တောင်ကြီး စက်သုံးဆီရရှိရေး တန်းစီခ နေ့စား သုံးသောင်းကျပ်အထိ ပေါက်ဈေးရှိ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြပြီး ကိုယ်စားဝယ်ယူ တန်းစီပေးလျှင် တန်းစီခအဖြစ် ငွေကျပ် သုံးသောင်းအထိ ပေါက်ဈေးရှိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မတ်လ(၁)ရက်‌နေ့မှ စပြီး ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် တောင်ကြီးမြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီများ အလုအယက် ဝယ်ယူနေကြပြီး အချိန်မပေးနိုင်သူများက အငှားတန်းစီခ တစ်ရက်လျှင် ငွေကျပ် သုံးသောင်းပေးပြီး စောင့်ခိုင်းနေကြောင်း တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ခါတစ်ခါ ဆီတန်းစီရင် နေ့တစ်ဝက်လောက် ကုန်တယ်၊ တစ်ချို့ဆို တစ်နေ့ကုန်တယ်။ ဒါတောင် မရလိုက်တဲ့သူ ရှိသေးတယ်၊ အဲလောက်ကြာတော့ ဘယ်သူမှ အချိန်မပေးနိုင်ဘူး။ ဒါကြောင့် လူငှားတန်းစီခိုင်းရတယ်၊ တစ်ရက် သုံးသောင်းကျပ် ပေးရတယ်။ ရင်းနှီးတဲ့သူဆို တစ်သောင်းပေးပြီး စောင့်ခိုင်းရတယ်”ဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက ‌ပြောသည်။

ထို့အပြင် စက်သုံးဆီများကို ရေသန့်ဗူး တစ်လီတာဗူးများဖြင့် စုဆောင်းကာ အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် တစ်လီတာလျှင် ငါးထောင်ကျပ်အထက်နှင့် ရောင်းဝယ်နေကြသူများလည်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ စက်သုံးဆီများ ပြတ်လပ်နေချိန် လျှပ်စစ်ဖြင့် မောင်းနှင်ရသော မော်တော်ယာဉ်နှင့် ကားများ ပိုမိုရောင်းချနေရပြီး ဒေသခံ အများစု သွားလာရေး ခက်ခဲနေကြောင်း မြို့ခံများထံမှ သိရသည်။

“ဆီတွေပြတ်တော့ လျှပ်စစ်ကား၊ ဆိုင်ကယ်တွေ ပိုအရောင်းထွက်တာပေါ့၊ ဆီဆိုင်တွေဆို ဒီအချိန် အခွင့်ကောင်းယူ ဈေးတင်ရောင်းပြီး အကျိုးအမြတ်တွေ အများကြီးရနေတာ၊ ကုန်ဈေးနှုန်းဆိုလည်း နှစ်ဆလောက် တက်ကုန်ပြီ၊ လုပ်စားရတာ အဆင်မပြေတော့ဘူး”ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းပြည် မြို့နယ်အချို့တွင် စက်သုံးဆီများ နေ့စဉ်အလုအယက် ဝယ်ယူသိုလှောင်ထားမှုကြောင့် ဆီဈေးနှုန်းများ နှစ်ဆ မြင့်တက်လာပြီး ဆီပြတ်လပ်မှုများ စတင်ကြုံတွေ့လာရသည်။

လက်ရှိ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ငွေကျပ် ၃၆၀၀ မှ ၄၀၀၀ အထိ မြင့်တက်နေသည်။

အလားတူ ရွာငံမြို့နယ်တွင်လည်း စက်သုံးဆီ တစ်လီတာလျှင် ငွေကျပ် (၈၀၀၀) အထိ မြင့်တက်နေပြီး ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ငါးထောင်ဖိုးသာ ရောင်းချပေးတော့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်း အီရန် စစ်ပွဲ အခြေအနေကြောင့် ထိုင်းနိုင်ငံမှ ပြီးခဲ့သည့် မတ်လ ၁ ရက်တွင် ပြည်ပသို့ စက်သုံးဆီ တင်ပို့ရောင်းချမှုကို ဆိုင်းငံ့ပြီးနောက်ပိုင်း စက်သုံးဆီ ပြတ်လပ်မှုပြဿနာ ဖြစ်လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...