ကျပ်နှစ်သောင်းတန် ငွေစက္ကူ၊ ဒေါ်အောင်ဆန်းစုကြည် ကတ်နှင့် စစ်အုပ်စု၏ အလှုပ်အခတ်

နိဒါန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့၏ တွေ့ဆုံခြင်း ဆိုင်ရာ တဖက်သက်သတင်းစကားများမှ အစပြုကာ ၂၀၂၃ ခုနှစ် ဇူလိုင်လ၏ နောက်ဆုံးရက်သတ္တပတ် အတွင်း ကျပ်နှစ်သောင်းတန် ငွေစက္ကူများ ထုတ်ဖြန့်မည့်ကိစ္စ၊ တရားမဲ့ ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အား နေရာပြောင်းရွှေ့မည်ဆိုသည့် သတင်းနှင့် အာဏာသိမ်းစစ်အုပ်စုတွင်း ဆောက်တည်ရာမရ ဖြစ်နေသည့် အလှုပ်အခတ်များစွာကို ကြားသိမြင်တွေ့ခဲ့ရပါသည်။

BNI

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ကျပ်နှစ်သောင်းတန် ငွေစက္ကူများ ထုတ်ဖြန့်ရခြင်း၏ ဖြစ်တန်ရာများ၊ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ထုတ်သုံးလာသည့် စစ်အုပ်စု၏ လုပ်ရပ်နှင့် စစ်အုပ်စု၏ ဦးတည်ရာကို လေ့လာတင်ပြသွားပါမည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူ

နိုင်ငံတဝှမ်းလုံးရှိ ဘုရားကျောင်း၊ ဇရပ်နှင့် စာသင်ကျောင်းပါ မီးရှို့ဖျက်ဆီးနေသည့် အာဏာသိမ်းစစ်အုပ်စု သည် ၎င်းတို့ခြေကုတ်ယူရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တည်ဆောက် ကာ ဂုဏ်ယူဝံ့ကြွားနေပါသည်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူး

အလားတူ နိုင်ငံတဝှမ်း အရပ်သားပြည်သူပေါင်း ထောင်နှင့်ချီကာ သတ်ဖြတ်ပြီး သောင်းနှင့်ချီသည်အထိ အကျဉ်းထောင်၊ အချုပ်ထောင်များအတွင်း ဖမ်းဆီးထားသည့် အာဏာသိမ်းစစ်အုပ်စုသည် ဇူလိုင်လ ၂၃ ရက်နေ့၊ တစ်နှစ်ပြည့် ဆင်မွေးနေ့ကို တခုတ်တရ ထောပနာပြုလျက် ရှိသည်။

အဆိုပါအံ့ဖွယ်အကြောင်းအချက်နှစ်ရပ်ကို အကြောင်းပြုကာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ဆင်အရုပ်ပါ အစိမ်းနုရောင် “၂၀၀၀၀” ကျပ်တန် ငွေစက္ကူများ ထုတ်ဖြန့်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကြေညာခဲ့သည်။

စစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေပြမှုသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်တွင် တိုင်းပြည်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၆ ရာခိုင်နှုန်းနီးပါး ကျယ်ပြန့်လာမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ကာလတူထက် ၃ ဒသမ ၆ ရာခိုင်နှုန်း ပိုများလာမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အဖွဲ့က ၂၀၂၃ ခုနှစ် ဇွန်လအတွင်း တွေ့ရှိချက်များကို အစီရင်ခံထားပါသည်။

အဆိုပါ ခန့်မှန်းချက်များသည် မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခတိုက်ပွဲအခြေအနေများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပိုမိုကျဆင်းလာခြင်းနှင့် ငွေကြေးဖောင်း ပွဲမှုများ ဆက်လက်ဖြစ်တည်နေခြင်း စသည်တို့နှင့် ပတ်သတ်နေသည်ဟု အစီရင်ခံစာက ဆိုပါသည်။

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဖြန့်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း ငွေကြေးဖောင်းဖွမှု မဖြစ်နိုင် ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ငွေးကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ၎င်းတို့၏ ပြန်ကြားရေးဝန်ကြီးဌာနမှတဆင့် အကျယ်တဝံ့ ဝါဒဖြန့်လျက် ရှိပါသည်။

