မူဆယ်မြို့ပေါ် လက်နက်ကြီးသံ ဆက်တိုက်ကြားနေရ

သျှမ်းပြည် မူဆယ်မြို့ပေါ်အတွင်း ယနေ့ (သြဂုတ် ၂) ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် လက်နက်ကြီး (၁၀) ကြိမ်ဆက်တိုက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

ယနေ့ (သြဂုတ် ၂) ရက်တွင် သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာရှိ လွိုင်တေးမိန်း တောင်ခြေတွင် စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ထိုတိုက်ပွဲဖြစ်ပွားသည့် နေရာသည် မူဆယ်မြို့ပေါ် နှင့် ၇ မိုင်သာ ကွာဝေးကြောင်း မူဆယ်မြို့ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီမနက်ပိုင်းမှာ မူဆယ်မြို့ပေါ်ထိ လက်နက်ကြီး ၁၆ ကြိမ်လောက် ကြားရတယ်။ သိရသလောက်ကတော့ မူဆယ်မြို့ ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က လွိုင်တေးမိန်းဘက်ကို လက်နက်ကြီးတွေ ပစ်ကူနေတာ။ မူဆယ်မြို့ထဲမှာ အသံက တော်တော်ကျယ်တယ် “ ဟု ၎င်း အမျိုးသား က ဆိုသည်။

ထို့အပြင် ယနေ့ (သြဂုတ်လ ၂ ) ရက် နံနက်ပိုင်းတွင်လည်း မူဆယ်မြို့နယ် တုန်ခန်ကျေးရွာအုပ်စုရှိ အထက်တုန်ခန် နှင့် အောက်တုန်ခန်ရွာအကြား ကျင်ဆန်းကျော့ အနီး နှစ်ဖက် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး လူနေကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

“ဘယ်အဖွဲ့နဲ့ အဖွဲ့ ပစ်နေကြတာလည်းတော့ မသိရဘူး၊ ဒါပေမဲ့ ပစ်ခတ်မှုကတော့ တော်တော် ကြမ်းတယ်၊ အောက်တုန်ခန် ထဲကိုလည်း လက်နက်ကြီး ကျကွဲတာ ရှိတယ်လို့ သိရတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျင်ဆန်းကျော့ဘက်မှ တိုက်ပွဲတွင် မည်သည့်လက်နက်ကိုင်များ ဖြစ်ကြောင်း နှင့် ထိခိုက်ပျက်စီးမှုများကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (သြဂုတ် ၁) ရက်တွင် TNLA စစ်ကြောင်း တစ်ခုသည် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုရှိ လွိုင်တေးမိန်းတောင်သို့ ရောက်ရှိလာပြီး တောင်ပေါ်ကျောင်းစောင့် ဘုန်းကြီးကျောင်းမှ ဦးဇင်း ကိုလည်း တောင်အောက် ဆင်းခိုင်းခဲ့ကြောင်း သိရသည်။

လွိုင်တေးမိန်း

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) TNLA တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်မှ စတင်ကာ မူဆယ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့ ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဒေသအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် အတွက် တအာင်း (ပလောင်) အမျိုးသား တပ်မတော် TNLA ၏ ပြန်ကြားရေး နှင့် ပြောရေး ဆိုခွင့် ရှိသူထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...