ကောင်စီက မီးရှို့ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၁၀ )ရက် တွင် စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ဟဲဟိုး လူငယ်တစ်ဦး ဘုန်းကြီးများနှင့် ဆွမ်းဆန်စိမ်းအလှူခံထွက်ရင်း ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာနေ အသက် ၂၀ နှစ် ကိုမော်ကြီးသည် ဆွမ်းဆန်စိမ်းအလှူခံထွက်ရင် ပျောက်နေကြောင်း စုံစမ်းသိရှိရသည်။ ယခု (ဒီဇင်ဘာလ) ၈ ရက်နေ့ ရပ်ရွာဘုန်းကြီးများနှင့် ဆွမ်းဆန်စိမ်း အလှူခံလိုက်ရင်း အဆက်သွယ်မရဘဲ ပျောက်ဆုံးသွားပြီး ယနေ့ ဒီချိန်ထိ ကိုမောင်ကြီး ပြန်မတွေ့သေးကြောင်း ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ...

စစ်ကောင်စီ နှင့် တွေ့ဆုံဆွေးနွေးဖို့ NCA အဖွဲ့များမှ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) မှ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းခြင်းသည် EAOs များ...

စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြောင့် ပြည်သူ ၆၀၀ နီးပါး နမ့်ဆန်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာ

သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြောင့် ယနေ့ (ဒီဇင်ဘာ ၉) ရက်တွင် ပြည်သူ ၆၀၀ နီးပါး နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် မန်လုံ၊ ပိန်းလုံ စသည့်...

Latest news