သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း KIA နဲ့ စကစ စစ်ရေးဘာကြောင့် ပြင်းထန်နေပါသလဲ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က ထိတွေ့တိုက်ပွဲ ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ အဲ့ဒီလို နှစ်ဖက် တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဟာ စစ်ကောင်စီဘက်က နယ်မြေ ထိန်းချုပ်လိုမှုကြောင့် ဖြစ်တယ်လို့ KIA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုထားပါတယ်။

KIA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူ

စစ်ကောင်စီ တပ်ဖွဲ့အနေနဲ့ သျှမ်းပြည်အတွင်း ဘယ်လို စစ်ဆင်ရေးတွေ ထားရှိနေလဲ ၊ စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှု အပေါ်မှာရော ကချင်လွတ်လပ်ရေး တပ်မတော် KIA ဘက်က ဘယ်လိုမြင်လဲ ဆိုတဲ့အကြောင်း ဗိုလ်မှူးကြီး နော်ဘူကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က တင်ဆက်ထားပါတယ်။

မေး။ ။ လတ်တလောကာလအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီ နဲ့ KIA တပ်ဖွဲ့တို့က သျှမ်းမြောက် ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ သတင်းသိရပါတယ်။ ဒါ ဟုတ်လားရှင့်။

ဖြေ။ ။ ဟုတ်ပါတယ်။ ထိတွေ့တိုက်ပွဲ သတင်းတွေကတော့ မကြာခဏ တက်လာတာ ရှိပါတယ်။ မနေ့ကလည်း ကွတ်ခိုင်မြို့နယ်က ခိုမုန်းကျေးရွာ အနီးမှာ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတဲ့ သတင်း တက်လာပါတယ်။ တစ်နေ့တည်း နှစ်ကြိမ်ဖြစ်တာ။

မေး။ ။ ခုလိုမျိုး စစ်ကောင်စီ နဲ့ KIA တပ်ဖွဲ့ကြားက ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု များလာတာဟာ ဘာကြောင့် ဖြစ်လာပါသလဲ။

ဖြေ ။ ။ ပြောရမယ်ဆိုရင် ဒါက အပိုင်းနှစ်ပိုင်း ရှိတယ်။ ပထမ တချက်က လိုင်ဇာ နဲ့ ၁၀ မိုင် ဝန်းကျင် လောက် ဝေးတဲ့ နမ့်ဆန်ယန်ကျေးရွာဘက်မှာ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ အဲ့ဒီ နမ့်ဆန်ယန် ကတော့ မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်မှာ ရှိနေတဲ့ ကျေးရွာလည်း ဖြစ်နေပါတယ်။ အဲ့ဒီနေရာက အရင်တုန်းက တပ်မတော်တွေ ထိန်းချုပ်တဲ့ ၊ စကစတွေ ထိန်းချုပ်တဲ့ နယ်မြေ ဒေသဖြစ်ခဲ့ဖူးတာပေါ့။ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အဲ့အနားပတ်ဝန်းကျင်က သူတို့ တပ်စခန်းတွေ အကုန်လုံး ဆုတ်သွားတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် နမ့်ဆန်ယန်ကို ထိန်းချုပ်ချင်လို့၊ မြစ်ကြီးနား – ဗန်းမော် လမ်းမကြီးကို ပြန်လည် ထိန်းချုပ်ချင်လို့ ထိုးစစ်ဆင်လာတာကို ကျနော်တို့က ပြန်လည် ခုခံရင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ရပါတယ်။ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်တယ်။ လက်နက်ကြီးတွေ လှမ်းပစ်တာ ရှိတယ်။ ဗန်းမော်ဘက် ကနေလည်း စစ်ကူ စစ်ကြောင်းတွေ ထိုးလာတာလည်း ရှိနေပါတယ်။ တင်းမာနေဆဲ အခြေအနေ ဖြစ်ပါတယ်။


သျှမ်းမြောက် ဒေသတစ်လျှောက်မှာလည်း ကျနော်တို့ တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာတာ ရှိနေပါတယ်။ ပြီးတော့ စကစက ကချင်တို့၊ ချင်း တို့ကို စစ်ဆင်ရေး လုပ်ဖို့ ရှိသလို သျှမ်းပြည်ကိုလည်း အဲ့လိုလုပ်ဖို့ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ သျှမ်းမြောက်ဘက်မှာဆိုလည်း ပြည်ထောင်စုလမ်းမကြီး ဖြစ်တဲ့ ကွတ်ခိုင် – လားရှိုး လမ်းမကြီးကို ထိန်းချုပ်ချင်တာ တစ်ပိုင်းပေါ့။ တခြား ကိစ္စတွေလည်း ပါနိုင်တာပေါ့။


