မူဆယ်မြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအုပ်စုအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်းသိရသည်။

.

ယနေ့ သြဂုတ်လ ၃ ရက်နေ့သည် နမ့်အွမ်ဈေးနေ့ ဖြစ်သော်လည်း စစ်ရေးတင်းမာမှုများကြောင့် ဈေးမဖြစ်သည့် အပြင် ဆိုင်ခန်းများလည်း ပိတ်ထားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့က နမ့်အွမ်ဈေးနေ့ ဖြစ်ပေမယ့် ဈေးထဲ လူရှိတာ တစ်နာရီတောင် မပြည့်ဘူး။ တချို့ရွာကနေ ဈေးရောင်းဖို့ လာတဲ့သူတွေလည်း အမြန်သိမ်းပြီး အမြန်ပြန်တာ၊ မနေ့ကလည်း ရွာနားကို လက်နက်ကြီး ကျကွဲတယ်၊ ထိခိုက်မှု တော့ မရှိဘူး။ နမ့်အွမ်ရွာခံတွေ အပြင်မထွက်ဖို့ လယ်ယာတွေမသွားဖို့ TNLA က ညွှန်ကြားထားတယ်” ဟု နမ့်အွမ်ကျေးရွာအုပ်စု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (သြဂုတ် ၂ ) ရက်နေ့ မွန်းလွဲပိုင်း၌ နမ့်အွမ်ကျေးရွာအုပ်စု ၊ ကောင်းဝိန်းကျေးရွာ အတွင်းသို့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ကြောင်း အများအပြား ဝင်ရောက် လာသည့်အပြင် စစ်ကောင်စီမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“TNLA စစ်အင်အား အများအပြား ရွာထဲကို ဝင်ရောက်လာပြီး ရွာသားတွေကို စစ်ရှောင်သွားခိုင်းဖို့ ညွှန်ကြား ခဲ့တယ်။ စစ်ကောင်စီကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ မြေပြင်တိုက်ပွဲက မဖြစ်သေးပေမယ့် TNLA က ရွာထဲဝင်နေတာရယ်၊ စစ်ကောင်စီက လက်နက်ကြီး နဲ့ လှမ်းပစ်တာတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်မှာထင်တယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA စစ်ကြောင်း ကျေးရွာထဲ ဝင်ရောက်လာသည့်အတွက် ကောင်းဝိန်းကျေးရွာ ဒေသခံ ၁၀၀ ကျော် သည် လုံခြုံရေးအရ နမ့်အွမ်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း နှင့် မူဆယ်မြို့၊ နမ့်ခမ်းမြို့ပေါ်သို့ စစ်ရှောင် ထွက်ပြေး သွားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကမ္ပဌာန်းကျောင်းမှာ ရောက်ရှိနေသည့် စစ်ရှောင်များ

“နမ့်အွမ် ခရစ်ယာန်ဘုရားကျောင်းကို ရောက်လာတဲ့ စစ်ရှောင်က ၁၀၀ ကျော်ရှိတယ်၊ TNLA က ရွာထဲဝင် လာပြီး စစ်ရှောင်ခိုင်းလို့တဲ့၊ အခုတော့ ကချင်အသင်းတော်က စားဖို့သောက်ဖို့ ကူညီပေးထားတယ်၊ တခြား နေရာကို ရှောင်သွားတဲ့ ဦးရေတော့ မသိရသေးဘူး” ဟု ပြောသည်။

ထို့အပြင် မူဆယ်မြို့နယ် ၊ စယ်လန့်ကျေးရွာအုပ်စု အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲပြင်းထန်မှုကြောင့် စယ်လန့်အုပ်စုမှ၊ မန်ထမ်ကျေးရွာခံ ၅၀ ကျော်သည် ကမ္ပဌာန်း ကျောင်းတိုက်သို့ စစ်ရှောင်ထွက်ပြေးနေရသလို နမ့်ကတ်ကျေးရွာ၊ မိုက်ဆက်ကျေးရွာ၊ မန်ကန်ကျေးရွာတို့မှ ဒေသခံများလည်း မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့သို့ အသီးသီး စစ်ရှောင်သွားရကြောင်းလည်း သိရသည်။

မူဆယ်မြို့နယ်အတွင်း ဇူလိုင်လကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်တို့ အကြား တိုက်ပွဲပေါင်း ၅ ကြိမ်ထပ်မနည်း ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဘက် စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...