ရှေ့တန်းရောက် PNO တပ်သားများရိက္ခာအတွက် ပုံးအင်းဒေသခံများထံ တောင်းခံနေ

သျှမ်းပြည် တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် နေထိုင်သည့် ပြည်သူများထံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်က ရှေ့တန်းရောက် တပ်သားများအတွက် ရိက္ခာထောက်ပံ့ကြေးဟုဆိုပြီး ငွေကြေးလာရောက် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှစပြီး ပုံးအင်းဒေသအတွင်း နေထိုင်သည့် ပြည်သူများထံ ရှေ့တန်းရောက်တပ်သားများ ထောက်ပံ့ကြေးဟုဆိုပြီး PNOမှ တအိမ်လျှင် ကျပ်ငွေ ၄၀၀၀ နှင့် ဆန် ၂ ပြည်ထည့်ပေးခဲ့ရကြောင်း ပုံးအင်း ဒေသခံ တောင်သူအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှာ ကုန်စျေးနှုန်းများလည်း မြင့်တက်လာနေချိန် လယ်ယာလုပ်ငန်းလည်း ကောင်းမွန်စွာ မလုပ်နိုင်ချိန်မှာ PNO တပ်ဖွဲ့က ခေါင်းစဥ်အမျိုးမျိုးဖြင့် ငွေကြေးလာရောက်ကောက်ယူမှုအပေါ် အဆင်မပြေဖြစ်နေကြောင်း၊ အခက်အခဲများရှိနေကြောင်း ပုံးအင်း တောင်သူက ဆိုသည်။

ပုံးအင်းဒေသ

“ဆန်တွေ ဝယ်စားရတဲ့ သူတွေအတွက်တော့ အခက်ခဲရှိတာပေါ့။ အခုထည့်ဖို့ပြောလာတော့ ညည်းနေကြတယ်။ လယ်မလုပ်နိုင်တော့ တချို့က ထိုင်းရောက်နေတဲ့ သား၊ သမီးကိုပဲ အားကိုးရတယ်။ သား၊ သမီးတွေ ပို့လာပေးတဲ့ ပိုက်ဆံနဲ့ ဆန်တွေ ဝယ်စုထားရတယ်။ တချို့လည်း ဆန်ကို ဘူးနဲ့ ဝယ်ဝယ်စားနေတဲ့သူလည်း ရှိတယ်။ သူတို့လည်း မတတ်နိုင်ဘူး ထည့်ပေးရတာပဲ “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ရိက္ခာထောက်ပံ့ရေးအတွက် သြဂုတ် ၉ ရက်၌ နောက်ဆုံးထားပြီး ရွာအလိုက် ရွာသူကြီးများမှ တစ်ဆင့် ကျေးရွာအုပ်စုမှ ရွာသူကြီးထံသို့ ပို့ပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယခင်က ပုံးအင်းဒေသတွင် ရိက္ခာထောက်ပံ့ရေးအတွက် PNO တပ်ဖွဲ့ထံ ပေးဆောင်ရခြင်း မရှိသလောက် နည်းပါးခဲ့သော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှသာ ပြည်သူ့စစ် PNO သည် ရိက္ခာထောက်ပံ့ပေးဖို့ မကြာခဏ ညွှန်ကြားလာနေကြောင်း သိရသည်။

“ အရင်ကတော့ ဒီလိုထည့်ရတယ်ဆိုတာ မရှိဘူး။ အခုနောက်ပိုင်းမှ ဆန်ထည့်ဖို့၊ ပိုက်ဆံထည့်ဖို့ ပြောလာတာ။ အရင်နှစ် နဲ့ ဒီနှစ်နဲ့ဆို ၂ ကြိမ်ရှိပြီ သူတို့ကို ထည့်ပေးရတာ “ ဟု ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ မေလ ၂၃ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများကို PNO မှ အစည်းအဝေး ခေါ်ပြီး တစ်အိမ်ကို ကျပ်ငွေ ၃ သောင်း နှင့် ဆန်တစ်ပြည် ထည့်ပေးရန် နှင့် ကျေးရွာတစ်ခုလျှင် အမျိုးသား လူငယ် အယောက် ၂၀ ပေးရန် စေခိုင်းညွှန်ကြားမှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...