မိုးဗြဲမြို့ တိုက်ပွဲကြား ပြည်သူ ၁ ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားသည့်ကြားထဲ စစ်ကောင်စီမှ အပြစ်မဲ့ ပြည်သူကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်မှတ်ထားပြီး တိုက်ခိုက်လာသောကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၄ ရက် နေ့လည်ပိုင်း အချိန်တွင်...
နောင်ချို – ရပ်စောက် ကားလမ်းပေါ် ပြောင်းဖူးတင်ကား တစ်စီးတိမ်းမှောက်၊ တစ်ဦးသေဆုံး
သျှမ်းပြည် နောင်ချို - ရပ်စောက် ကားလမ်းမပေါ်တွင် ပြောင်းဖူးတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီး တိမ်းမှောက်ပြီး ယာဥ်မောင်းတစ်ဦး သေဆုံးကာ ယာဥ်နောက်လိုက်သူ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၄) ရက် နေ့လယ်ပိုင်း ၁ နာရီခွဲတွင် မြဝတီသို့ သွားရောက် တင်ပို့မည့် ပြောင်းဖူးကုန်တင်ကားတစ်စီးသည်...
အာဏာသိမ်း ၂ နှစ် ကာလအတွင်း သျှမ်းပြည်အရပ်သား သေဆုံးမှု နံပါတ် ၅ နေရာရှိနေ
အာဏာသိမ်းပြီး ၂ နှစ်သာကာလ သျှမ်းပြည်တွင်း စစ်ရေးပဋိပက္ခကြောင့် အရပ်သား သေဆုံးမှုသည် အဆင့် ၅ နေရာတွင်ရှိထားကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အာဏာသိမ်း ၂ နှစ်အလွန် လက်နက်ကိုင် ပဋိပက္ခကြောင့် အရပ်သား (၂,၄၅၄) ဦးထက်မနည်းသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထိုထဲတွင်...
သျှမ်းပြည် မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စစ်ဘေးရှောင် စခန်းနေရာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် အဆောက်အဦးများ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက် ည ၉ နာရီကျော် အချိန်တွင် မိုးဗြဲမြို့...
လဲချားမြို့လယ်ခေါင် ဈေးရှေ့ အမျိုးသား တစ်ဦး ပစ်ခတ်ခံရ၊ ပွဲချင်းပြီးသေ
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့တွင် ယနေ့ (ဇွန် ၁၅) ရက် နံနက် ၉ နာရီကျော်၌ အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၁၅...
သေးငယ်တဲ့ ပြည်နယ်ပေမယ့် ပထမဆုံး ကြားကာလ အစိုးရ ဖွဲ့စည်းနိုင်တဲ့ ကရင်နီပြည်
စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလ အတွင်း လူငယ်တွေ နဲ့ အမျိုးသမီးတွေ ပါဝင်လာတဲ့ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး (IEC) ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း ဇွန် ၁၂ ရက်မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်လာခဲ့ပါတယ်။ IEC ဟာ မြန်မာနိုင်ငံမှာ အသေးဆုံး ပြည်နယ်ဖြစ်တဲ့...
မဘိမ်းမြို့နယ်က ကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး
သျှမ်းပြည် မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်ရှိ ကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင် မဘိမ်းမြို့နယ် ချောင်းဝကျေးရွာအုပ်စုမှ ခွေးဟောင်းဒုံး ကျေးရွာသို့ စစ်ကောင်စီ တပ်မ ၇၇ နှင့် ၈၈ တပ်ဖွဲ့များ ဝင်ရောက်လာပြီး ကျေးရွာအတွင်း PDF...
မြန်မာ – တရုတ်နယ်စပ် နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) တရုတ် ယွမ် ၁ ထောင်ထိပေါက်
မြန်မာ - တရုတ် နယ်စပ်ဒေသဖြစ်သည့် ချင်းရွှေဟော်မြို့တွင် နယ်ခံမဟုတ်ပါက နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) ကို တစ်ဦးလျှင် တရုတ်ယွမ် ၁၀၀၀ (ဒေသကာလပေါက်စျေး မြန်မာငွေ ကျပ် ၄၅၀,၀၀၀) အထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့မှစပြီး မြန်မာ -...
ကျောင်းတက်ဖို့ အခွင့်လမ်း မဲ့နေတဲ့ စစ်ရှောင်ကလေးငယ်များ
ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်မှာ စစ်ကောင်စီ လက်အောက်ခံ ပညာရေးကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းတက်နိုင်တဲ့ မိဘတွေကတော့ ကလေးတွေ အတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ထမင်းဗူးတွေ ဝယ်ယူ စုဆောင်းနေကြပါတယ်။ ပုံ - ကြယ်တံခွန်လူမှုကူညီရေးပရဟိတအသင်း (ကျောင်းနေအရွယ် စစ်ရှောင်ကလေးများ) ဒါပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေး ပဋိပက္ခ...
တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ် ၃ ခုကို စစ်ကောင်စီက ထပ်မံ ဖျက်ဆီး
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ် အတွင်းရှိ ဒေသခံများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် တအာင်း စာပါ ရွာအဝင် ဆိုင်းဘုတ် ၃ ခုကို စစ်ကောင်စီတပ်ဖွဲ့က ထပ်မံ ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ ပုံ - ဒေသခံ (ဇွန်လ - ၁၃ ရက်နေ့တွင် စစ်ကောင်စီ...