ဒါက ကျနော်သုံးသပ်တာပါ ၊ တခြား ရန်သူရဲ့ ဗျူဟာတွေကိုတော့ ကျနော်လည်း အတိအကျ မသိရဘူးလေ။ ဒါပေမဲ့ ထင်ထင်ရှားရှား ဖြစ်တာကတော့ အဲ့ဒီ ဗန်းမော် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ချင်လို့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်တာကတော့ သိသာတဲ့ တချက်ပေါ့။

KIA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူ

မေး ။ ။ အခုလိုမျိုး KIO/KIA ကြား တိုက်ပွဲတွေ ပြင်းထန်တာဟာ နွေဦးလက်နက်ကိုင် တော်လှန်ရေးကာလ ပါဝင်ကူညီပေးခဲ့လို့ စကစက ဝင်တိုက်နေတာ ဆိုတဲ့ ပြောဆိုသုံးသပ်ချက်တွေလည်း တွေ့ရပါတယ်။ ဒီအပေါ် မှာရော ဘယ်လိုမြင်မိလဲရှင့်။

ဖြေ။ ။ ဒါကတော့ စစ်ကောင်စီဘက်က သပ်သပ် စွပ်စွဲချင်တယ်လို့ပဲ မြင်ပါတယ်။ နွေဦးတော်လှန်ရေး ဆိုတာက KIO/KIA ကြောင့် ဖြစ်ပေါ်လာတာလည်း မဟုတ်ပါဘူး။ အဲ့ဒီ NUG တွေ/ PDF တွေ ဆိုတာကတော့ စကစ အာဏာသိမ်းလို့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ PDF တွေဆိုတာကလည်း လူငယ် / လူတော်တွေ ပါဝင်တယ်။ အဲ့လို နည်းပညာပိုင်းတွေ ကျွမ်းကျင်တဲ့ လူငယ်တွေကနေ လက်နက်တွေတောင် ထုတ်လုပ်နိုင်ခဲ့ကြပြီလေ။

ကျနော်တို့ တပ်ဖွဲ့ဆိုတာကလည်း PDF တွေကို စစ်သင်တန်းတွေ ကူညီပြီး ပေးခဲ့တယ်ဆိုပေမဲ့ အစောပိုင်းတုန်းက ဟုတ်ပါတယ်။ အခုက မရှိတော့ပါဘူး။ သူတို့ဘာသာ ရှေ့ဆက်ကို သွားနိုင်ခဲ့ကြပါပြီ။

မေး ။ ။ အခုဆိုလည်း စစ်အာဏာသိမ်း နှစ်နှစ်ကျော်ကြာလာခဲ့ပြီပေါ့နော်။ ဒီနှစ်နှစ်ကျော် ကာလအတွင်းမှာ တော်လှန်ရေး လှုပ်ရှားမှု အပေါ် ဘယ်လိုမြင်မိလဲ ဆိုတာလည်း ပြောပေးပါအုံးရှင့်။

ဖြေ။. ။ တော်လှန်ရေးဘက်တော်သားတွေကလည် လှုပ်ရှားနေတယ်။ လှုပ်ရှားလို့ ရနေတာပဲ။ သူတို့ နည်းဗျူဟာ အတိုင်း လှုပ်ရှားဆောင်ရွက် နိုင်နေတာကို တွေ့ရပါတယ်။ ကြားရပါတယ်။ အခုဆိုရင်လည်း ရဲဘော် အသစ်တွေလည်း များသထက်များလာတယ်လို့ ကြားမိပါတယ်။ အသေးစိတ်တော့ မသိရဘူးနော်။

