စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြောင့် ပြည်သူ ၆၀၀ နီးပါး နမ့်ဆန်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာ

သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြောင့် ယနေ့ (ဒီဇင်ဘာ ၉) ရက်တွင် ပြည်သူ ၆၀၀ နီးပါး နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo: Credit (စစ်ရှောင်များအတွက် စားနပ်ရိက္ခာ)

အဆိုပါ စစ်ဘေးရှောင်များသည် မန်လုံ၊ ပိန်းလုံ စသည့် ဒေသခံများက နမ့်ဆန်မြို့ ခရမ်းကြီး ဘုန်းကြီးကျောင်းထဲသို့ လာရောက်တိမ်းရှောင်လာပြီး၊ ဒေသခံ ၃၀၀ ကျော်နီးပါးသည် လက်ရှိအချိန်ထိ တိုက်ပွဲအတွင်း ပိတ်မိ နေသေးကာ စစ်ဘေးရှောင် ကူညီပေးနေသည့်သူက သွားရောက်ခေါ်ထုတ် နေလျက်ရှိကြောင်း သိရသည်။

“ မနေ့ ညကတည်းက ထွက်ပြေးလာတဲ့ သူတွေလည်း ရှိတယ်။ ဒီနေ့တော့ ပိုပြီးထွက်ပြေးလာကြတာပေါ့။ အခုလည်း ရွာထဲမှာရှိတဲ့ ၃၀၀ ကျော်ကို သွားကြိုနေကြတယ်။ လောလောဆယ်တော့ ၆၀၀ ဝန်းကျင်တော့ ရှိနေပြီ။ ဒါက နမ့်ဆန်ကို ကျော်ပြီး တစ်ခြားမြို့ကို သွားတာက မပါသေးဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားက ပြောသည်။

လက်ရှိတွင်လည်း TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲကြားတွင် ထွက်ပြေးတိမ်းရှောင်လာရသည့် အတွက်ကြောင့် တချို့ ပြည်သူများက အဝတ်တစ်ထည် သာယူဆောင်လာရသည့်အတွက်ကြောင့် စောင် နှင့် အဝတ်ထည်များ လိုအပ်နေကြောင်း စစ်ရှောင် ကူညီသူများ က ပြောသည်။

“တစ်ချို့ကလာတာ ကိုယ်တစ်ခု အဝတ်တစ်ထည်နဲ့ပဲ လာတာလေ။ စောင်တွေလိုအပ်နေတယ်။ အဝတ်တွေလည်းလိုအပ်နေတယ်။ ပြီးတော့ အစားသောက်လည်း လိုနေတယ်။ အခုလည်း ဆောင်းရာသီဆိုတော့ အေးတယ်လေ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုစစ်ဘေးရှောင်များထဲတွင် အမျိုးသမီး နှင့်ကလေးများ အများဆုံး ပါဝင်ကြောင်း သိရသည်။

ထိုအပြင် နမ့်ဆန်မြို့အဝင်အထွက်တွင်လည်း စစ်ကောင်စီက စစ်ဆေးမှု တင်းကြပ်နေလျက်ရှိကြောင်း နမ့်ဆန်မြို့ဒေသခံ တစ်ဦးက ပြောသည်။

“ ကျနော်တို့ ဟိုနေ့မှ နမ့်ဆန်မြို့ထဲဝင်လာတာ။ သူတို့ ဖုန်းတွေ ဘာတွေ အကုန်စစ်နေတယ်။ စစ်ဆေးမှုတွေတော့ ကြမ်းနေတယ်” ဟု နမ့်ဆန်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့သည် ဒီဇင်ဘာ ၇ ရက်မှ စပြီး တိုက်ပွဲ ပြင်းထန်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ TNLA တပ်စခန်းရှိရာသို့ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...