CATEGORY

သတင်း

လင်းခေး – ဟိုမိန်း ဆက်သွယ်မည့် တာဆွပ်တိန်း တံတား စတင်တည်ဆောက်နေ

သျှမ်းပြည် လင်းခေး ခရိုင် အတွင်းရှိ သံလွင်မြစ်ကူး တာဆွပ်တိန်း တံတား တည်ဆောက်မှုကို စတင်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကာလမှ စတင်ဆောက်လုပ်လာသည့် သံလွင်မြစ်ကူး တာဆွပ်တိန်းတံတားသည် လက်ရှိ အချိန်တွင် တိုင်လေးတိုင် ဆောက်လုပ်ပြီးစီးနေကြောင်း အဆိုပါ လမ်းကြောင်း တလျောက် သွားလာသည့် ဒေသခံ...

လဲချားမြို့နယ်ထဲမှ SSPP/SSA တပ်ဆုတ်ခွာရန် စစ်ကောင်စီ ညွှန်ကြား

သျှမ်းပြည် လဲချားမြို့နယ်အတွင်းမှာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တပ်စခန်း နေရာ ၁၀ နေရာကို ဆုတ်ခွာပေးရန် စစ်ကောင်စီက ညွှန်ကြား ပြောဆိုလာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် တစ်ကြိမ်၊ ၁၁ ရက်နေ့တွင် တစ်ကြိမ် SSPP...

ဒေသခံ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ဆိုင်းဘုတ်များ စစ်ကောင်စီက ဖျက်ဆီး

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ဒေသခံများမှ ကိုယ်ထူကိုယ်ထ လုပ်ထားသည့် တအာင်းစာပါ ရွာဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်ဆိုင်းဘုတ်များကို စစ်ကောင်စီက စစ်အင်အားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင် လားရှိုးမြို့နယ်ရှိ နောင်ယွမ်းကျေးရွာ ၊ ကောင်းခါးကျေးရွာ ၊ တောင့်တလောင် ကျေးရွာ နှင့် ဟိုပိတ်ကျေးရွာအုပ်စုရှိ...

ပုံးအင်းဒေသတွင် မျှော့အစို တစ်ပိဿ ကျပ် ၈ သောင်းပေးပြီး ဝယ်ယူနေ

သျှမ်းပြည် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ် (၃) မြို့နယ် ပါဝင်သည့် ပုံးအင်းဒေသတွင် နယ်လှည့်လည်ပြီး မျှော့ရှာဝယ်သူများက ဈေးကောင်းပေးပြီး ဝယ်ယူနေသဖြင့် တောင်သူများက လယ်၊ မြောင်းထဲရှိ မျှော့ကိုရှာကြပြီး ရောင်းနေကြောင်း စုံစမ်းသိရသည်။ ယခင်က မျှော့အစို တစ်ပိဿကို ကျပ် ၆ သောင်းအထိသာ...

ကျိုင်းတုံမှာ မူးယစ်ဆေးသုံးသည့် သားက မိခင်ကို သတ်သည့်အမှုဖြစ်

သျှမ်းပြည် ကျိုင်းတုံမြို့နယ် ပန်လီကျေးရွာအတွင်း နေထိုင်သည့် သားအမိနှစ်ဦးသည် စကားများရာမှ ကိုယ်ထိလက်ရောက် ဖြစ်ပွားကာ မိခင်ဖြစ်သူ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၂ ရက် ညပိုင်း အချိန်တွင် ကျိုင်းတုံမြို့နယ် ပန်လီကျေးရွာအတွင်း နေထိုင်သည့် သားအမိနှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ သားဖြစ်သူက အသက်...

တောင်ကြီးမြို့နယ် လယ်ယာမြေပေါ် ဆောက်ထားသည့်အိမ်များကို စစ်တပ်က ဖယ်ရှားခိုင်းနေ

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စုရှိ လယ်ယာမြေပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်များနှင့် မြေဝယ်ပြီး ခြံစည်းရိုးခတ်ထားသူများကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည်ဟုဆိုပြီး စစ်တပ်က ဖယ်ရှားခိုင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂ ရက် စစ်ကောင်စီလက်အောက်ခံ ဖာမွန်းကျေးရွာ လယ်မြေစီမံခွန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲ အဆောက်အဦး ဆောက်လုပ်ခြင်း...

ကွတ်ခိုင်မြို့နယ် KIA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ ရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲ

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ပန်းဆေးကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇွန် ၁၁ ရက် ညပိုင်း ၈ နာရီခွဲ ဝန်းကျင်အချိန်မှ စတင်ကာ...

ထိုင်းရောက် မြန်မာလုပ်သား အပါအဝင် မြေလိမ်လည်ရောင်းချခံရသူ ၅၀၀ ကျော် ထိုင်း ရဲစခန်းတွင် သွားရောက်ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အပါအဝင် လူအင်အား ၅၀၀ ကျော်က လယ်ယာမြေ လိမ်လည်ရောင်းဝယ်မှုကြောင့် နစ်နာ ဆုံးရှုံးရသည့်အပေါ် အမြန်ဆုံးစိစစ် ဖြေရှင်းပေးဖို့ ချင်းမိုင်မြို့ အမှတ် (၅) ရဲစခန်းမှာ ဆန္ဒပြတောင်းဆိုနေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂) ရက် ချင်းမိုင်ခရိုင် မြို့တွင်း၊ မြို့နယ်...

နမ္မတူမြို့နယ်အတွင်း စစ်ကောင်စီ ပညာရေးကျောင်းများ TNLA တပ်ဖွဲ့မှ ပိတ်ခိုင်း

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာ မူလတန်းကျောင်း နှင့် အလယ်တန်းကျောင်း တို့ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တပ်ဖွဲ့က ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက် မှ စတင်ကာ နမ္မတူမြို့နယ်...

NUG မှ လက်နက် လုံလောက်ထောက်ပံ့ပေးစေချင်

ဇွန်လ (၅) ရက်နေ့က စတင်ပြီးဖြစ်ပွားခဲ့တဲ့ မိုးဗြဲမြို့ပေါ်က စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ တိုက်ပွဲဟာ ယနေ့အထိ ဆက်လက် ပြင်းထန်နေပါတယ်။ အဆိုပါ တိုက်ပွဲဟာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေတဲ့အပြင် စစ်ကောင်စီကလည်း ဖယ်ခုံမြို့နယ် အင်းအနောက်ဘက်ကမ်း ခေါင်းအိကျေးရွာဘက်ကို စစ်မီးကူးသွားနေပါတယ်။ ဒါ့အပြင်...

Latest news