စစ်ကောင်စီ နှင့် ကိုးကန့်တပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် အကျများ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်တွင် အပစ်အခတ် တစ်နှစ်ရပ်မည်ဟု ကြေညာထားသည့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့တို့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အကျအဆုံး များခဲ့ကြောင်း သတင်းသိရသည်။

Photo Credit to the Kokang

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အနီး စခန်းတည်ထားသည့် ကိုးကန့်တပ် (MNDAA) တပ်စခန်းနေရာကို အာဏသိမ်း စစ်ကောင်စီတို့က စတင်ထိုးစစ်ဆင်တိုက်ခဲ့ကြောင်း ကိုးကန့်တပ် နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“MNDAA ရဲ့ တပ်စခန်း တည်နေရာကို စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ၊ တိုက်ပွဲက နေ့လည် ၁ နာရီခွဲ အထိ ကြာတယ်၊ စစ်ကောင်စီဘက်ကပဲ တပ်ပြန်ဆုတ်သွားပြီးတော့ သူတို့ ကားတွေက တိုက်ပွဲဖြစ်တဲ့ နေရာကို အခေါက်ပေါင်းများစွာ လာသွားတယ်၊ သေတဲ့သူနဲ့ ဒဏ်ရာရတဲ့သူတွေကို လာသယ်တယ် လို့သိရတယ်” ဟု ကိုးကန့်တပ် နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အရေအတွက်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အတိအကျ မသိရသေးကြောင်းလည်း ၎င်းကဆက်ပြောသည်။

ကိုးကန့်သတင်းဌာန ဖြစ်သည့် The Kokang သတင်းဌာန၏ ဖော်ပြချက်အရ ယင်းထိတွေ့တိုက်ပွဲကြောင့် စစ်ကောင်စီ၏ တပ်သား ၃၀ ကျော် သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက် (ဇန်နဝါရီလ ၁၅ ရက်) တွင် အဆိုပါ တိုက်ပွဲဖြစ်ပွားရာအနီးသို့ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ စစ်အင်အားများထပ်မံ ဖြည့်တင်းလာသည့်အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ မပြုလုပ်ရသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“အခု အချိန်ထိတော့ နှစ်ဘက် စစ်ရေး တင်းမာမှုက ရှိနေတုန်းပဲ၊ စစ်ကောင်စီဘက်ကလည်း စစ်ကားတွေနဲ့ စစ်အင်အား ဖြည့်နေတယ်၊ ဒီတိုက်ပွဲကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရတာမျိုးတော့ မရှိဘူး” ဟု ကိုးကန့် နှင့် နီးစပ်သူ အမျိုးသားကဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်လုံး အပစ်ရပ် ကြေညာချက် ထုတ်အပြီး ယခုလို တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့အနေဖြင့် ထိုထုတ်ပြန်ချက်သည် ဟာသတစ်ခုလို ဖြစ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“စစ်ကောင်စီက တနှစ်လုံး အပစ်ရပ်မယ်လို့လည်းပြောတယ်၊ အခုက ကျနော်တို့ကို ထိုးစစ်ဆင်လာတယ်၊ ဒါကြောင့် သူတို့ရဲ့ ထုတ်ပြန်ချက်က ဟာသလိုဖြစ်နေတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဥ်တွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၁ နှစ်တာကာလ အပစ်ရပ်ကြေညာကြောင်း ထုတ်ပြန်ပြောဆိုထားသော်လည်း တကယ်တမ်း မြေပြင်တွင် တိုက်ပွဲများ ရပ်တန့်သွားသည်ကို မတွေ့ရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...