TNLA တပ်နှင့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သေဆုံးမှုများ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) နှင့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ အသေအပျောက်များနေကြောင်း သတင်းရရှိသည်။

.

သြဂုတ်လ (၂) ရက်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုမှ နှစ်ဖက်တပ် တိုက်ပွဲကြား၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် များ၏ ရုပ်အလောင်း ၁၀ လောင်းအပြင် လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့ ကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန်လာသည်။

“သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေမှာ RPG ၁ လက်၊ RPG-7 ဗုံးသီး ၂၀ လုံး၊ MA-1 ၁ လက်၊ AK-81 ၁ လက်၊ ၆၀ မမ ထောင့် ၁ ခု၊ ၈၁ မမ ထောင့် ၁ ခု၊ ၈၁ မမ ဗုံးသီး ၄၀ လုံး၊ စက်လတ် ၁ လက်၊ ကျည်ဆံ ၅၀၀၀ တောင့်၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက်အများ ပါဝင်ကြောင်း” TNLA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံ ခမရ ၄၂၀၊ အမှတ် (၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခလရ – ၂၆၁၊ ၄၂၁ နှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ်တို့၏ ပူးပေါင်းအင်အား ၂၀၀ ကျော်တို့သည် TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်နှင့် တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လည်း အဆိုပါ ထုတ်ပြန်ချက် အရ သိရသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်သားတချို့က စယ်လန့် ကျေးရွာ အုပ်စုထဲသို့ ၁၀ ယောက်ကျော် ထွက်ပြေးလာခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“ပြေးလာတဲ့ တချို့က အရပ်ဝတ်နဲ့ ဆိုတော့ ပြည်သူ့စစ်တွေ ဖြစ်လောက်တယ်၊ စစ်ဝတ်စုံနဲ့ ပြေးလာ တာလည်း ရှိတယ်၊ စုစုပေါင်း ၁၀ ယောက်ထက်မနည်း ရွာထဲကို ဖြတ်ပြေးသွားတာ၊ သေနတ် ကိုယ်စီ နဲ့ပဲ၊ သူတို့ကိုလည်း TNLA က ပြန်ဖမ်းမိသွားတယ်လို့လည်း ကြားမိတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လ (၂၃) ရက်နေ့မှ သြဂုတ်လ (၂) ရက်နေ့အထိ TNLA တပ်ဖွဲ့ နှင့် စစ်ကောင်စီ တပ်ဖွဲ့အကြား တိုက်ပွဲ စုစုပေါင်း (၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်းတွင် စစ်ကောင်စီ နှင့် ပူးပေါင်းသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ (၂၅) ဦး သေဆုံးကာ (၂၇) ဦး ဒဏ်ရာရရှိ၊ (၁)ဦးကို TNLA မှ အရှင်ဖမ်းဆီးရ မိခဲ့ကြောင်းလည်း TNLA တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ် နှင့် TNLA တပ်ဖွဲ့တို့သည် မူဆယ်မြို့နယ်အတွင်း နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားသည် သာမက ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ် စသည့် မြို့နယ်များမှာလည်း နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေ ရှိနေခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...