CATEGORY

သတင်း

နမ့်ဖတ်ကာအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အိမ်တစ်လုံးမီးလောင်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးရသည့်အပြင် ဒေသခံ ၁ ဦး သေ ၊ ၄ ဦး ဒဏ်ရာရ သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၈ ) ရက်...

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း KIA နဲ့ စကစ စစ်ရေးဘာကြောင့် ပြင်းထန်နေပါသလဲ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က ထိတွေ့တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ အဲ့ဒီလို နှစ်ဖက် တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဟာ စစ်ကောင်စီဘက်က နယ်မြေ ထိန်းချုပ်လိုမှုကြောင့် ဖြစ်တယ်လို့ KIA...

ကရင်နီ စစ်ရှောင်များ အကူညီပေးရေး ပိုခက်ခဲလာနေ

ကရင်နီ (ကယား) ပြည်ရှိ စစ်ရှောင်များသည် ထွက်ပြေးတိမ်းရှောင်ချိန် ကြာလာသည်နှင့်အမျှ အကူညီပေးရေး ပိုမို ခက်ခဲလာနေကြောင်း စစ်ရှောင်ကူညီထံမှ သတင်းသိရသည်။ ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ...

ဆီဆိုင်မြို့နယ် ဒေသခံများ PNLO ထံ အခွန်ဆောင်ရမှုကြောင့် အကြွေးတင်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ ဒေသခံများသည် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ထံအခွန်ဆောင်ဖို့ရန် ငွေကြေးခက်ခဲသောကြောင့် ချေးငှားခဲ့ရကာ အခွန်ဆောင်ခဲ့ရသဖြင့် အကြွေးတင်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင် ဆီဆိုင်မြို့နယ် အရှေ့ဖက်ခြမ်း ဒေသရှိ ကျေးရွာဒေသမှ ဒေသခံများထံ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး...

လက်နက်ကိုင်တွေရဲ့ မြေစာပင်

“ကျနော်တို့မှာ ပြန်လာစရာ နေအိမ် ဆိုတာ မရှိတော့ဘူး ။ အရမ်းကြီး ဝမ်းနည်းသလို ၊ စိတ်ဓာတ်လည်း ကျတယ်” လို့ တုန်ရီရီနေတဲ့ အသံနဲ့ ကိုကြည်ညှိက ပြောပါတယ်။ ကိုကြည်ညှိဟာ အသက် ၂၈ နှစ် အရွယ်ရှိပြီး ပရဟိတ အလုပ်လုပ်ဖို့ ဝန်မလေးတဲ့ သူတစ်ဦး...

မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည်သူ့စစ် ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲပြုလုပ်

သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည့်သူ့စစ်တပ်ဖွဲ့၏ ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မိုင်းရယ်မြို့ နှင့် မိုင် ၃၀ ဝန်းကျင် ကွာဝေးသည့် မိုင်းဟပြည့်သူ့စစ် ဌာနေ မိုင်းဟ/မိုင်းဟိုင်းမှ မန်မုံကျေးရွာတွင် ဆက်ဆံရေးရုံး...

လားရှိုးမြို့ တစ်ပတ်အတွင်း ရုပ်အလောင်း ၂ လောင်းတွေ့

သျှမ်းပြည် လားရှိုးမြို့နယ်တွင် တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၂ လောင်း တွေ့ရှိကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းထံမှ စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင် ၁၆ ရက် ညပိုင်းအချိန်တွင် လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရှိ ဘောလုံးကွင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသား၏ အလောင်းကို တွေ့ရခြင်းဖြစ်ပြီး သေဆုံးသူသည်...

မစ္စတာဒွန်၊ ပန်အိုရီရန့်နှင့် စစ်ကောင်စီအကြား ကွဲလွဲနေသော သတင်းစကားများ

နိဒါန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ဖော် ပြောဆိုချက်သည် လက်ခံယုံကြည်ထိုက်ပါ၏လော။ ဇူလိုင်လ ၁၂ ရက်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှ လွင့်ပျံလာသည့် အဆိုပါသတင်းစကားသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကမ္ဘာ့သတင်းမီဒီယာရပ်ဝန်းတွင် ခေါင်းကြီးပိုင်းမှ ဖော်ပြခြင်းခံရသည့်အပြင် နောက်ဆက်တွဲမေးခွန်းပေါင်းများစွာကို ဖြစ်ပေါ်လာစေခဲ့ပါသည်။ မကြာခင် တာဝန်ပြီးဆုံးတော့မည့် ထိုင်းအိမ်စောင့်အစိုးရ၊ မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ဆိုခဲ့ပါသတင်းအား ပထမဦးဆုံးဖော်ပြလာခဲ့သည့်...

ဖယ်ခုံမြို့နယ် တိုက်ပွဲများ ပြန်ပြင်းထန်လာမှာကို ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွေ ပြန်ပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်မှစပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင်လည်း စစ်ကောင်စီ၏ ရိက္ခာတင်လာသည့်ကားကို ပြည်သူ့ကာကွယ်ရေးတပ်...

ကွတ်ခိုင်မြို့နယ် တစ်ရက်တည်း KIA နဲ့ စကစ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆) ရက် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာနား...

Latest news