မူဆယ်မြို့နယ်တွင်း စစ်ရေးတင်းမာနေကြား TNLA မှ ဆက်ကြေးကောက်မပြတ်

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ တို့ စစ်ရေးတင်းမာနေကြား TNLA မှ ဆက်ကြေး (အခွန်) ကောက် မပြတ်ကြောင်း မူဆယ်မြို့နယ်ဒေသခံများ ပြောပြချက်အရ သိရသည်။

.

မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်ကြား ဆက်သွယ်ထားသည့် စယ်လန့်ကျေးရွာအုပ်စု၏ ဖိုင်ကျောင်းရပ်မှ ကားလမ်းမကြီးပေါ်တွင် TNLA မှ ဆက်ကြေးကောက်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခွန်ကောက်နေတဲ့ နေရာက တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ ၂ ဖာလုံလောက်ပဲ ကွာတာ၊ ဟိုဘက်က တိုက်ပွဲဖြစ်နေလည်း ဒီဘက်မှာက အခွန်ကောက် မပြတ်ဘူး၊ ဥပုသ်နေ့လည်း ကောက်တယ်၊ အိမ်စီးကား ဆိုရင်တော့ ၃ ထောင်ပေါ့၊ ကုန်တင်ကား နဲ့ လိုင်းကား အသေးဆိုရင် ၃ သိန်း ၊ ကားအကြီးဆိုရင် ၉ သိန်းတောင်းတာ” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ TNLA အခွန်ကောက်နေသည့် နေရာသည် မူဆယ် – မန္တလေး ဆက်သွယ်ထားသည့် ပြည်ထောင်စု ကားလမ်းမကြီးလည်း ဖြစ်နေသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်နေသည့် လွိုင်တေးမိန်းတောင်ခြေနှင့် ၂ ဖာလုံခန့် ကွာဝေးကြောင်းလည်း သိရသည်။

TNLA တပ်ဖွဲ့ တောင်းယူကောက်ခံနေသည့် အခွန်ပမာဏကို မပေးနိုင်သည့် ကားသမားများသည် စယ်လန့်ကျေးရွာအုပ်စု နောင်ဆိုင်ကျေးရွာတွင် ခေါ်ယူဖမ်းဆီးထားကြောင်းလည်း ကြုံတွေ့ရသူ ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ တောင်းတာ မပေးနိုင်တဲ့ သူတွေကို ကားနဲ့အတူ နောင်ဆိုင်ရွာမှာ ဖမ်းခေါ်ထားတယ်၊ မိသားစုဝင် ဒါမှမဟုတ် တစ်ယောက်ယောက်က ပိုက်ဆံယူလာပေးမှ ပြန်လွတ်ပေးတာ၊ သူတို့တောင်းတဲ့ အခွန်ကလည်း တစ်ခေါက်စာပဲ ဖြစ်တယ်၊ တစ်နှစ်လုံးစာ မဟုတ်ဘူး။ အဲ့ကြောင့် ကားသမားတွေက အရမ်း ခက်ခဲရတယ်၊ ကြောက်လည်း ကြောက်ရတယ်” ဟု ကြုံတွေ့ရသူ ကားသမား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ အနီး ဆက်ကြေးကောက်မပြတ်ရှိနေသည့် TNLA တပ်ဖွဲ့နှင့် ပတ်သက်ပြီး ဒေသခံများအနေဖြင့် စစ်ရေးစစ်ဒဏ် အပြင်၊ အခွန်ပေးဆောင်ဖို့ရန်အတွက်ပါ ပူပန်သောက ရောက်နေရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

အထက်ပါ အခွန်ဆက်ကြေးကောက်ယူခြင်း ကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် နှင့် ပြန်ကြားရေး တာဝန်ခံထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပေ။

၂၀၂၃ ခုနှစ် အတွင်းတွင် TNLA တပ်ဖွဲ့ အခွန်ကောက်ယူမှု ပိုမိုများပြားလာသည့်အပြင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ မိုင်းလားမြို့မှာ ကျင်းပခဲ့သည့် စစ်ကောင်စီ ငြိမ်းချမ်းရေး အဖွဲ့ နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ တွေ့ဆုံမှု အပြီးမှာလည်း စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...