၎င်းတို့အနေဖြင့် “အဟောင်း ပေး၊ အသစ် ယူ” ပုံစံမျိုးဖြင့် အစားထိုးလဲလှယ်ထုတ်ဝေမည်ဟု ပြောဆို ထုတ်ပြန်နေသော်လည်း ထုတ်ဝေမည့် ပမာဏကို အတိအလင်း မကြေညာနိုင်ခြင်းကပင် “အကန့်အသတ်မရှိ” ထုတ်ဝေမည်ဆိုသည့် သဘောမျိုး သက်ရောက်နေပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ အာဏာသိမ်းစစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန် ငွေစက္ကူအား အသိအမှတ်မပြုကြောင်းနှင့် တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း ဇူလိုင်လ ၂၇ ရက်တွင် ကြေညာခဲ့ သည်။ တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ပြည်သူလူထု၏ လုပ်အားနှင့် စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် ကတ်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းတို့အား ဆန့်ကျင်နေကြသည့် နွေဦး တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုနှင့် အရှိန်အဟုန်ပြင်းပြင်း ရုန်းကန်တွန်းလှန်နေမှုအား ပြိုကွဲ ရပ်တန့်သွားစေရေးအတွက် အဓမ္မဖမ်းဆီးခံထားရသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ပုံရိပ်ကို အသုံးချရန် ကြိုးပမ်းနေပါသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ဟုဆိုကာ တဖက်သတ်သတင်းစကားများ ထုတ်ဖြန့်ပြီး နွေဦးတော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်စစ်၏ ပင်မအခက်အလက်များဖြစ်သော မြို့ပြဒေသ အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF) များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့အား ဒေါ်အောင်ဆန်း စုကြည်မှ အသိအမှတ်မပြုကြောင်း မဟုတ်မဟက်ဝါဒဖြန့်ခဲ့သည်။

“တွေ့ဆုံဆွေးနွေးအဖြေရှာရေး” တွင် အမြဲတမ်းရပ်တည်လေ့ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်နှင့် ဦးတည်ချက်သည် ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုမှ ထွက်ပေါက်ရှာနေခြင်း ဖြစ်ကြောင်း တွက်ဆနိုင်ပါသည်။

အာဏာသိမ်းစစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်နေသော နိုင်ငံရေးပရောဟိတ်များ၊ နိုင်ငံရေးသမားများ ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို တခုတ်တရပြောဆိုကာ လက်ရှိကြုံတွေ့နေရသည့် မြန်မာ့အကျပ်အတည်းသည်ပင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်းမှ ရနိုင်မည့် နှက်ကြောင်းပေးမှုများကို သတင်းဌာနများကတဆင့် ပြောဆိုသုံးသပ်နေကြပါသည်။

အဓမ္မဖမ်းဆီးထောင်ချခြင်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ ဒုဝန်ကြီးအဆင့် နေထိုင်ရာ အဆောက်အအုံသို့ပင် ပြောင်းရွှေ့ထားခြင်း၊ နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့ရန် စီစဉ်နေခြင်း စသည်တို့ကို စစ်အုပ်စုမှ ဆောင်ရွက်နေသကဲ့သို့ သတင်းဖော်ပြချက်များကို အမည်မဖော်လိုသော သတင်းအရင်းမြစ်များအား ကိုးကားကာ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း တွေ့ရှိနေရပါသည်။

စစ်အုပ်စု၏ အလှုပ်အခတ်

စစ်အာဏာသိမ်းမှု ဆန့်ကျင်သော အကြမ်းမဖက်ဆန္ဒဖော်ထုတ်လှုပ်ရှားမှုမှသည် စစ်အာဏာရှင်စနစ် မှန်သမျှ အမြစ်ပြုတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအထိ မျှော်ရည်လိုလားချက် များ ခိုင်မာအားကောင်းလာခဲ့သည့် မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်အာဏာသိမ်းရန် ကြိုးပမ်းနေသော စစ်အုပ်စုအတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာရေးရာ စသည့် ဘက်ပေါင်းစုံမှ ထိုးနှက် ဖိအားပေးလာနိုင်ခြင်းသည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ စစ်အုပ်စုအတွင်း အလှုပ်အခတ်များ၊ ဂနာမငြိမ်မှုများကို မကြာခဏမြင်တွေ့လာရပါသည်။


နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ၊ ပို့ကုန်-သွင်းကုန်များမှ တဆင့် အာဏာသိမ်းစစ်အုပ်စုထံ စီးဝင်နေသော ငွေကြေးလမ်းကြောင်းအား ထိထိရောက်ရောက် ဖြတ်တောက်နိုင်ခြင်း မရှိသေးသည့်တိုင် မြန်မာပြည်သူလူထု၏ နွေဦးတော်လှန်ရေးအား ထောက်ခံအားပေးသော အနောက်နိုင်ငံများ၏ ပစ်မှတ်ထား ပိတ်ဆို့အရေးယူရေး လုပ်ဆောင်ချက်များသည် စစ်အုပ်စုအတွက် သက်ရောက်မှုကြီးမားစေပါသည်။

