စစ်ကော်မရှင်၏ ဖုန်းခြေရာခံ ဖမ်းဆီးရေးစနစ်

စစ်ကော်မရှင်သည် မိုဘိုင်းဖုန်းများကို ကွန်ရက်အတွင်း ခြေရာခံနိုင်မည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ CEIR စနစ်ကို ကျင့်သုံးရခြင်းမှာ ဖုန်းခိုးမှုပပျောက်ရန်နှင့် တရားမဝင် မှောင်ခိုဖုန်းတင်သွင်းမှုကို ထိန်းချုပ်ရန်ဖြစ်သည်ဟု စစ်ကော်မရှင်က ယနေ့ (မတ်လ ၅ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် လက်တွေ့တွင် တော်လှန်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးလှုပ်ရှားသူများနှင့် ပြည်သူများကို စောင့်ကြည့်နိုင်မည့် ဒစ်ဂျစ်တယ်လက်နက်တစ်ခုအဖြစ် အသုံးချလာနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူ လူငယ်တစ်ဦးက ထောက်ပြသည်။

“ဖုန်းရဲ့ စီရီရယ်နံပါတ်က ပြောင်းလဲလို့ရပေမယ့် IMEI ကတော့ ပြောင်းလဲလို့မရတဲ့အတွက် ဒါကို အသုံးချပြီး အသုံးပြုသူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို အကျပ်ကိုင် စောင့်ကြည့်လာနိုင်တာ ဖြစ်တယ်” ဟု နည်းပညာကျွမ်းကျင်သူလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိတွင် SIM ကတ်များကို မှတ်ပုံတင်ဖြင့်သာ ဝယ်ယူရသည့်အပြင် ယခု CEIR စနစ်ကြောင့် ဖုန်း၏ ကိုယ်ပိုင်အမှတ်အသား (IMEI) ပါ ဗဟိုဒေတာဘေ့စ်သို့ ရောက်ရှိသွားမည်ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် ဖုန်းနံပါတ် (SIM)၊ အသုံးပြုသူ (User ID) နှင့် ဖုန်းစက်ပစ္စည်း (Device) သုံးခုလုံးကို ချိတ်ဆက်ကာ မည်သူက မည်သည့်နေရာတွင် ရှိနေသည်ကို ကွန်ရက်မှတစ်ဆင့် (Network Tracking) အပြည့်အဝ ခြေရာခံနိုင်မည် ဖြစ်ကြောင်း ဆိုသည်။

“အရင်က ဆိုင်တွေကိုပဲ မှတ်ပုံတင်ခိုင်းတာဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကာကွယ်ပေးခဲ့တာဖြစ်ပေမဲ့၊ အခုတော့ IMEI ကတစ်ဆင့် လူပုဂ္ဂိုလ်တွေကို တိုက်ရိုက်ခြေရာခံမယ့် စနစ်ဖြစ်လာပြီ” ဟု ၎င်းက ဆက်ပြောသည်။

CEIR စနစ် တည်ဆောက်ပြီးပါက မည်သည့်စက်ပစ္စည်းက မည်သည့်အော်ပရေတာကို သုံးနေသည်ကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်ရာ အာဏာရှင်စနစ်အောက်တွင် တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့် တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထား ခြေရာခံရန် ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။

“နိုင်ငံတကာမှာ လုံခြုံရေးအတွက် သုံးစွဲတဲ့ ဒီနည်းပညာကို စကစကတော့ အပြုသဘောဆောင်တဲ့ဘက်က မဟုတ်ဘဲ ပြည်သူတွေကို ဒုက္ခပေးမယ့်ဘက်ကနေပဲ အသုံးချမှာ သေချာသလောက်ရှိနေတယ်” ဟု အဆိုပါ နည်းပညာကျွမ်းကျင်သူက သတိပေးသည်။

အဆိုပါစနစ်သည် IMEI ကို အမည်ပျက်စာရင်း (Blacklist) သွင်းကာ ဖုန်းကို အသုံးပြု၍မရအောင် ပိတ်ပစ်နိုင်ရုံသာမက၊ နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို ဖိနှိပ်ရန်အတွက် အဓိကလက်နက် ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြသည်။

ဗြိတိန် (UK)၊ အိန္ဒိယ နှင့် ပါကစ္စတန်တို့တွင်လည်း ယခုစနစ်ကို သုံးစွဲသော်လည်း မြန်မာနိုင်ငံတွင်မူ အရပ်သားအစိုးရလက်ထက်က ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာ ဥပဒေမူဘောင်များကြောင့် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

ယခုစနစ်အရ မတ်လ ၃၁ ရက်မတိုင်မီ SIM ထည့်သွင်းအသုံးပြုထားသော ဖုန်းများမှာ အလိုအလျောက်စာရင်းဝင်မည်ဖြစ်သော်လည်း ဧပြီလ ၁ ရက်နောက်ပိုင်း အသစ်ဝယ်ယူသည့် ဖုန်းများမှာ အခွန်ဆောင်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း မရှိပါက ယာယီ ရက် ၃၀ သာ သုံးစွဲခွင့်ရတော့မည်ဖြစ်သည်။

CEIR စနစ်သည် ဖုန်းခိုးယူမှုများကို တားဆီးနိုင်သော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြည်သူလူထု၏ သွားလာလှုပ်ရှားမှုကို အိမ်တိုင်ရာရောက် ခြေရာခံနိုင်မည့် ဒစ်ဂျစ်တယ်စနစ် ဖြစ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို အထူးဂရုပြုရန် နည်းပညာအသိုင်းအဝိုင်းက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...