စစ်ကောင်စီ စည်းမျဉ်းသစ်ကြောင့် နိုင်ငံတကာ အလှူရှင် ရရန်ခက်ခဲဟု လူမှုကူညီရေး အသင်းများပြော
သျှမ်းပြည် တောင်ကြီးခရိုင်အတွင်း လှုပ်ရှားနေသည့် လူမှုကူညီရေးအသင်းများကို စစ်ကောင်စီမှ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်း အသစ်များကြောင့် နိုင်ငံတကာ အလှူရှင် ရရှိရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တိုက်ပွဲကြောင့် တောင်ကြီးခရိုင်အတွင်း အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများသည် အရေးပေါ်...
ပင်လောင်း စစ်ရှောင် ၂ ဦး ခွဲစိတ်ကုသမှု ကုန်ကျစရိတ်လိုအပ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ခိုလှုံနေသည့် ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသည် ခွဲစိတ်ကုသမှု ကုန်ကျစရိတ် အကူညီ လိုအပ်နေကြောင်း သိရှိရသည်။ စစ်ရှောင်စခန်းမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးသည် ခြေထောက် ပေါင်တွင် မွေးရာပါ အဖုအတိပ် များဖြစ်ပြီး ခွဲစိတ်ရမည်ဟုဆိုသဖြင့် ပြီးခဲ့သည့် ၂၀၂၂...
သီပေါမြို့နယ် ဖယောင်းတိုင်မှ တစ်ဆင့် နေအိမ်မီးလောင်၊ အမျိုးသားတစ်ဦး သေဆုံး
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ တောင်ရပ်ကွက်ထဲတွင် ယနေ့ (ဇန်နဝါရီ ၁၆ ) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှုကြောင့် အိမ်တွင်းရှိနေသည့် အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သိရသည်။ “ ဖယောင်းတိုင်ကနေစပြီး လောင်တာတဲ့။ ဘုရားစင်ပေါ်မှာ မီးထွန်းထားပြီး...
ပုံးအင်းဒေသ ဆိုင်ကယ် ခိုးယူမှုများလာ
သျှမ်းပြည် တောင်ကြီးခရိုင် ပုံးအင်းဒေသထဲတွင် ဆိုင်ကယ် ခိုးယူသူများလာကြောင်း သတင်း ရရှိသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုံးအင်းဒေသထဲတွင် တစ်လကို ဆိုင်ကယ် ၄ စီးထက်မနည်းပျောက်ဆုံးနေသောကြောင့် စီးသူနည်းပါးလာကြောင်း ၊ ဈေးရောင်းသူများကလည်း ဆိုင်ကယ်ဖြင့်သယ်ဆောင်မှုနည်းပြီး ဈေးဝယ်သူများကလည်း ဈေးသို့သွားရောက်ဝယ်ယူခြင်း နည်းပါးလာကြောင်း သိရသည်။ “ဆိုင်ကယ် စီးတဲ့သူတွေ သိပ်မရှိတော့ဘူး။ ဈေးသွားရင်တောင်...
မိုင်းရယ်မြို့နယ် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ဖမ်းဆီးခံရ
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် အုတ်ရိုက်ပိုင်ရှင်၏ သမီး ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၅) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဟိုယကျေးရွာထဲ အမည်မသိ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦးတို့က အုတ်လာဝယ်ယောင်ဆောင်ပြီး...
စစ်ကောင်စီ နှင့် ကိုးကန့်တပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အကျများ
သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်တွင် အပစ်အခတ် တစ်နှစ်ရပ်မည်ဟု ကြေညာထားသည့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အကျအဆုံး များခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အနီး...
နိုင်ငံခြားသားပါ လူကုန်ကူးခံလာရတဲ့ “ဝ”နဲ့ “လောက်ကိုင်”ဒေသ
အချို့ကတော့ တောင်ကို ခြေလျင်လျှောက်ကာ ကျော်ဖြတ်ကြပြီး၊ အချို့ကတော့ မြစ်ကိုဖြတ်ကာ မြန်မာပြည် ထဲသို့ ခိုးဝင်နေကြပါတယ်။ အဲ့ဒီ လူတွေကတော့ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး၊ မြန်မာပြည်ဘက် အလုပ်သွားလုပ်ရန်အတွက် မယ်ဆိုင်-တာချီလိတ်ဘက်သို့ နိုင်ငံဖြတ်ကျော် ခိုးဝင်နေကြတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေဟာ မြန်မာပြည်ဘက်ခြမ်း တာချီလိတ် ကနေတဆင့် မိုင်းပေါက်ထိ ကားနဲ့ မှောင်ခို သွားရောက်ပြီး၊...
မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်
SHAN -
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...
မူဆယ်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများ
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအတွင်းတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားပြီး ပျက်စီး ဆုံးရှုံးမှုများကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၄) ရက် နံနက် ၁ နာရီဝန်းကျင်တွင် ပန်ခမ်းကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တစ်အိမ်လုံးနီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း နီးစပ်သည့် ဒေသခံ အမျိုးသား...
ယာဥ်မောင်းမကျွမ်းကျင်မှုကြောင့် လားရှိုး အမျိုးသမီးငယ် ယာဥ်တိုက်သေဆုံးမှုဖြစ်
SHAN -
သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ကမ္ဘောဇဘဏ်ရှေ့တွင် ယမန်နေ့ (ဇန်နဝါရီ ၁၃) ရက် ညနေ ၃ နာရီတွင် ကားတစ်စီးသည် ရပ်တန့်ရန်အတွက် ဘရိတ်နှင့် လီဘာ မှားနင်းမိရာ အမျိုးသမီး (၂) ဦးကို တိုက်မိခဲ့ပြီး ထိုထဲမှ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း...