လက်နက်ကိုင်ခုခံတော်လှန်ရေး အင်အားစုများ၏ နိုင်ငံတဝှမ်း စစ်မျက်နှာဖြန့်ကျက်ကာ စစ်ရေးအရ ဖိအားပေး ခံနေရခြင်းသည်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်အသုံးစရိတ်ကို အကန့်သတ်မရှိ ပြုန်းတီးစေခဲ့ပါသည်။ ထို့ကြောင့် ငွေထုတ်စက်ကို ထိန်းချုပ်ထားနိုင်သော စစ်အုပ်စု၏ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေရန် ကြိုးပမ်းခြင်းသည် ၎င်းတို့၏ ငွေစက္ကူ ပြတ်လပ်လာမှုကို ဖာထေးရန် ကြိုးပမ်းခြင်းသာ ဖြစ်နိုင်ကြောင်း ကောက်ချက်ချနိုင်ပါသည်။

အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာသိမ်းစစ်အုပ်စုအတွက် ထုတ်ဖော်အသုံးပြုရမည့် လျို့ဝှက်ကတ်တစ်ခု ဖြစ်နေပါသည်။ အကျိုးစီးပွားအပေါ် အခြေပြုကာ ရပ်တည်မှုနှင့် ဦးတည်ချက် ကွဲပြားနေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များအား ဒေါ်‌အောင်ဆန်းစုကြည်ကို အသုံးချကာ သပ်လျိုသွေးခွဲနိုင်သကဲ့သို့ နွေဦးတော်လှန်ရေး အင်အားစုများ အကြား စုစည်းညီညွတ်မှုကိုလည်း ဒေါ်အောင်ဆန်းကြည်၏ သတင်းစကားဖြင့် ပြိုကွဲသွားနိုင်သည်ဟု ရှုမြင်ထားပုံရပါသည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်သည် တတိယအကြိမ်မြောက် အ‌ရေးပေါ်ကာလ (၆) လ၏ နောက်ဆုံးနေ့ ဖြစ်သည်။ စစ်အာဏာသိမ်းမှု စတင်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး တစ်နှစ်တာ အရေးပေါ်ကာလ တစ်ကြိမ်နှင့် (၆) လတာ သက်တမ်းတိုးမှု နှစ်ကြိမ်သာ ၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားသော်လည်း “ပုံမှန်အခြေအနေမဟုတ်” ဟု ဆိုကာ တတိယအကြိမ် ၆ လတာ သက်တမ်းတိုးမှုကို စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေက ခွင့်ပြုပေးခဲ့သည်။

သို့သော် လပေါင်း (၃၀) အထိ ကြာမြင့်လာသော ၎င်းတို့၏စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကာလအတွင်း ပဋိပက္ခတိုက်ပွဲများ ပိုမိုအပြန့်ကျယ် ပြင်းထန်လာသကဲ့သို့ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် အရပ်သားပြည်သူပေါင်း နှစ်သန်းနီးပါး ရှိလာခဲ့ပြီ ဖြစ်သည်။

စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် အရပ်သားပြည်သူပိုင် နေအိမ်အဆောက်အအုံပေါင်း ခုနှစ်သောင်းကျော်အထိ ရှိလာခဲ့သည်။ ယခုအခါ အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား အကျဉ်းထောင်ပြင်ပသို့ ခေါ်ထုတ်ကာ သတ်ဖြတ်မှုများကိုပါ စစ်အုပ်စုက တရားဥပဒေမဲ့ ပြုလုပ်လာနေသည်ကို တွေ့ရသည်။

ဆိုရသော် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ပြန့်မှုနှင့် ဒေါ်‌အောင်ဆန်းစုကြည်၏ ပုံရိပ် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် ကတ်ကို ထုတ်သုံးလာခြင်းသည် ပျက်သုဉ်းချို့တဲ့လာသော ၎င်းတို့၏ ဘဏ္ဍရေးအား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းခြင်းသာ ဖြစ်သကဲ့သို့ ဘက်ပေါင်းစုံမှ ဖိအားပေးလျက်ရှိသော နွေဦးတော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှုကို ပြိုကွဲစေနိုင်ရေးအတွက် သွေးတိုးစမ်းမှုတစ်ခုသာ ဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။

အဓမ္မလုယူထားသည့် တိုင်းပြည်၏ အုပ်ချုပ်မှုအာဏာကို လက်လွတ်ဆုံးရှုံးမခံနိုင်သော အာဏာသိမ်း စစ်အုပ်စု ဦးတည်ရာသည် မြန်မာပြည်သူလူထု၏ လက်ထဲမှ ငွေစက္ကူများအား တန်ဖိုးလျော့ကျ သွားစေမည့် အရေးထက် ၎င်းတို့၏ စစ်အသုံးစရိတ် ဖာထေးနိုင်ရေးသည်သာ ဦးစားပေးဖြစ်နေသည်ဟု ရှုမြင်ရသကဲ့သို့ ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကိုလည်း သက်တမ်းတိုးကာ ဆွဲဆန့်နေဦးမည် ဖြစ်ကြောင်း ဆင်ခြင်မိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...