မေး ။ ။ သျှမ်းမြောက်ဒေသအတွင်းမှာ စစ်ကောင်စီ နဲ့ KIO/KIA ထိတွေ့တိုက်ပွဲ ဖြစ်နေတာနဲ့ ပတ်သက်ပြီး KIO/KIA ရဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ အားလုံးကတော့ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်နေကြတဲ့ အဖွဲ့ချည်းပါပဲ။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ရပ်တည်ချက် မတူဘူး၊ အခြေအနေလည်း မတူဘူး ဖြစ်နေတော့ အခုလိုမျိုး KIO/KIA ရှိတဲ့ နေရာဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေတာကတော့ ပိုများနေတာပေါ့။ အခုအခြေအနေကတော့ စကစ က KIA ရှိတဲ့ ဘက်ကို စစ်ကြောင်းထိုးတာများလို့ KIA နဲ့ ထိတွေ့တိုက်ပွဲ ပိုများနေတာပါ။ ကျနော်တို့ KIO/KIA အနေနဲ့ လည်း သူတို့စခန်းကို တက်သိမ်းတဲ့ တိုက်ပွဲတွေကို မလုပ်ရသေးဘူး။ သူတို့တက်လာလို့ ကျနော်တို့ ပြန်ခုခံနေတာမျိုးပဲ ရှိတယ်။

မေး။ ။ KIO/KIA တပ်ဖွဲ့ အနေနဲ့ရော သျှမ်းပြည် မြောက်ပိုင်းအတွင်း အတူတကွ သွားလာ လှုပ်ရှားတဲ့ မဟာမိတ် တပ်ဖွဲ့ အချင်းချင်းကြား ချိတ်ဆက်ဆောင်ရွက်မှုက ဘယ်လောက် အရေးကြီးတယ်လို့ ထင်မိလဲ။

ဖြေ။. ။ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းဆိုတော့ ပိုပြီးတော့ အရေးပါတာပေါ့။ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ အတွက် ကျနော်တို့ လက်တွဲပြီးမှ တော်လှန်ရေး လုပ်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေချည်းချည်းဖြစ်တယ် ဆိုတော့ မဟာမိတ် အချင်းချင်းကြား ချိတ်ဆက်မှုက အရေးကြီးပါတယ်။

မေး။ ။ အခုချိန်မှာဆိုရင် အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိနေသလို၊ တချို့ကလည်း စစ်ကောင်စီနဲ့ ဆွေးနွေးမှု မလုပ်ဘဲ ဆန့်ကျင်တော်လှန်နေကြတဲ့ အဖွဲ့လည်း ရှိနေပါတယ်။ ဒီအဖွဲ့ပေါ်မှာရော ဗိုလ်မှူးကြီး အနေနဲ့ ဘယ်လိုမြင်မိလဲရှင့်။

ဖြေ။ ။ ဆွေးနွေးပွဲဆိုတဲ့ အခါမှာ အခုချိန်က ပြီးပြည့်စုံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ရှိမှာ မဟုတ်ဘူးလို့ ကျနော်ကတော့ မြင်မိပါတယ်။ ဒါကြောင့် သူတို့ ဆွေးနွေးတယ်ဆိုတာကလည်း ကိုယ့်အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ လိုအပ်ချက် တွေကို ကြည့်ပြီးတော့မှ ဆွေးနွေးတာလောက်ပဲ ဖြစ်မှာပါ။ နိုင်ငံရေး ဆွေးနွေးမှု အနေအထား မရှိဘူးလို့ ကျနော် ကတော့ သုံးသပ်မိပါတယ်။

မေး။. ။ သျှမ်းပြည် အတွင်း လှုပ်ရှား နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု အနေနဲ့ အနာဂတ် သျှမ်းပြည်ကို ဘယ်လို ဖြစ်စေချင်လဲ။

ဖြေ ။ ။ ဒါကတော့ နိုင်ငံရေး အပိုင်းဖြစ်တယ်။ ကျနော်ကတော့ နိုင်ငံရေး လေ့လာသုံးသပ်တဲ့ နေရာမှာတော့ မရဘူး။ သျှမ်းပြည်ပဲဖြစ်ဖြစ်၊ ကချင်ပြည်ပဲ ဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ အဆင်ပြေပြေနေနိုင်ဖို့ပဲ အားထုတ် ကြိုးပမ်းမှာပါ။ တိုင်းရင်းသားတွေ အားလုံး ရသင့်ရထိုက်တဲ့ နိုင်ငံရေး အခွင့်အရေးတွေ ရရှိဖို့ အရေးကြီး တဲ့ အချက်ဖြစ်မှာပါ။

မေး။ ။ ထပ်မံဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ။

ဖြေ ။ ။ မရှိတော့ဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။